Subscribe Us

header ads

ဓာတုအကြွင်းအကျန်​များကြောင့် AMD/ Nvidia GPU ထုတ်​လုပ်​ခြင်းကို TSMC ရပ်​ဆိုင်းထား


Taiwan Semiconductor Manufacturing Company Ltd (TSMC) ရဲ့ Fab 14 B မှာ ဓာတုအကြွင်းအကျန်​တွေတွေ့ရှိခဲ့ပြီး အဆိုပါအကြွင်​းအကျန်​တွေကြောင့်  အနည်းဆုံး silicon wafer  တစ်​သောင်းခန့်​ဟာ အနာအဆာရှိနေခဲ့တယ်​လို့ ထိုင်​ဝမ်​သတင်းဆိုက်​တစ်​ခုဖြစ်​တဲ့ ETtodayက အစီရင်​ခံခဲ့ပါတယ်​။

TSMC ကိုရင်းနှီးပြီးသား hardware enthusiast တွေအတော်​များများအနေနဲ့ ဒီဂယက်​က ပြဿနာတွေဖြစ်​လာနိုင်​တယ်​ဆိုတာ နားလည်​ပြီးသားဖြစ်​ပါတယ်​။ အခြားသူတွေအတွက်​ဆိုရရင်​ဖြင့်​  semiconductor တွေဟာ silicon waferတွေကမှတစ်​ဆင့်ပြုလုပ်​ထားတာဖြစ်​ပြီး လုံလောက်​တဲ့ silicon wafer များမရရှိပါက graphics card၊ cpu နဲ့ console တွေ ပစ္စည်းပြတ်​လပ်​တာတွေ စျေးနှုန်းမြင့်​မားတာတွေကြုံလာနိုင်​တဲ့အခြေအနေတွေဖြစ်​လာပါလိမ့်​မယ်​။

ယခုအနာအဆာရှိတဲ့ silicon wafer တွေဟာ 12nm နဲ့ 16nm wafer တွေဖြစ်​တယ်​လို့သိရပါတယ်​။ Nvidia ဟာ သူ့တို့ရဲ့ Pascal(GTX 1000 series) နဲ့ Turing (RTX 2000 series)GPU တွေပြုလုပ်​ဖို့ အဆိုပါwaferများကို  မှီခိုနေရတာပါ။ AMD ကလဲ PS4 နဲ့ Xbox One X အတွက်​ chip တွေထုတ်​လုပ်​ရာမှာမှီခိုနေရပြီး အခြားသော Huawai Mediatek တို့ကလဲ မှီခိုနေရပါတယ်​။ ဒါပေမဲ့  GPU အသစ်​ Radeon 7 လို7nm product တွေကိုတော့ထိခိုက်​စေမှာမဟုတ်​ပါဘူး။ 

Fabrication ကုမ္မဏီတွေအနေနဲ့ လုံလောက်​တဲ့wafer တွေရရှိဖို့ အသည်းအသန်​ကြိုးစားနေရပါတယ်​။ ဒီလို wafer တွေချို့ယွင်းမှု ထုတ်​လုပ်​မှုကြန်​့ကြာမှုတွေက မကောင်းတဲ့အခြေအနေပါ။ ဆိုးရွားစွာထိခိုက်တာမဟုတ်​ပေမဲ့ ကြန့်ကြာမှုတွေက ဘယ်​လိုပဲဖြစ်​စေ ပြဿနာတော့ဖြစ်​လာနိုင်​ပါတယ်​။

ဓာတုအကြွင်းအကျန်​ကြောင့်​ ဒီလို wafer တစ်​သောင်းခန့် ချို့ယွင်းသွားတာကို TSMC site မှာ ဘာမှထုတ်​ပြန်​ခြင်း​မရှိပေမဲ့ ETtodayရဲ့ တင်​ပြချက်​ကိုတော့ အတည်​ပြုခဲ့ပါတယ်​။ TSMC ရဲ့ Fab 14 အနေနဲ့ တစ်​လကို wafer တစ်​သိန်းခန့်ပြုလုပ်​ပေးနေတယ်​လို့ သိရပေမဲ့ Fab 14 B သီးသန့်အနေဖြင့် ဘယ်​လောက်​ထုတ်​ပေးနိုင်​တယ်​ဆိုတာတော့ ရေရာစွာမသိရပါဘူး။

အကယ်​ TSMC အနေနဲ့ ချို့ယွင်းချက်​တွေကို လျင်​မြန်​စွာပြင်​ဆင်​နိုင်​ခဲ့ရင်​တောင်​မှ wafer တစ်​သောင်းခန့် စွန့်​ပစ်​ရဖွယ်​ရှိပြီး ထုတ်​လုပ်​မှု ၃ရက်​ခန့်နောက်​ကျသွားနိုင်​တယ်​လို့သိရပါတယ်​။

Translated by Ae Mon Min Han
En Thue Tech
Source: Tom's Hardware
#EnThueTech 
#News #Fabrication #TSMC

Post a Comment

0 Comments