Subscribe Us

header ads

Virus ရန်မှကာကွယ်ပါ သင့်ရဲ့ကွန်ပျူတာ

 



အခုတစ်လော အသံနည်းနည်းထွက်လာအကြောင်းအရာတစ်ခုပေါ့ အသိမိတ်ဆွေတွေထဲမှာ Virus ဝင်သွားတယ် အဓိကဖြစ်သွားတာက ramsomware ပေါ့ ဖိုင်တွေကို encrypt လုပ်သွားတယ် ဖိုင်ကိုဖွင့်မရတော့ဘူးသုံးမရတော့ဘူး ပြန်လိုချင်ရင် ဘယ်နှနာရီအတွင်း ဒေါ်လာဘယ်လောက်ပေးပါ မပေးရင်အဆုံးပဲဆိုပြီးကြုံရတာတွေပါ။ သာမန်ကွန်ပျူတာအသုံးပြုသူအနေနဲ့ ကွန်ပျူတာထဲမှာအရေးကြီးအချက်အလက်တွေပါမနေဘူးဆိုရင် format ချမယ် Windows ပြန်တင်လိုက်ရင် ပြဿနာမရှိဘူးဆိုပေမဲ့ ကွန်ပျူတာထဲမှာ အရေးကြီးdataတွေသိမ်းထားရတဲ့သူ project တွေ စာရင်းဇယားတွေ powerpoint တွေ ဓာတ်ပုံတွေ video တွေထည့်ထားရသူဆိုရင် သင့်ရဲ့ကွန်ပျူတာကို virus ကိုက်သွားတယ်ဆိုတာ သင့်ကို အင်မတန်မှ ခေါင်းနားပန်းကြီးစေပြီး စားမဝင်အိပ်မပျော်ဖြစ်စေနိုင်ပါတယ်။


ဒီဆောင်းပါးနဲ့ပတ်သက်ပြီးပြောချင်တာက ကျနော့်ဟာ Power User သို့ PC Enthusiast တစ်ယောက်သာဖြစ်ပြီး Cyber Securityပိုင်းနဲ့ပတ်သက်လို့ ဆရာကြီးမဟုတ်တာကိုတော့ နားလည်ပေးစေချင်ပါတယ်။ အခုပြောပြသွားမဲ့ အကြောင်းအရာတွေဟာ ကျနော်လက်ရှိအသုံးပြုနေတဲ့ပုံစံဖြစ်ပြီး မိတ်ဆွေတို့ကိုအကြံပေးရုံသက်သက်သာဖြစ်လို့ တစ်ခုခုလိုအပ်တာများရှိခဲ့ရင်ဆွေးနွေးသွားလို့ရပါတယ်လို့ပြောချင်ပါတယ်။ ကဲ စလိုက်ရအောင်ဗျာ...

နာမည်ကောင်းရပြီးသား သင့်တင့်စိတ်ချရတဲ့ Anti Virus ဝယ်သုံးပါ

မိတ်ဆွေတို့ ပထမဆုံး အရေးကြီးတဲ့အရာလုပ်ရမှာက နာမည်ရပြီးသား Anti Virus တစ်မျိုးကို ဝယ်သုံးဖို့ပါပဲ။ မလိုဘူးလေ Windows Defender နဲ့ SMADAV သွင်းထားရင် ရပြီးမဟုတ်လားလို့ မေးစရာရှိပါတယ်။

Microsoft ရဲ့ Windows မှာ Windows Defender ပါတယ်ဆိုတာ အတော်များများသိကြမှာပါ။ သူ့အနေနဲ့အတော်လေးကာကွယ်နိုင်တယ်ဆိုပေမဲ့ လက်တွေ့မှာအခပေး Anti Virus လောက်စွမ်းအားမကောင်းပါဘူး။ ကျနော်တို့ မြန်မာပြည်က ကွန်ပျူတာအသုံးပြုသူတွေတော်တော်များများက Anti Virus ဝယ်မသုံးချင်လို့ Windows Defender ကိုပဲသုံးတယ် နောက်ပြီး USB Stick တွေတပ်လိုက်ရင် ကူးဆက်လာမဲ့ virus တွေကို ကာကွယ်ဖို့ SMADAV လို software တွေနဲ့အသုံးပြုကြပါတယ် ဒါဆိုရင် လုံလောက်ပြီလို့ယူဆကြပါတယ် ဒါဟာမှားပါတယ်။ Windows Defender တွေ က Virus ကိုအတော်အသင့်ခြေမှုန်းနိုင်သလို SMADAV ကလဲ memory stick က virus တွေကို အတော်အသင့်ဖယ်ရှားပေးနိုင်ပါတယ် သို့ပေမဲ့ အတော်အသင့်သာဖြစ်ပြီး ဘယ်ဟာက Virus ဖြစ်တယ်မဖြစ်ဘူးဆိုတာသိရှိနိုင်မဲ့ Data Base တွေက အခပေး Anti Virus တွေလိုစွမ်းအားမကောင်းပါဘူး။ SMADAV အနေနဲ့လည်း သူ့website မှာ အခြားသော Anti Virus နဲ့တွဲသုံးဖို့အကြံပြုထားပါတယ်။

