Subscribe Us

header ads

RTX ON RYZEN (RTX 2080 and RTX 2070)

Introduction

Graphics နည်းပညာဘီလူးကြီး Nvidia ဟာ ပြီးခဲ့တဲ့သြဂုတ်လအတွင်းမှာ သူတို့ရဲ့ Code Name: Turing လို့နာမည်ပေးထားတဲ့ မျိုးဆက်သစ် RTX 20xx Series Graphics Card တွေကို စတင်ကြေညာခဲ့ပါတယ်။ ဒါဟာယခင် Pascal မျိုးဆက်ဖြစ်တဲ့ GTX 10xx Series တွေစတင်ထွက်ရှိပြီး ၂နှစ်အကြာမှာဖြစ်ပါတယ်။ စစခြင်းသတိထားမိရာမှာ နာမည်ပေးတဲ့ပုံစံက GTX ကနေ RTX ဆိုပြီးပြောင်းသွားတာပါ။ RTX ကတ်တွေမှာ ယခင် GTXတွေထက် သိသာစွာ ထူးခြားလာတာက Real Time Ray Tracing အတွက် RT Coresတွေ၊ Titan V မှာ ထည့်သွင်းခဲ့တဲ့ Tensor Coresတွေနဲ့ SLI ကိုအစားထိုးမဲ့ NV Link တွေဖြစ်ပါတယ်။ သို့ပေမဲ့ RT Cores တွေ Tensor Cores တွေဟာ အနည်းအများကွာခြားနေမှာဖြစ်ပြီး Ray Tracing နဲ့ DLSS Performance တွေလဲ တူမှာမဟုတ်ပါဘူး။ 

ယခင် GTX မျိုးဆက်တွေတုန်းက Nvidiaက သူတို့ရဲ့မူပိုင် GTX Founder Edition ကတ်တွေဟာ စျေးကြီးသလောက် Clock Speedနည်းလို့ ပိုနှေးခဲ့ပေမဲ့ အခု RTX Founder Edition ကတ်တွေမှာတော့ စျေးပိုကြီးပေမဲ့ Clock Speed ပိုများလို့ ပိုလဲမြန်ပါတယ်။ ဒါဆိုပုံမှန် AIB Partnerတွေဖြစ်တဲ့ ASUS, EVGA, MSI, etc. ကတ်တွေထဲက ပိုမြန်တာမရှိတော့ဘူးလားဆိုတော့ Factory Overclock ပြီးသား OC ကတ်တွေရှိပါတယ် 

Asus DUAL-RTX2080-O8G

ROG-STRIX-RTX2070-O8G-GAMING

အခုတစ်ခါမှာကျနော် Review လုပ်ပေးသွားမှာက RTX ကတ်တွေထဲကမှ Factory Overclock ပြီးသား ASUS ရဲ့ Graphics Card တွေဖြစ်တဲ့ DUAL-RTX2080-O8G နဲ့ ROG-STRIX-RTX2070-O8G-GAMING တို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ O8Gဆိုတာက O ဆိုတာ Factory Overclock ကိုဆိုလိုပြီး 8Gက VRAM 8Gကိုဆိုလိုပါတယ်။ ၂ကတ်စလုံးရဲ့ Clock Speed တွေက သက်ဆိုင်ရာ RTX Founder Edition ကတ်တွေနဲ့ Clock Speed အတူတူဖြစ်ပါတယ်။

Specifications

ဒီ Graphics Card၂ကတ်ရဲ့ Specifications တွေကအောက်ပါအတိုင်းဖြစ်ပါတယ်။

ASUS DUAL-RTX2080-O8G

Microarchitecture: Turing

GPU Name: TU104

Fab Process: 12 nm

CUDA Cores: 2944

* Tensor Cores (for DLSS): 368

* RT Cores (for Ray Tracing): 46 (57T RTX-OPs)

* Ray Tracing: 8 Gigarays/s

Base Clock: 1515 MHz

Boost Clock: 1800 MHz

Memory Interface: 8GB GDDR6 

Memory Bus: 256Bit

Interface: PCIe 3.0 x16

Multi-GPU Support: NVLink

Features: DirectX 12.0, OpenGL 4.6, OpenCL 2.0, Vulkan 1.1, CUDA7.5

HDMI Output : x 1 (Native) (HDMI 2.0b)

Display Port : x 3 (Native) (DisplayPort 1.4)

HDCP Support : Yes (2.2)

