Infinity Fabric ဆိုတာ AMD ရဲ့ CPU, GPU, PCIe, I/O နှင့် Memory တွေကြား data အကူးပြောင်းလုပ် လုပ်ရာမှာ အသုံးပြုတဲ့မြန်နှုန်းမြင့် interconnect architecture တမျိုးဖြစ်ပြီး ယခင် AMD ရဲ့ Hypertransport နည်းပညာကိုဆက်ခံပါတယ်။
Infinity Fabric ကို CPU Die အတွင်းရှိ Dataများ အပြန်အလှန်ကူးပြောင်းခြင်းအပြင် AMD Ryzen CPU၊ Threadripper CPU နဲ့ Epyc CPU တွေရဲ့ မြောက်များလှစွာသော CCX တွေ အခြင်းခြင်းချိတ်ဆက်ရာမှာအသုံးပြုပါတယ်။
AMD အနေနဲ့ Infinity Fabric နည်းပညာကြောင့် Cores အရေအတွက်အများအပြားပါတဲ့ CPUတွေကို Latencyနဲနဲ၊ Performanceကောင်းကောင်းနဲ့ Power Efficiency နည်းပါးစွာဖြင့် ဖန်တီးလာနိုင်ခဲ့ပါတယ်။
AMD ရဲ့ အဆိုအရ CCX ဆိုတာ CPU Complexes ဖြစ်ပြီး CCX တစ်ခုမှာ Zen Core 4ခုကို shared L3 cache နဲ့ပြန်ချိတ်ဆက်ထားတယ်။ ဥပမာ processor die တစ်ခုထဲရှိတဲ့ Ryzen တွေမှာ CCX ၂ခုစီပါတယ် ဒီ CCX၂ခုကို Infinity Fabricနဲ့ချိတ်ဆက်ထားပါတယ် CCX တစ်ခုမှာ L3 cache 8MB စီပါလို့ CCX ၂ခုပေါင်း16 MB ဖြစ်ပါတယ်။
Desktop Ryzen CPU တွေရဲ့ CCX Configurationတွေက အောက်ပါအတိုင်းဖြစ်ပါတယ်-
8 Cores Ryzen 7 1700 CPU မှာ
(4+4 CCX Configuration)
CCX တစ်ခုခြင်းစီမှာ Core 4ခုစီပါတယ်
6 Cores Ryzen 5 1600 CPU မှာ
(3+3 CCX Configuration)
CCX တစ်ခုခြင်းစီရဲ့ Core တစ်ခုခြင်းကို disableလုပ်ထားပါတယ်
Quad Core Ryzen 3 1300 CPU မှာ
(4+0 CCX Configuration)
CCX တစ်ခုသာအလုပ်လုပ်တယ် နောက် CCXတစ်ခုလုံးကို disable လုပ်ထားပါတယ်
Godzilla Processor လိုဆိုကြတဲ့ Threadripper CPUတွေမှာတော့ Processor Die ၄ ခုပါတယ်။ ဒီProcessor Die တွေကိုလဲ Infinity Fabric နဲ့ပဲချိတ်ထားပါတယ်။ Processor Die ၄ ခုလုံး CPU ထဲမှာရှိနေပေမဲ့ Model အလိုက် အချို့ Die တွေကို Disable လုပ်ထားပါတယ် Threadripper CPU ဟာ အရွယ်အစားကြီးမားလို့ ကြံ့ခိုင်မှုအားကောင်းအောင်ထိန်းထားပေးတဲ့သဘောပါ။
AMD ရဲ့ Infinity Fabric မှာ Scalable Control Fabric (SCF) နဲ့ Scalable Data Fabric (SDF) ဆိုပြီး အစိတ်အပိုင်း၂ခုပါဝင်တယ်။
Scalable Control Fabric (SCF)
SCF လို့ခေါ်တဲ့ Scalable Control Fabricမှာ အပူနှင့်စွမ်းအင် စီမံခန့်ခွဲခြင်း၊ လုံခြုံရေးနဲ့ ချစ်ပ်ရဲ့လုပ်ငန်းဆောင်တာတွေ ထိန်းသိမ်းခြင်းတို့ကိုဆောင်ရွက်ပါတယ်။
Scalable Data Fabric (SDF)
SDF ဆိုတဲ့ Scalable Data Fabricမှာတော့ memory နဲ့ compute components အကြားချိတ်ဆက်မှုကို ဆောင်ရွက်ပြီး များပြားလှသောdie တွေကိုလိုသလို လျော့ချနိုင်သလိုတိုးချဲ့ပြီးချိတ်ဆက်နိုင်အောင်ပါ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါကြောင့် AMD ရဲ့ Ryzen CPU တွေမှာ memory မြန်နှုန်းမြင့်လာလေ core တွေကြားက ချိတ်ဆက်မှုပိုမိုအားကောင်းလာပြီး performance ပိုကောင်းလာရပါတယ်။ ဒါဟာ Ryzen CPU တွေ ဘာကြောင့် High Speed Memory ကိုသုံးဖို့လိုအပ်ရတာလဲဆိုတဲ့ အဖြေဖြစ်ပါတယ်။
SDF အသုံးပြုခြင်းအားဖြင့် Cores အရေအတွက် 64 ခုပါတဲ့အထိ ကောင်းစွာချိတ်ဆက်နိုင်မယ်လို့ AMD ကဆိုပါတယ်။ AMD ရဲ့ Vega GPU (integrated or discrete)တွေမှာလည်း Vega Compute Cores တွေကို Infinity Fabric နည်းပညာကို အသုံးပြုပြီးချိတ်ဆက်ထားပါတယ်။
Written By: Ae Mon Min Han
#EnThueTech
#TechTips
#InfinityFabric #AMD #Ryzen
Reference:
https://www.custompcreview.com/wiki/infinity-fabric/
https://www.amd.com/en/technologies/zen-core
https://en.wikichip.org
Photos Credit:
https://www.anandtech.com
https://www.amd.com/
https://www.wccftech.com
0 Comments