Anti Virus ကို Update လုပ်ပေးပါ

သင့်အနေနဲ့ အခပေး Anti Virus ကိုဝယ်သုံးနေတယ်ဆိုရင်တောင် update လုပ်ဖို့ကိုတော့ ဘယ်တော့မှမမေ့စေချင်ပါဘူး။ Anti Virus ရဲ့ အဓိက စွမ်းအားကို သူ့ရဲ့ database update တွေကနေရရှိတာဖြစ်လို့ နေ့တိုင်းအမြဲလိုလိုအသစ်ထွက်လာလေ့ရှိတဲ့ Virus တွေကို တားဆီးနိုင်ဖို့က လွန်ခဲ့တဲ့ ၂လ၃လက update ဖြစ်နေလို့မရပဲ အမြဲupdate ဖြစ်နေဖို့လိုပါတယ်။ သင့်ကွန်ပျူတာကို အမြဲအင်တာနက်ချိတ်ဆက်ထားတယ်ဆိုရင်တော့ Anti-virus software က အလိုလို update လုပ်ပေးနေပါလိမ့်မယ်။

ဖြစ်နိုင်မယ်ဆိုရင် 32 bit Windows တွေနဲ့ Windows Version အဟောင်းတွေကို မေ့လိုက်ပါတော့

Windows ဆိုတာ စထွက်ပြီး ပုံမှန်အားဖြင့် ၁၀နှစ် အထောက်အပံ့ပေးပါတယ်။ ၁၀နှစ် ထဲမှာမှ ပထမ၅နှစ်မှာ Feature တွေ Designတွေ Update ပေးပြီး Security Update တွေ စတဲ့ Update အသစ်တွေကို ထည့်ပေးပါတယ်။

ဒုတိယ၅နှစ်ရောက်လာတဲ့အခါမှာ feature တွေအသစ်ထပ်မံထည့်သွင်းခြင်းမရှိတော့ပဲ Security Updateတွေသာပေးတော့တာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ အသုံးများတဲ့ Windows 7 ဟဆိုရင်ဖြင့် 4 January 2020 မှာ Security Updateတွေကို ရပ်ဆိုင်းတော့မှာပါ။ Security Update မရှိတဲ့ Windows ဆိုတာ Hacker တွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တာမို့ သင့်ရဲ့ အရေးကြီး Data တွေအတွက် နောက်ထွက်တဲ့ Windows 10 ကိုအသုံးပြုပေးဖို့ လိုအပ်တာဖြစ်ပါတယ်။

32 bit Windows တွေကို အသုံးမပြုစေလိုတာက 32Bit ဟာ Memory ကို 4GB ထက်ပိုသုံးမရတာရယ်(အခြားနည်းလမ်းနဲ့ပိုသုံးလို့ရအောင်လုပ်လို့ရ)။ နောက်ဆုံးထွက်ဂိမ်းတွေ software တွေဟာ 64 bit Windows ပေါ်မှာသာ အလုပ်လုပ်တာဖြစ်ပါတယ်။ ဂိမ်းဆော့တဲ့သူတွေအတွက်ဘည်း နောက်ပိုင်း Graphics Driver အထောက်အပံ့တွေဟာ 32 Bit ကိုအထောက်အပံ့ပေးမှုရပ်ဆိုင်းခဲ့ပြီးဖြစ်လို့ပါ။ Nvidia ဟာ ၂၀၁၈ ဧပြီလမှာ 32 bit Windows တွေအတွက် Driver အထောက်အပံ့ပေးမှုကိုရပ်ဆိုင်းခဲ့ပြီးဖြစ်ကာ AMD ကတော့ သူ့GPUတွေအတွက် ၂၀၁၈ အောက်တိုဘာလမှာရပ်ဆိုင်းခဲ့ပါပြီ။ ဆိုလိုတာက 32 bit Graphics Driver ထက်မထွက်တော့ပါဘူး။

