Subscribe Us

header ads

Asus ROG Pugio


Republic of Gamers(ROG) ဆိုတဲ့နာမည်ဟာhardcore gamerတွေအတွက် Asus ရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ ROG ကို သူရဲ့ခန့်ညားလှပတဲ့ဒီဇိုင်း ကောင်းမွန်တဲ့အရည်အသွေးတွေကြောင့် ကမ္ဘာတစ်ဝှမ်းလူသိများလှပါတယ်။ Premium ပစ္စည်းတွေမို့ဈေးလဲကြီးပါတယ်။ ROGအမှတ်တံဆိပ်ပစ္စည်းတွေကို အသုံးပြုချင်ကြတာ ကျနော်တို့လို ဂိမ်းကစားတဲ့သူတွေရဲ့ အိမ်မက်တွေထဲကတစ်ခုဖြစ်ပါတယ်။ 

Introduction 

အခု ကျနော် ROG ရဲ့ gaming accessories တွေထဲက တစ်ခုဖြစ်တဲ့ ROG Pugio နဲ့မိတ်ဆက်ပေးချင်ပါတယ်။ Pugio ဆိုတဲ့ အဓိပ္ပာယ်ဟာ လွန်ခဲ့ဲ့နှစ်ပေါင်း၂၀၀၀လောက်က ရောမအင်ပါယာခေတ်မှာ ရောမစစ်သားတွေအရန်လက်နက်ငယ်အဖြစ်ဆောင်ထားလေ့ရှိတဲ့ ဓားမြှောင်ကိုခေါ်တာပါ အင်တာနက်မှာဖတ်ကြည့်တဲ့အခါ ရောမဧကရာဇ် Julius Caesar လုပ်ကြံခဲ့ရာမှာ Pugio ဓားမှောင်ကိုအသုံးပြုခဲ့တယ်လို့ဆိုပါတယ်

Unboxing 



ROG Pugio ရဲ့ထုပ်ပိုးမှုကသပ်ရပ်တယ်လို့ဆိုနိုင်ပါတယ်။ အထဲမှာ Contents၊ လှပတဲ့ ROG logo လေးရယ်၊ ROG အိပ်လေးနဲ့ ROG accessary caseဗူးရယ်ပါပါတယ်။ 

ROG accessary case ဗူးထဲမှာမှ တစ်ဖန် Japanese-made Omron switchesအပို၂ခု , side buttonတွေအတွက် covers၂ခု ထည့်ထားပါတယ်။

Specifications 

Connectivity Technology: Wired 
OS Support: Windows® ® 10, Windows® 8.1, Windows® 7 
Dimensions: L120 x W68 x H37mm
Weight: 103 g without cable
Resolution: 100~7200dpi
Interface: USB Mouse
Compatible switch list for ROG switch socket: Omron D2F Series switches: D2F, D2F-F, D2F-01, D2F-01F. Omron D2FC Series switches: D2FC-3M, D2FC-F-7N, D2FC-F-7N(10M), D2FC-F-7N(20M), D2FC-F-K (50M)
Tracking: Optical

Design and Build Quality 

ROG Pugioရဲ့ ဒီဇိုင်းဟာambidextrousလို့ခေါ်တဲ့ ဘယ်ဘက်ရောညာဘက်မှာပါအဆင်ပြေပြေသုံးနိုင်တဲ့ပုံစံဖြစ်ပါတယ်။ ကျနော်သုံးနေတဲ့ Logitech G502ဆို ညာဘက်မှာပဲထားသုံးလို့အဆင်ပြေပါတယ်။ROG Pugioရဲ့ ဒီဇိုင်းဟာရိုးရှင်းသလောက် သိပ်ကိုလှပတဲ့mouseဖြစ်ပြီး ကျနော်တွေ့ဖူးသမျှmouse တွေအထဲမှာအလှပဆုံးထဲကတစ်ခုပါပဲ။ Mouseမှာသုံးထားတဲ့sensorကို Asus ကအတိကျပြောမထားပဲ 7200dpi ရှိတဲ့ optical sensor လို့သာသိရပါတယ်။ ယခုခေတ်ပေါ် RGB LED ကြိုက်သူတွေအတွက် mouse ရဲ့ Logo၊ Scroll Wheelနဲ့ Base တို့မှာစိတ်ကြိုက်တစ်နေရာစီ RGB မီးတွေပါတယ် မိမိစိတ်ကြိုက်lighting effect တွေထားနိုင်ပါတယ်။ အထူးသဖြင့် mouse ရဲ့ base မှာရှိတဲ့ RGB မီးရောင်ဟာ သိပ်ကိုလှပတဲ့အပြင် ကျနော့်အဖြူရောင်စားပွဲပေါ်အသုံးပြုတဲ့အခါ မိမိရဲ့လက်ဖမိုးအောက်မှာ အလင်းတွေဖြာထွက်နေတာဆိုရင်ဖြင့် ဝင်ရိုးစွန်းကောင်းကင်ယံက Auroraအလင်းရောင်တွေတောက်ပနေသလိုမျိုး သိပ်ကိုကြည့်လို့ကောင်းပါတယ်။ 