USB Type-C Support:Yes x1

Dimensions: (11.83" x 5.14" x 1.93") Inch

ASUS ROG-STRIX-RTX2070-O8G-GAMING Specifications

Microarchitecture: Turing

GPU Name: TU106

Fab Process: 12 nm

CUDA Cores:

* Tensor Cores (for DLSS): 288

* RT Cores (for Ray Tracing): 36 (45T RTX-OPs)

* Ray Tracing: 6 Gigarays/s

Base Clock: 1410 MHz

Boost Clock: 1710 MHz

Memory Interface: 8GB GDDR6 

Memory Bus: 256Bit

Interface: PCIe 3.0 x16

TDP: 225W

Multi-GPU Support: N/A

Features: DirectX 12.0, OpenGL 4.6, OpenCL 2.0, Vulkan 1.1, CUDA7.5

HDMI Output : x 2 (Native) (HDMI 2.0b)

Display Port : x 2 (Native) (DisplayPort 1.4)

HDCP Support : Yes (2.2)

USB Type-C Support:Yes x1

Dimensions: (10.53" x 4.47" x 2.28") Inch

Design and Build Quality 

စစခြင်း RTX ကတ်တွေကိုမြင်ရတာ ဘာကိုသတိထားမိသလဲဆိုတော့ အရင် GTX10xx series တွေထက်ပိုထူလာတယ်လို့ကိုခံစားရတာပါ။ ယခင်ထက် Thermal Design Power(TDP) လို့ခေါ်တဲ့  ပါ၀ါစားသုံးမှုနှင့်အပူစွန့်ထုတ်မှု ပိုများလာတာမလို့ ဘယ်ကုမ္မဏီကပဲထုတ်ထုတ် အထူကြီးတွေပါပဲ။ ကတ်က၂မျိုးဖြစ်နေတယ် တစ်မျိုးနဲ့တစ်မျိုးကလည်း ဒီဇို်င်းတွေက တစ်ခြားစီ ဆိုတော့ တစ်မျိုးစီခွဲရေးသွားပါမယ်။ စစခြင်း Dual Series နဲ့ ROG Strix ကဘာလဲဆိုတာ အကြမ်းဖြင်းပြောပြပေးပါ့မယ်။  

Dual Series တွေဆိုတာ စျေးသက်သာဖို့ဦးစားပေးတာမို့ ပုံမှန်အားဖြင့် 80နဲ့ဆုံးတဲ့ အမြင့်ပိုင်းကတ်တွေမှာမတွေ့ရသလို Air Cooling ဖြစ်မယ်၊ Cooling Fanကတော့ ၂ခုပါမယ်၊ အရောင်အသွေးကလည်းရိုးရှင်းတဲ့ အဖြူရောင်တစ်မျိုးထဲဖြစ်တယ်၊ GPU မှာ Backplateမပါ၊ အလှအပRGB မီးတွေမပါဘူး အမြင့်ဆုံးကတ်ဆိုလို့ GTX 1070 အထိသာတွေ့ခဲ့ဖူးပါတယ်။ 

ROG Strix ကတော့ ROG ဆိုတဲ့ နာမည်အတိုင်း Hardcore Gamer တွေအတွက်ဖြစ်ပြီး Air Cooling ဖြစ်နေသေးပေမဲ့ Fanကတော့ ၂ခုကနေ ၃ခုအထိပါလာမယ်၊ GPU မှာ Backplateပါတယ်၊ အလှအပRGB မီးတွေလည်း ပါတယ် xx80Ti နဲ့ဆုံးတဲ့ အမြင့်ဆုံးကတ်တွေအထိရှိပါတယ်။

* ASUS DUAL-RTX2080-O8G ဟာ Asus ရဲ့ ROG Series တွေထက် ပိုမိုစျေးသက်သာတဲ့ DUAL Series ဖြစ်သလို ပထမဆုံး High End တန်းဝင်တဲ့ DUAL Series ပါတယ်။ သို့ပေမဲ့ အရင်ထက်ပိုကောင်းလာတာက Backplate ပါလာတယ်၊ RGBတော့ မပါဘူး၊ အဖြူရောင်တစ်မျိုးတည်းမဟုတ်တော့ပဲ အဖြူနဲ့အနက်စပ်ထားတဲ့ပုံစံဖြစ်သွားတယ်။ ကျနော့်ရဲ့ အဖြူအနက်စပ် Asus Prime X370 Pro မားသားဘုတ်နဲ့ဆို အတော်လေးကို လိုက်ဖက်တယ်လို့ ခံစားရပါတယ်။ 