Windows Update အမြဲလုပ်ပေးပါ

သင့်အနေနဲ့ နောက်ဆုံးထွက် Windows 10 ကိုအသုံးပြုနေသည့်တိုင် Update မလုပ်ဖူးဆိုရင်လဲ Hacker တွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပါသေးတယ်။ Microsoft ဟာ သူတို့ရဲ့ Windows မှာရှိတဲ့ လုံခြုံရေးယိုပေါက်တွေကို အမြဲစောင့်ကြည့်နေပြီး ယိုပေါက်ရှိတာနဲ့ Security Update တွေကို အခါအားလျော်စွာထုတ်ပေးလေ့ရှိပါတယ်။ လုံခြုံရေးယိုပေါက်တွေပိုနည်းတဲ့ Windows ဟာ သင့်ရဲ့ ကွန်ပျူတာကို Virus တွေရန်ကပိုမိုကာကွယ်ပေးနိုင်သလို အသစ်အသစ်သော Hardware တွေနဲ့ပိုမို ကိုက်ညီမှုရှိမှာဖြစ်ပြီး အဆိုပါ Hardware အသစ်တွေရဲ့ Feature တွေကိုပါ အသုံးချနိုင်မှာဖြစ်ပါတယ်။ (ဥပမာ RTX Graphics Card တွေမှာ Ray Tracing အလုပ်လုပ်ဖို့ Windows 10 Version 1809 လိုအပ်တာမျိူးပါ)

လက်ရှိ Windows 10 Version ဟာ 1809 ဖြစ်ပြီး April လမှာ 1904 ထွက်ရှိလာမှာ ဖြစ်ပါတယ်

Software တွေ Browser တို့ Update အမြဲလုပ်ပေးပါ

Browser ကို Update လုပ်ပေးခြင်းဟာလည်း အင်မတန်အရေးကြီးတဲ့အရာဖြစ်ပြီး Virus တွေရန်မှ အတော်အတန်ကာကွယ်ပြီးသားဖြစ်ပါတယ်။ သိပ်ဟောင်းနေတဲ့ Browser Version တွေဟာ Hacker တွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်ပြီး သင်စာရိုက်ထားသမျှမှတ်သားထားတဲ့ key logger တွေကို download လုပ်ဖို့ခွင့်ပြုပေးမိနိုင်တာကြောင့်ပါ။

Google Chrome နဲ့ Mozilla Firefox တို့လို Browser တွေမှာတော့ Auto Update လုပ်ပေးတဲ့စနစ် တစ်ပါတည်းပါဝင်ပါတယ်။ Micosoft ရဲ့ Edge Browser (ယခင် Internet Explorer) မှာတော့ Windows Update လုပ်ပေးခြင်းဖြင့် အလိုလို Version မြှင့်သွားမှာပါ။

Driver Update နဲ့ BIOS update လုပ်ပေးပါ

Virus တွေဟာ Windows update driver update လုပ်ထားတောင်မှ Software တွေရဲ့ လုံခြုံရေးအားနည်းချက်တွေကနေ ဝင်ရောက်လာနိုင်ပါသေးတယ်။ ဒီတော့ software update တွေလုပ်ပေးခြင်းဟာ သင့်ကွန်ပျူတာကို တိုက်ခိုက်ခံရခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။ BIOS update ကိုဆောင်ရွက်ပေးခြင်းအားဖြင့် Spectre နဲ့ Meltdownလို hardware ပိုင်းဆိုင်ရာ လုံခြုရေးယိုပေါက်တွေမှတဆင့် တိုက်ခိုက်ခံရမှုမှကာကွယ်နိုင်မှာဖြစ်သလို PC က ပိုတည်ငြိမ်လာပြီး feature အသစ်တွေလဲသုံးလို့ရလာမှာဖြစ်လို့ update လုပ်ပေးသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။