mouse ရဲ့ ဘယ်ဘက်ရောညာဘက်မှာပါ side button ၂ခုစီပါဝင်ပြီး အလွယ်တစ်ကူဖြုတ်တပ်နိုင်တဲ့ magnetic side button လေးတွေဖြစ်ပါတယ်။

 side button မသုံးချင်ရင် accessories caseထဲမှာပါတဲ့ side button coverတွေနဲ့ လဲလှယ်တပ်ဆင်ထားနိုင်ပါတယ်။ 

Wire mouse ဖြစ်တာမို့ usb နဲ့ တွဲသုံးရမှာဖြစ်ပြီး usb ခေါင်းမှာလျှပ်ကူးမှုကောင်းစေဖို့ gold platedလုပ်ထားတယ် ရွှေရည်စိမ်ထားတယ်ပေါ့ဗျာ။ Gaming Mouse ဖြစ်တာမို့ ကြိုးကို ခိုင်ခံ့တဲ့ braided cable သုံးပေးထားတယ် သို့ပေမဲ့ကြိုးက ပျော့ပြောင်းပြီးထူမနေတာအတော်ကောင်းတဲ့အချက်ပါ။

Lighting and software 

Pugio မှာ RGB မီးလင်းတဲ့နေရာ၃နေရာရှိပါတယ်။ mouse ရဲ့ Logo၊ Scroll Wheelနဲ့ Base တို့ဖြစ်ပြီး တစ်နေရာချင်းဆီကို lighting effect တစ်မျိုးစီပေးထားလို့ရပါတယ်။ 

RGB မီးရောင်ကို ROG Armory IIဆိုတဲ့ software နဲ့ထိမ်းချုပ်နိုင်သလို Asus ရဲ့ RGB software ဖြစ်တဲ့ AURAနဲ့လဲထိမ်းချုပ်လို့ရပါတယ်။ သို့ပေမဲ့ပြောစရာကရှိလာတာက ROG Armory II နဲ့ AURA က RGB effectတွေကိုတွဲဖက်သုံးလို့မရပဲ AURA နဲ့သာထိန်းချုပ်မယ်ဆိုရင် မီးလင်းတဲ့ ၃နေရာလုံးကို lighting effect တစ်မျိုးစီပေးထားလို့မရပါဘူး တစ်မျိုးသာရမှာဖြစ်ပါတယ်။ 

AURA

Asus ရဲ့ RGB software ဖြစ်တဲ့ AURA ချည်းသီးသန့်သုံးမယ်ဆိုရင် မိမိမှာ AURA compatible ဖြစ်တဲ့ motherboard ram gpu casing နဲ့ အခြားaccessories တွေနဲ့ effect တွေကို sync လုပ်ပြီးတွဲဖက်သုံးလို့ရမှာပါ။ AURA Lightingမှာ effect ၁၂မျိုးလောက်ပါပါတယ်။

ROG Armory II

ROG Armory II နဲ့တစ်မျိုးတည်းသာ RGB မီးတွေကိုထိန်းချုပ်မယ် ဆိုရင်တော့ Logo၊ Scroll Wheelနဲ့ Baseသုံးခုလုံးကို တစ်ခုခြင်းစီဖြစ်စေ ၃နေရာလုံးကို အတူတူဖြစ်စေ မိမိစိတ်ကြိုက်lighting effectတစ်မျိုးစီထားလို့ရမှာဖြစ်ပါတယ်။ Lighting Effect တွေအနေနဲ့ Static Breathing Color Cycle Reactive Wave Comet ဆိုပြီး ၆မျိုးထည့်သွင်းပေးထားပါတယ်။

