Subscribe Us

header ads

Intel ၏ အမှုဆောင်​အရာရှိချုပ်​အသစ်​ Robert Swan ဖြစ်​လာ

 


ယနေ့မှာ နည်​းပညာဘီလူးကြီး Intel ရဲ့ ဒါရိုက်​တာအဖွဲ့ဝင်​တွေဟာ ကုမ္မဏီရဲ့ ၇ ဦးမြောက်​ဖြစ်​လာမည့်အမှုဆောင်​အရာရှိချူပ်​(CEO)မှာ Chief Financial Officer (CFO) ဖြစ်​သူ Robert Bob Swan ဖြစ်​ကြောင်းကြေငြာခဲ့ပါတယ်​။

Robert Swan ဟာလွန်​ခဲ့သော ရလအတွင်း Interim CEO အဖြစ်​ဆောင်​ရွက်​နေခဲ့သူဖြစ်​ပါတယ်​။ Intel ၏ ဘဏ္ဍာရေးဒုတိယဥက္ကဋ္ဌနဲ့ Corporate Planning and Reporting ဒါရိုက်တာဖြစ်သူ Todd Underwood မှ Interim CFO အဖြစ်တာဝန်ယူသွားမယ်လို့ ယူဆရပြီး နောင်လမည့်လများအတွင်းမှာ ကုမ္မဏီအတွင်းနှင့်ပြင်ပမှ အမြဲတမ်း Chief Financial Officer အသစ်တစ်ဦးကို ရှာဖွေခန့်အပ်သွားမယ်​လို့ ရည်​ရွယ်​ထားကြောင်​းသိရပါတယ်​။

Bob Swan ဟာ General Electric(GE) မှာ အလုပ်စတင်ဝင်ရောက်ခဲ့ပြီး Intel ထံမရောက်ရှိခင်တွင်​ General Atlantic LLC ၏ operating partner နှင့် Applied Materials ၏ဒါရိုက်​တာအဖွဲ့ဝင်၊ ၂၀၀၆ မှ ၂၀၁၅ ခုနှစ်အထိ eBay ၏ CFO အဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပါတယ်။

Source: OC3D & CNBC

En Thue Tech

#News #Intel

Post a Comment

0 Comments