Subscribe Us

header ads

Cooler Master Master Liquid ML240R RGB AIO Cooler Review


ဒီတစ်ခါပြောပြပေးချင်တဲ့ 240mm AIO Liquid Cooler တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီCooler လေးကတော့ Cooler Master ရဲ့ Master Liquid ML240R RGB ဖြစ်ပါတယ်။AIO Liquid Cooler တွေဟာ ပုံမှန် Air Cooler တွေထက် အသံဆူညံမှုပိုနည်းပြီး ပိိုမိုကောင်းမွန်တဲ့ အအေးခံစနစ်တွေရှိတာမို့ အပူစွန့်ထုတ်မှုများပြားတဲ့ CPU တွေကို အသုံးပြုလေ့ရှိတဲ့ User တွေအတွက်  နောက်ပိုင်းမှာAIO Cooler တွေက ရွေးချယ်စရာဖြစ်လာပါတယ်။

Introduction

အခုနောက်ပိုင်းနှစ်တွေမှာ ကျနော်တို့အသုံးပြူတဲ့ PC စပ်ဆက်ပစ္စည်းတွေမှာ RGB LED Lighting လို့ခေါ်တဲ့ ရောင်စုံမီးလင်းတဲ့ Feature ဖြစ်တဲ့ RGB Lighting ပါဝင်လာပါတယ်။ ဒီ AIO Cooler မှာလဲ RGB LED တွေထည့်သွင်းပေးထားပါတယ်။ ထည့်သွင်းပေးထားတဲ့ RGB က ကျနော်တို့ပုံမှန်သုံးနေကြ LED မီးလေးတွေအားလုံး တစ်ရောင်တည်းတူတူလင်းနေတာမျိုးမဟုတ်ပဲ ပိုမိုအဆင့်မြင့်တဲ့ LED တစ်လုံးစီကသီးသန့်အရောင်ပြောင်းပေးနိုင်တဲ့ Digital RGB သို့ Addressable RGB တွေဖြစ်ပါတယ်။ 

Cooler Masterဟာ ဒီ RGB LED တွေကို AIO ရဲ့  Pump နဲ့ Cooling Fan တွေမှာထည့်သွင်းတည်ဆောက်ထားပါတယ်။ Addressable RGB ဖြစ်သွားတဲ့အတွက် LED တစ်လုံးခြင်းကိုထိန်းချုပ်နိုင်ဖို့ Controller တစ်ခု ထပ်မံလိုအပ်လာပြန်ပါတယ်။ စိတ်မပူပါနဲ့ ဒီအတွက် Cooler Masterဟာ မိမိတပ်ဆင်မဲ့ casing မှာ အသာလေးကပ်ထားလို့ရမဲ့ controller ပါတစ်ပါတည်းထည့်သွင်းပေးထားပါသေးတယ်။

Compatiblilty 

 

CPU Socket တွေအနေနဲ့ 

Intelတွေအတွက် LGA 2066/2011-v3/2011/1151/1150/1155 /1156/1366/775 socket တွေမှာအသုံးပြုနိုင်ပြီး

AMDတွေအတွက်ကတော့ AM4/AM3+/AM3/AM2+/FM2+/FM2 /FM1 socket တွေမှာသုံးနိုင်ပါတယ်။

Design 

ML240R RGBကရိုးရှင်းပြီးလှပတယ်လို့ဆိုနိုင်ပါတယ်။ AIO ကိုတည်ဆောက်ထားပုံက သပ်သပ်ရပ်ရပ်ရှိပြီး CPU နဲ့ထိတွေ့မဲ့ contact plate ကိုတော့ အပူစီးကူးမှုကောင်းဖို့ Brushed Copper နဲ့ ပြုလုပ်ထားပြီး Radiator ကတော့ Aluminum နဲ့လုပ်ထားပါတယ်။ 

Radiator အထူက 27mm မို့အထူကြီးတော့မဟုတ်ပါဘူး။ Pump က ထပ်ပိုင်းမှာ ARGB LED ၁၂လုံးပါဝင်ပြီး Dual Chamber ဖြစ်ကာ Radiator နဲ့ဆက်သွယ်ပေးတဲ့ပိုက်တွေကိုတော့အပြင်ဘက်က sleeved tubing နဲ့ထပ်အုပ်ထားပါတယ်။

Accessories 

သူ့မှာပါလာတဲ့ thermal paste၊ cable၊ radiator မှာတပ်ဆင်ပေးရမဲ့ MF120R ARGB fan၂ခု အပြင် RGB Controllerနဲ့ CPU တွေအတွက်bracket တွေ စသည်ဖြင့် တစ်ပါတည်းပြည့်ပြည့်စုံစုံထည့်ပေးထားပါတယ်။ 

Fan

AIO ရဲ့ radiator ကိုအအေးခံဖို့ Cooler Master က 66.7 CFMရှိတဲ့ MF120R ARGB Air Balance fan 2လုံးထားပါတယ်။ 

Addressable RGB Controller

ML240R RGB AIO မှာ တစ်ပါတည်းပါရှိလာတဲ့ controller ဟာ ပုံမှန် RGB ရော Addressable RGB ရော ၂ခုစလုံးကိုကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ထပ်ပြီးသဘောကျစရာကောင်းတာတစ်ခုက controller ဟာ magnetic ဖြစ်တဲ့အတွက် double tape ဘာညာမလိုပဲ casing မှာ အသာလေးကပ်ထားလိုက်ရုံပါပဲ။ 

Controller မှာ lighting effect တွေကိုပြောင်းနဲ့တဲ့ခလုပ်လေးတွေအပြင် မိမိစိတ်ကြိုက် RGB တွေချိတ်ဆက်နိုင်ဖို့ ရိုးရိုးRGB header ၄ခု နဲ့ ARGB header ၄ခု အပြင် mobo နဲ့ချိတ်ဆက်ပေးရမယ့် RGB header နဲ့ ARGB header တစ်ခုစီပါဝင်ပါတယ်။