ROG Armory II ဟာ Pugio သာမက  အခြား ROG accessoriesတွေမှာအသုံးပြုနိုင်ပါတယ်။ သင့်အနေနဲ့ AURA sync compatible မဖြစ်တဲ့ အခြားbrandတွေသုံးထားမယ်ဆိုရင်တော့ ပြဿနာမရှိပေမဲ့ Asus brand တွေသုံးတဲ့သူဖြစ်ပြီး AURA lighting သုံးတဲ့ အခြားပစ္စည်းတွေရှိနေရင်တော့ AURA software မှာ Pugio ရဲ့ RGB ကိုပိတ်ထားပေးဖို့လိုပါတယ် မဟုတ်ရင် ROG Armory IIကအလုပ်မလုပ်ပဲ AURA ကိုအတင်းပိတ်ခိုင်းနေပါလိမ့်မယ်။ ROG Armory II ရဲ့ Interface ကလွယ်ကူရိုးရှင်းပါတယ်။ 

သူ့မှာ RGB မီးရောင်တွေသာမက button assign လုပ်တာတွေရယ် gaming profile 3ခုထဲမှာ ကိုယ်လိုချင်တဲ့ settingတွေကို profile တစ်ခုခြင်းစီမှာ စိတ်ကြိုက်မှတ်သားထားတာရယ်၊ calibrationလုပ်တာတွေလုပ်နိုင်ပါတယ်။ 

သို့ပေမဲ့ G502 လိုတော့ mouse ပေါ်ကနေ တိုက်ရိုက်profile ချိန်းဖို့ ခလုပ်သီးသန့်ပါတာမတွေ့ရပဲ DPI ခလုပ်နဲ့ အခြားbuttonတွေကို တွဲဖက်နှိပ်ချိန်းရမှာပါ။ 

MMO ဂိမ်းတွေအတွက် macro recording function လဲပါပါတယ်။ mouse ပေါ်က dpi switch က dpi mode ၂မျိုးထားလို့ရပြီး DPI LEDမီးအဖြူလင်းလာတဲ့ mode တစ်ခုရယ် LED ဘာမှမလင်းတဲ့ modeရယ်ပါ။ dpi modeမှာ တစ်ခုကမြန်မြန် တစ်ခုကနှေးနှေး စသည်ဖြင့် စိတ်ကြိုက်ထားနိုင်မှာပါ။ 

Experience 

Pugio ကအရွယ်သေးတယ် အလေးချိန်က103kgပဲရှိတယ် ဒီတော့ကျနော့်လိုလက်ချောင်းတွေသေးတဲ့သူအတွက်ကအတော်လေးအဆင်ပြေတယ်။ ကျနော်သုံးနေတဲ့ Logitech G502 mouse 121kgအလေးချိန်ရှိတယ် သူ့ထက် Pugioက ကိုင်တွယ်ရတာအများကြီးပိုအဆင်ပြေတယ်ပိုလဲပေါ့ပါတယ်။ ပြဿနာက ကျနော့်လက်က G502 သုံးနေကြမို့ လက်ချောင်းတွေက အရွယ်ကြှးီပြီး ခပ်လေးလေးmouse ကိုသုံးနေတာကြာနေတဲ့အတွက် လက်ချောင်းကြွက်သားတွေက muscle memory(လက်ချောင်းကြွက်သားတွေက G502နဲ့အကျင့်ဖြစ်နေခြင်း)ဖြစ်နေပါတယ်။ အဲတော့ စစခြင်း ဒီmouseကို သုံးပြီးကျနော်ဆော့နေကြ Battlefield 1 ဂိမ်းကိုဆော့တဲ့အချိန်မှာ ရုတ်တရက်သုံးရတာ အဆင်မပြေဖြစ်နေပါတယ်။ သို့ပေမဲ့ရက်အနည်းငယ်တွင်းပြန်အသားကျသွားပါတယ်။ dpi 7200 ပါတဲ့Pugioဟာ 12000 dpiပါတဲ့ G502 လောက် dpi မများပေမဲ့ လိုတာထက်ကိုပိုနေပါပြီ (ဥပမာcamera တွေမှာ megapixel များတိုင်းကင်မရာပိုကောင်းတယ်ပြောလို့မရသလိုပါပဲ DPI များတိုင်း mouse ကပိုမကောင်းနိုင်ပါဘူး)။ mouse ရဲ့ sensor ကG502 လိုပါပဲ ရွေ့ရပြုရတာ တိတိကျကျရှိပါတယ် တုန့်ဆိုင်းမနေပဲ ရုတ်တရက်လှည့်ပြီးဂိမ်းထဲက ရန်သူတွေကိုကောင်းကောင်းချေမှုန်းနိုင်ပါတယ်။