ASUS ROG-STRIX-RTX2070-O8G-GAMING ဟာ ROG Strix Series မို့ DUAL မှာမပါတဲ့ RGB ပါမယ် DUAL RTX 2080 လောက်လဲမထူပေမဲ့ Fan ၃လုံးတပ်ထားတာမို့လိုပိုရှည်တယ်။ နောက်ထပ် Feature တွေအနေနဲ့ GPU ကနေ Casing Fan တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး Cooling ပိုကောင်းအောင်လုပ်ပေးမဲ့ Fan Connect ပါမယ် ဒါ့အပြင် ဆူညံမှုကိုလျော့ချပေးမဲ့ ကတ်ပေါ်ကDual Bios switch ဖြစ်ပြီး Quiet Mode နဲ့ Performance Mode ဆိုပြီး၂မျိုးကိုပြောင်းပေးနိုင်တယ်။ ဝမ်းနည်းစရာကောင်းတာတစ်ခုက RTX2070 တွေမှာ Multi GPU Support ပေးခြင်းကို ဖယ်ရှားလိုက်တာဖြစ်ပြီး SLI ရော မျိုးဆက်သစ် NV Link ကိုရောအသုံးပြုလို့မရနိုင်တော့တာပါ။ 

RTX မှာ Multi GPUသုံးချင်ရင်တော့ RTX 2080 နှင့်အထက်သာ ရွေးချယ်နိုင်တော့မှာဖြစ်ပါတယ်။

*** ဒီ RTX ၂ကတ်စလုံးရဲ့ Port တွေမှာ သတိထားမိစေတာက USB Type C port တစ်ခုစီပါလာတာဖြစ်ပြီး(ဖုန်းအားသွင်းဖို့မဟုတ်) နောင်လာမဲ့ မျိုးဆက်သစ် VR Headset တွေမှာ ကြီးမားတဲ့ကြိုးတွေရှုပ်မနေတာ့ပဲ USB Type C တစ်မျိုးထဲနဲ့ အသုံးပြုလို့ရလာတော့မှာပါ။

Features

ဒီ Graphics Card ၂မျိုးစလုံးကို Asus ရဲ့ GPU Tweak Software နဲ့ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ RGB ပါတဲ့ ROG Strix RTX2070 ကိုတော့ ထုံးစံအတိုင်း Asus AURA နဲ့ထိမ်းချုပ်လို့ရပါတယ်။

Asus GPU Tweak II
Asus AURA

Test System Specification

ဒီကတ်တွေကိုစမ်းသပ်ဖို့ရာ အဓိကပြဿနာက ကျနော်သုံးနေတဲ့ Ryzen CPU ရဲ့ Clock Speed နည်းခြင်းပါ။ 1080P မှာ Clock Speedနည်းခြင်းဟာ FPS သိပ်နည်းနေနိုင်တဲ့အတွက် ကျနော့် CPU Clock Speed ပိုရအောင် Overclock အနည်းငယ်လုပ်ပြီး 3.8 GHz လောက်မှာထားလိုက်ပါမယ်။ ဒီထက်တင်ရင်ရသေးပေးမဲ့ CPU Temperature က 60 ထက်ပိုလာနိုင်လို့ 3.8GHz မှာသာထားခြင်းဖြစ်ပါတယ်။

CPU: AMD Ryzen 7 1700X 8 Cores /16 Threads CPU @ 3.8 GHz OC All Cores

Motherboard: Asus Prime X370 Pro 

Memory: G.Skill Trident Z RGB 16GB (2x8GB) Memory Kit DDR4 3000@ 3000MHz, CL16

CPU Cooler: Cooler Master MasterLiquid ML 240R RGB AIO CPU Cooler

Boot Drive: 240GB Transcend S340 SATA 3 SSD

Game Drive: 2x 4TB Seagate Barracuda 7200rpm SATA3 HDD

Power Supply: 750W Corsair TX750M 80+Gold 

OS: Windows 10 Pro (1809)

Testing Methodology

ဒီ Graphic Card တွေကို Benchmark လုပ်ရာမှာ အားလုံးဟာ ၃ကြိမ်တိုင်စမ်းသပ်ထားတာဖြစ်ပါတယ်။ Benchmark ကရလာတဲ့ Result တွေအတွက် Graph တွေကို အောက်ကပုံတွေမှာ ထည့်သွင်းပေးထားပါတယ်။ Graphic Card တွေရရှိတဲ့အချိန်တွေမတူညီခဲ့တာမျိုးမို့ Geforce Driver Version တွေဟာ တစ်ကတ်နဲ့တစ်ကတ်မတူညီခဲ့ပါဘူး။ Geforce Driver Version: 416.34 (RTX2080) and 416.94(RTX2070)