RGB Software

Controller ကနေLED effect ကို Controller ပေါ်ကနေတိုက်ရိုက် (သို့) PC ပေါ်ကနေsoftware နဲ့ထိမ်းချုပ်နိုင်ပြီး PCကနေထိမ်းကြောင်းနိုင်ဖို့ က usb ကြိုးနဲ့ motherboard နဲ့ချိတ်ထားဖို့လိုမှာဖြစ်ပြီးလိုအပ်တဲ့ cable တွေတစ်ခါတည်းထည့်ထားပေးပါတယ်။ LED effect ကို နဂိုပါဝင်တဲ့effect အပြင် software ထဲမှာ စိတ်ကြိုက်ဖန်တီးခွင့်လဲပေးထားပါသေးတယ်။ 

ဒီထဲမှာ တစ်ခုသဘောမကျတဲ့အချက်က Controller အတွက် User Manual လမ်းညွှန်စာအုပ်ရယ် Cooler Master ရဲ့ software ဖြစ်တဲ့ ARGB Lighting Control Softwareကို ဘူးခွံမှာတစ်ပါတည်းထည့်သွင်းပေးထားခြင်းမရှိသလို ဘယ်software ကိုအသုံးပြုရမယ်ဆိုတဲ့လမ်းညွှန်ချက် (သို့) ဘယ်မှာ download ဆွဲရမလဲဆိုတဲ့ link စတဲ့စာသားတွေတစ်လုံးမှမတွေ့ရပါဘူး ကိုယ့်ဘာသာပဲ Cooler Master Website မှာသွားရှာရပါတယ်။ LED တွေကိုတော့ Cooler Master ရဲ့  ARGB Lighting software အပြင် Asus ရဲ့ AURA Sync၊  MSI ရဲ့ Mystic Light Sync နဲ့ Asrock ရဲ့ Polychrome Sync တို့နဲ့ပါတွဲဖက်အသုံးပြုနိုင်ပါတယ်။

Installation 

တပ်ဆင်ရတဲ့အပိုင်းက အခက်အခဲမရှိပါဘူး သူ့မှာပါတဲ့ manual မှာလဲ ရှင်းရှင်းလင်းလင်းရေးထားပါတယ်။ Cooler ကနေလူကိုထိနိုင်ရှနိုင်တဲ့ အစအနလေးထွက်နေတာမျိုးတွေလဲမရှိပါဘူး။ 


Radiator ကိုတပ်ဆင်တဲ့အချိန်မှာ ကျနော်ကတော့ GPUကလာတဲ့heat တွေ တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင်လို့ Casing ရဲ့အပေါ်ဘက်top position အစား အရှေ့ဘက် front position မှာပဲတပ်ဆင်လိုက်ပါတယ် ဒါဟာ cooling performance ကိုလဲပိုတက်လာစေပါတယ်။ သို့ပေမဲ့ သူ့မှာ အသုံးပြုမဲ့ cable တွေနဲ့ RGB controller တွေကြောင့် Casing အနောက်မှာကြိုးတွေတော့ နည်းနည်းပိုရှုပ်စေနိုင်ပါတယ်။ 


Test PC specification

CPU: AMD Ryzen 7 1700X @3.4GHz (Stock) & @3.9 GHz (Overclock)

Motherboard: Asus Prime X370 Pro

Memory: 2x8GB Gskill Trident Z RGB @3000MHz

PSU: Corsair TX750M 

Casing: Phanteks Enthoo Evolv ATX TG

Test Results

ML240R RGB ကို ကျနော့်ရဲ့ AMD Ryzen 7 1700X CPU ကို 3.9GHz အထိ overclock လုပ်ပြီး CPUz နဲ့ Stress test ၁၅မိနစ်လောက်လုပ်ပြီး စမ်းသပ်ပါမယ်။ Fan Speed ကိုတော့ Standard Speed နဲ့ Full Speed ၂မျိုးစမ်းသပ်ကြည့်မှာပါ-

Ambient Temperature at 26°C

CPU Clock Speed 3.9Ghz

No load 40°C(standard) & 36°C(full)

Full Load 70°C(standard) & 65°C(full)

စတဲ့Result ရပါတယ်။

Conclusion 

အချုပ်ဆိုရရင် သင့်အနေနဲ့  Water Cool AIO  တစ်ခုဝယ်ယူအသုံးပြုချင်နေတယ်။ ဈေးအရမ်းကြီးတာမကြိုက်ဘူး ဒါတင်မက RGB LEDတွေနဲ့ လှလှပပအသုံးပြုလိုတယ်ဆိုရင်တော့ Cooler Master ရဲ့ ML240R RGB ဟာသင့်အတွက်အသင့်တော်ဆုံးပါပဲ။ 

$120 ဆိုတာ 240mm AIO တွေထဲမှာ ဈေးအသက်သာဆုံးတွေထဲမပါပေမယ့် သူ့ရဲ့စုံလင်တဲ့ feature တွေကြောင့် အသုံးပြုသင့်တဲ့ AIO Liquid Cooler ကောင်းတစ်ခုလို့ပဲကျနော်ယူဆပါတယ်။ ကဲဒီတော့ ဒီ Cooler Master ML240R RGB ကိုသုံးသင့်မသုံးသင့်ကို Yes လား No လားပြောရမလဲဆိုရင်ဖြင့် ကျနော်ကတော့ Yes ပါခင်ဗျာ..... 


Ae Mon Min Han


#EnThueTech

#Review #CoolerMaster

#AIO #ML240RRGB

Post a Comment

0 Comments