The Good 

  • ဘယ်ဘက်ရော ညာဘက်မှာပါသုံးလို့ရတယ်(ဘယ်သန်တွေပျော်နိုင်ပါပြီ)
  • အလေးချိန်က သင့်တင့်တဲ့အနေအထားရှိတယ်။ 
  • အရွယ်သေးလို့လက်ချောင်းသေးသူတွေအတွက်အဆင်ပြေတယ်။
  • sensorက အတော်လေးကောင်းတယိ
  • သိပ်ကိုလှပတဲ့ RGB မီးရောင်တွေတပ်ဆင်ထားတယ်
  • ဖြုတ်တပ်ရလွယ်တဲ့magnetic side button တွေအသုံးပြုထားတယ်

The Bad 

  • ညာဘက်ခြမ်းက side button ၂ခုကို တပ်ထားခဲ့မယ်ဆိုရင် လက်နဲ့မတော်တဆ ထိမိနေတက်တာမို့ အနှောင့်ယှက်ဖြစ်စေနိုင်တယ် ဒါကြောင့် coverနဲ့ပိတ်ထားတာပိုအဆင်ပြေပါတယ်။
  • အရွယ်အစားသေးငယ်တဲ့ ROG Pugio ဟာ အချို့သူတွေအတွက်တော့ နည်းနည်းသေးနေတယ်လို့ခံစားမိနိုင်ပါတယ်။
  • အကောင်သေးပေမဲ့ တန်ဖိုးမသေးပါ $81ပေးရမယ်

Conclusion

ကမ္ဘာမှာ PC gaming ဟာတစ်နေ့တစ်ခြားပိုမိုဖွံ့ဖြိုးလာခဲ့သလို ကျနော်တို့နိုင်ငံမှာလဲဖွံ့ဖြိုးလာနေပြီဖြစ်ပြီး မြောက်များလှစွာသော ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေဟာ PC Gaming ဈေးကွက်ထဲတစ်ခုပြီးတစ်ခုရောက်လာကြပါပြီး ဈေးကွက်ထဲက နဂိုရှိရင်းစွဲကုမ္မဏီတွေနဲ့အပြိုင်အဆိုင်ဖြစ်နေကြပါပြီ။ 


Asus ရဲ့ ROG Pugioဟာ သိပ်ကောင်းတဲ့ mouse ဖြစ်ပြီး ဈေးအနည်းငယ်ကြှီးမြင့်သယောင်ရှိပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်နဲ့လှပမှုတွေက သင့်ကိုအနားခွာဖို့ခဲယင်းစေမှာပါ။ သင့်အနေနဲ့ လှပပြီးအရည်အသွေးကောင်းမွန်တဲ့ Premium ဆန်တဲ့ Gaming Mouse တစ်လုံးကိုရှာဖွေနေတယ်ဆိုရင်ဖြင့် $81 တန်ကြေးရှိတဲ့ ROG Pugio ဟာ သင်ရွေးချယ်လိုက်လို့နောင်တမရစေမဲ့ mouse ဖြစ်ပါလိမ့်မယ်လို့ ဆိုချင်ပါကြောင်း....

Written By: Ae Mon Min Han

#EnThueTech

#Review 

#Gaming #Accessories

#Mouse #Asus #ROG #Pugio #AURA

Post a Comment

0 Comments