Benchmarks

Performance  အတွက် Benchmarking Tools တွေအပြင် ကျနော့်မှာရှိတဲ့ လက်ရှိခေတ်စားနေတဲ့ Game အချို့နဲ့စမ်းသပ်မှာဖြစ်ပါတယ်။ Microsoft Direct X12 ကိုသာ အဓိက ဦးတည်စမ်းသပ်ထားတာဖြစ်ပြီး ASUS ရဲ့ Nvidia RTX Graphic Card ၂မျိုးဟာ High End တန်းဝင်တွေဖြစ်လို့ Graphics Setting တွေကို Ultra Setting သို့ Highest Setting တွေနဲ့ 1080P, 1440P နဲ့ 4K စတဲ့ Resolution ၃မျိုးမှာ စမ်းသပ်သွားမှာဖြစ်ပါတယ်။ 

Benchmark အတွက် တစ်ခုပြောလိုတာက Ryzen 7 1700X CPU ဟာ 8 Cores ဖြစ်ပေမဲ့ IPC နဲ့ Clocks Speed နည်းလို့ အချို့ဂိမ်းတွေရဲ့ အထူးသဖြင့် 1080P Resolution တွေမှာ FPS က Clock Speed များတဲ့ Intel Core i7 8700K လို CPU တွေလောက်များမှာမဟုတ်ပါဘူး။ 1080P Resolution ဟာ Gaming မှာ မြင့်မားတဲ့ FPS အတွက် CPU ရဲ့ IPC နဲ့ Clocks Speed ကိုပိုမိုအလေးပေးတာမို့ပါ။ Benchmark ကရလာတဲ့ Result တွေအတွက် Graph တွေကို အောက်ကပုံတွေမှာ ထည့်သွင်းပေးထားပါတယ်။ 










DXR Ray Tracing Performance

လူတိုင်းသိချင်နေကြမဲ့ DXR လို့ခေါ်တဲ့ Ray Tracing ရဲ့ Performance ကိုလည်း စမ်းသပ်ပြထားပါတယ်။Ray Tracing အကြောင်းသိချင်ရင် အရင်ကကျနော်ရေးခဲ့ဖူးတဲ့ Nvidia RTX Ray Tracing Post တစ်ခုရှိပါတယ် လင့်ကိုအောက်မှာပေးထားပါတယ်။

Nvidia RTX Ray Tracing Link:

https://www.facebook.com/Enthuetech/videos/683304352024747/

လောလောဆယ် Battlefield 5 ဂိမ်းဟာ Ray Tracing ကို ပထမဆုံးစတင်အထောက်အပံ့ပေးနေပြီဖြစ်လို့ အဆိုပါဂိမ်းနဲ့သာစမ်းသပ်ထားပါတယ်။ Ray Tracing ဖွင့်ထားချိန်အချို့နေရာတွေမှာ CPU Usage ဟာ 60% လောက်အထိတက်လာတာတွေ့ရပြီး 8 Cores/16 Threads CPU အနေနဲ့ အတော်များတယ်ဆိုနိုင်ပြီး ပုံမှန်ဂိမ်းတွေမှာ အများအားဖြင့် 40% ထက်မပိုခဲ့တာပါ။ 

Battlefield 5 ဂိမ်းရဲ့ Ray Tracing မှာ DXR Low, Medium, High, Ultra ဆိုပြီး Setting ၄မျိုးရှိပြီး ကျနော့်အမြင်အရ Low, Medium, High, သုံးမျိုးမှာ  ပုံရိပ်အရည်အသွေး ကွဲပြားမှုမရှိနေခဲ့ပဲ Ultra Setting မှာတော့ အလွန်လှပတယ်လို့ခံစားရပြီး ပြင်ပကမ္ဘာကို ရောက်သွားသလိုပါပဲ။ အောက်မှာ နမူနာပုံအချို့ကိုထည့်သွင်းပေးထားပါတယ်။