Download ဆွဲရင်လဲသတိထားပါ

သင့်အနေနဲ့ Download ဆွဲတဲ့အခါ အထူးသဖြင့် Pirate Software တွေ ဂိမ်းတွေအသုံးပြုရင်လည်း Virus တွေကို လာပါ ငါ့ကွန်ပျူတာမှာခိုနားလှည့်ချည် လို့ပြောနေတာနဲ့အတူတူပါပဲ။ ကျနော်တို့နိုင်ငံလူတွေရဲ့ဝင်ငွေဟာ အိမ်နီးခြင်းနိုင်ငံတွေထက်စာရင် နည်းပါးလှတာမို့ တရားမဝင်softwareတွေဂိမ်းတွေနဲ့ ကင်းနိုင်ဖုိ့က ကာလတစ်ခုအထိလိုပါသေးတယ်။ ဒါကြောင့် download ရရယူအသုံးပြုတဲ့အခါ သတိထားဖို့လိုပါတယ်။ အခပေးသုံးရတဲ့ Software တွေအစား Pirate Softwareနဲ့ Game တွေlink ချပေးတယ်ဆိုတာဟာ တကယ်တန်းတရားမဝင်သလို လုံခြုံရေးအတွက်လည်း အန္တရာယ်ကြီးပါတယ်။ အချို့ website တွေမှာ တင်ထားတဲ့ linkတွေမှာ အချို့တွေက မသက်ဆိုင်တဲ့ download button အတုတွေပါလာနိုင်လို့ မှားပြီးdownloadလုပ်မိရာကလည်း virus တွေ ပါလာနိုင်ပြီး သင် ဒါတွေကို install လုပ်မိတယ်ဆိုရင် ဒုက္ခကောင်းကောင်းရောက်သွားနိုင်ပါတယ်။ အခပေး Anti Virus မှာ အဆိုပါ link တွေကိုပေးဖွင့်မှာမဟုတ်သလို download ဆွဲဖုိ့ကိုလဲ ခွင့်ပြုမှာမဟုတ်လို့ အတော်လေးလုံခြုံမှုရှိလာမှာဖြစ်ပါတယ်(အာ့ကိုမှ risk ယူပြီးdownload ဆွဲတာဆိုရင်တော့တစ်မျိုးပေါ့လေ)။

ကွန်ပျူတာ Browser မှာ AD Blocker တွေကိုသွင်းထားပေးပါ

ad blocker တစ်မျိုးမျိုးသွင်းထားခြင်းက website တွေကိုကြည့်ရှုတဲ့အခါ download button အယောင်ဆောင်ထားတာတွေကိုပျောက်အောင်ဖျောက်ထားပေးနိုင်ထားပေးနိုင်သလို မျက်စိရှုပ်စရာကြော်ငြာတွေကိုလည်း သင့်အနေနဲ့တွေ့မြင်ရမှာမဟုတ်ပါဘူး။ တစ်ခုရှိတာက Website တွေဟာ ကြော်ငြာတွေနဲ့ရပ်တည်ရတာမို့
Ad Blocker သွင်းထားခြင်းဟာ သင်ကြည့်နေတဲ့ website ကို support မလုပ်သလိုဖြစ်စေနိုင်ပါတယ် ဒါကြောင့် အချို့သော Website တွေဟာ Ad Blocker တွေကိုပိတ်ခိုင်းတာမျိုးတော့ရှိလာနိုင်ပါတယ်။

Email မှာ ပါလာတဲ့ Attachment တွေကိုသတိထားပါ

အခုခေတ်မှာ အင်တာနက်အသုံးပြုသူအားလုံးနီးပါးဟာ (gmail, yahoomail, outlook) စတဲ့email တစ်ခုခုရှိတွေရှိနေတတ်ပါတယ်။
အခပေး anti virus တွေမှာ မိတ်ဆွေတို့ကို ပစ်မှတ်ထားတဲ့ မသင်္ကာစရာ email တွေကို စစ်ဆေးပေးမှာဖြစ်သလို emailမှာ ပါလာတဲ့ attachment တွေကိုလဲ scan လုပ်ပြီး စစ်ဆေးပေးမှာဖြစ်လို့ ပိုပြီးစိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်ပါတယ်။

နာမည်ကြီး Anti Virius တွေထဲက Kaspersky Anti Virus ဟာဆိုရင် မြန်မာပြည်မှာပေါပေါလောလောဝယ်လို့ရတဲ့အထဲကဖြစ်ပြီး စျေးနှုန်းအားဖြင့် ၁နှစ်စာကို ၁၃၀၀၀ကျပ်ခန့်ရှိပါမယ်။

Conclusion

အချုပ်အားဖြင့်မိတ်ဆွေတို့ကိုပြောချင်တာက ကွန်ပျူတာမှာအရေးကြီး အချက်အလက်တွေသိမ်းဆည်းထားသူဆိုရင် Anti Virus ကိုဝယ်ယူအသုံးပြုဖို့ လက်မတွန့်ဖို့လိုပြီး အပေါ်ကအချက်အလက်တွေကိုလိုက်နာဆောင်ရွက်ပေးခြင်းအားဖြင့် စိတ်ရှုပ်စရာ Virus တွေရန်မှကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Photo Source: PC Gamer and Kaspersky

En Thue Tech

#EnThueTech
#TechTips
#AntiVirus

Post a Comment

0 Comments