DLSS Performance 

Deep Learning Super Sampling လို့ဆိုတဲ့ DLSS ဆိုတာ Nvidia ရဲ့ကိုယ်ပိုင်နည်းပညာတစ်ခုပါ။ ကျနော်တို့ဂိမ်းတွေကစားတဲ့အချိန်မှာ Graphics Cards ပြသတဲ့ ပုံရိပ်တွေဟာ polygon အခြေခံပုံရိပ်တွေသာဖြစ်လို့ အနီးကပ်ကြည့်လိုက်မယ်ဆိုရင် ချောမွေ့ခြင်းမရှိပဲ အနားသတ်လေးတွေက အတုံးလေးတွေအထစ်လေးတွေဖြစ်နေတက်ပါတယ် ဒါကိုaliasing ဖြစ်တယ်လို့ခေါ်ပါတယ်။ ဒီလိုအနားသတ်လေးတွေ ချောမွေ့သွားအောင်လို့ Anti-Aliasing(AA) နည်းပညာတွေ(FXAA, MSAA, SMAA, TAA စသည်ဖြင့်) သုံးပြီး ချောမွေ့အောင်ပြန်လည်ဖန်တီးမှ ပုံရိပ်တွေကချောမွေ့မှာဖြစ်ပေမဲ့ Anti-Aliasing(AA) ဟာ Graphics Card ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အနည်းနဲ့အများထိခိုက်စေနိုင်ပါတယ်။ 

အခုထွက်ရှိလာတဲ့ Nvidia ရဲ့ RTX Graphics Cards တွေဟာ AI နည်းပညာနဲ့ Aliasing ဖြစ်မှုကို အသစ်ထပ်မံထည့်သွင်းထားတဲ့ Tensor Cores တွေကိုအသုံးပြုပြီး ဖယ်ရှားပစ်လိုက်တာဖြစ်ပါတယ်။ DLSS ကိုအသုံးချဖို့ RTX Graphics Card တွေသာမက ဂိမ်းတစ်ခုခြင်းစီက အထောက်အပံ့ပေးဖို့လိုအပ်ပါတယ်။ 

DLSS on RTX 2070 4K High Setting


DLSS on RTX 2070 4K Max Setting

ကျနော့်လက်ထဲ  RTX 2080 ရောက်လာခဲ့ချိန်က DLSS ကို စမ်းသပ်ဖို့ ဘာ Tools ဘာဂိမ်းမှ မရှိသေးပေမဲ့ RTX 2070လက်ထဲရောက်ရှိချိန်မှာ Final Fantasy XV Benchmark မှာ DLSS ကိုထည့်သွင်းလိုက်ပြီမို့ RTX 2070 နဲ့စမ်းသပ်ထားပါတယ်။ စမ်းသပ်ချက်တွေအရ DLSS က TAA လောက်တော့ကြည့်မကောင်းပေမဲ့ AA လုံးဖွင့်မထားတာထက်ပိုကြည့်ကောင်းပြီး ဘယ် Anti-Aliasing နည်းပညာတွေထက်မဆို FPS တွေပိုကောင်းပြီးပိုမြန်လာပါတယ်။ ဥပမာ AA တွေ လုံးဝပိတ်ထားချိန် RTX 2070 နဲ့ 4K resolution မှာ 43~45 FPS ဝန်းကျင်လောက်ပဲရပေမဲ့ DLSS ဖွင့်ထားလိုက်မယ်ဆိုရင် 59~61 FPS လောက်ဖြစ်လာပြီး ရုပ်ထွက်ပိုလှလာသလို ပိုလဲမြန်လာပါတယ် ဒါဟာ သိပ်ကိုမိုက်တယ်လို့ဆိုနိုင်ပါတယ်။ Result တွေကိုအောက်ကပုံလေးတွေမှာ ကြည့်နိုင်ပါတယ်။

Temperatures

ကတ်၂ခုစလုံးရဲ့ ပုံစံနဲ့တည်ဆောက်ပုံတွေ ပါ၀ါစားသုံးမှုတွေ ကွာသလို ကတ်တွေရဲ့ အပူချိန်ဟာလည်း Idle မှာရော Load မှာပါ မတူညီကြပါဘူး။ ပါ၀ါအနည်းငယ်ပိုစားပြီး Heat Sink ပိုထူပေမဲ့ Fan ၂လုံးသာပါတဲ့ DUAL-RTX2080 က Idle မှာရော Load မှာရော 10°C လောက်ပိုများတယ်လို့ ဆိုနိုင်ပေမဲ့ မည်သည့်အချိန်တွေမှာမဆို အရမ်းပူလာတာမတွေ့ရပဲ လက်ခံနိုင်တဲ့ အတိုင်းအတာတစ်ခုအတွင်းမှာသာ ရှိနေတာတော့တွေ့ရပါတယ်။ အသေးစိပ်ကို အောက်ကပုံတွေမှာကြည့်နိုင်ပါတယ်။

Power Draw

Power Draw ဆိုတာကတော့ ကျနော် Benchmark တွေ run နေချိန်မှာ System Unit (Monitor နဲ့ Keyboard/Mouse အပါအဝင်) တစ်ခုလုံးရဲ့ ပါ၀ါစားသုံးမှုအမြင့်ဆုံးရောက်ချိန်မှာ တိုင်းတာထားတာဖြစ်ပါတယ်။ ဒီလိုတိုင်းတာဖို့ရာကျနော့်မှာ တိကျစွာတိုင်းတာနိုင်တဲ့ ကိရိယာရှိမနေပါဘူး။ သို့ပေမဲ့ ကျနော်လက်ရှိသုံးစွဲနေတဲ့ 900W ရှိတဲ့ Cyberpower UPS ကနေ Loadထောက်လှမ်းလို့ရတာမို့ တိတိကျကျမဟုတ်ပေမဲ့ အကြမ်းဖြင်းအားဖြင့် System Load ဘယ်လောက်ဆွဲတယ်ဆိုတာကို Percentage နဲ့ သိနိုင်ပါတယ်။ အောက်က Power Draw ပုံလေးကို ကြည့်ပေးပါ။ 


Conclusion

အချုပ်ပြောရရင် ဒီ Asus RTX ကတ်၂ကတ်ဟာ Ray Tracing ကြောင့် ယခင်ထက် သင့်ထံ Graphic Cardတစ်ခုကနေ ဘယ်တုန်းကမှမတွေ့ခဲ့ရဖူးတဲ့ အမြင်အာရုံပုံရိပ်တွေကို သယ်ဆောင်လာမှာဖြစ်ပါတယ်။ DLSS ကြောင့် သူ့ကိုsupport လုပ်တဲ့ဂိမ်းတွေမှာ ရှိရင်းစွဲထက်ပိုမိုတဲ့ Performance ကိုနိုင်ပါမယ်။ DLSS ကိုထည့်မတွက်ဖူးဆိုရင် အကြမ်းဖျင်းအားဖြင့် RTX2080 Performance ဟာ GTX 1080Ti နဲ့ ဆင်တူပြီး RTX2070 က GTX 1080 နဲ့ Performance ဝန်းကျင်လို့ သက်မှတ်နိုင်ပါတယ်။ ဒါကြောင့် GTX 1070 နဲ့အောက် GPUပိုင်ရှင်များနဲ့ အထူးသဖြင့် GTX900 Series ပိုင်ရှင်တွေအနေနဲ့ Upgrade လုပ်မယ်ဆိုရင် RTX 2070 နဲ့ RTX 2080 ကတ်၂ခုဟာ Upgarde လုပ်ဖို့သင့်တော်ပါတယ်။ စျေးနှုန်းက DUAL-RTX2080  အတွက် $1090 ဖြစ်ပြီး STRIX RTX2070 အတွက်စျေးနှုန်းက $765 ဖြစ်ပါတယ်။ ကျနော်အမြင်အရ ဒီ၂ကတ်ထဲမှာမှ RTX2080ကို ဝယ်ယူမယ်ဆိုရင် Intel CPU အသုံးပြုတွေအနေနဲ့ပြဿနာမရှိပေမဲ့ ကျနော်တို့လို 1st Gen Ryzen CPUသမားတွေအနေနဲ့ အချို့ဂိမ်းတွေကို 1440P သို့ 4K Resolution မှာဆော့တာက ပိုသင့်တော်တယ်လို့ယူဆပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ ASUS ကိုလဲအထူးကျေးဇူးတင်ပါတယ်ဗျာ......

မိတ်ဆွေတို့ဒီလို Review တွေကိုဖတ်ရှုချင်တယ်ဆိုရင့့်ဖြင့် ဒီ page လေးကို Like and See First လုပ်ပြီး အားပေးကြပါ။ Article လေးတွေကို သဘောကျတယ်ဆိုရင်ဖြင့် မိမိသာမက အခြားလူတွေပါဖတ်နိုင်အောင် share လုပ်ပေးကြပါဦးလို့ မိတ်ဆွေတို့ကိုတောင်းဆိုလိုက်ပါတယ်…..

Reviewed By: Ae Mon Min Han

#EnThueTech 

#Review 

#GraphicsCard #Nvidia 

#RTX #Turing #ROG #Dual #Strix 

#RTX2080 #RTX2070

Post a Comment

0 Comments