ကွန်ပျူတာတစ်လုံးရဲ့ မားသားဘုတ် Motherboard ဆိုတာ ကွန်ပျူတာထဲက အကြီးမားဆုံး ပင်မ printed circuit board (PCB)ကြီးဖြစ်ပါတယ် ဆာကစ်ဘုတ်ပြားအကြီးကြီးပေါ့ဗျာ။ ဒီဆောင်းပါးမှာ ကွန်ပျူတာ Motherboard အကြောင်းဆိုပေမဲ့ ပိုမိုရှုပ်ထွေးတဲ့ Server နဲ့ Laptop Motherboard တွေအကြောင်းမပါဝင်ပဲ Mainstream High End Desktop(HEDT) တွေအတွက်သာ အဓိကအသားပေးဖော်ပြသွားမှာဖြစ်ပါတယ်။
Motherboard ကို main circuit board, system board, baseboard, planar board လို့ခေါ်ကြပြီး Apple ကွန်ပျူတာတွေမှာတော့ logic board လို့ခေါ်ကြပြီး mobo လို့လဲအတိုကောက်ခေါ်ကြပါတယ်။ CPUဟာ ကွန်ပျူတာတစ်လုံးရဲ့နှလုံးသားဆိုရင် Motherboardဆိုတာ ကွန်ပျူတာရဲ့ကျောရိုးပါ။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ ကျောရိုးမှာ တစ်နည်းနည်းနဲ့တွယ်ဆက်နေသလိုပါပဲ ကွန်ပျူတာတစ်လုံးမှာတပ်ဆင်ထားတဲ့ အစိတ်အပိုင်း(CPU Memory Graphics HDD SSD)တွေအားလုံးဟာ Motherboard နဲ့ တိုက်ရိုက်ဖြစ်စေသွယ်ဝိုက်ဖြစ်စေ လာရောက်ချိတ်ဆက်လေ့ရှိပါတယ်။ Motherboard ဟာ တကယ်တန်း PCB ကြီးတစ်ခုသာဖြစ်ပြီး ကိုယ်တိုင်အနေနဲ့တွက်ချက်မှုတွေ ဘာမှဆောင်ရွက်နိုင်စွမ်းမရှိဘူးဆိုပေမဲ့ သူ့မှာ လာရောက်တပ်ဆင်တဲ့ componentsတွေအပေါ်မူတည်ပြီး စွမ်းဆောင်ရည်ကို ချဲ့ထွင်နိုင်စွမ်းရှိပါတယ်။
ကမ္ဘာပေါ်မှာ ကွန်ပျူတာ Motherboard ထုတ်လုပ်ပေးနေတဲ့ကုမ္မဏီပေါင်း ၂ဝကျော် ၃ဝဝန်းကျင်ရှိတယ်လို့သိရပါတယ်။ ထင်ရှားကျော်ကြားတဲ့ကုမ္မဏီတွေကတော့ Asus, MSI, Asrock, Intel, Gigabyte, EVGA, Bioster စသည်တို့ဖြစ်ပါတယ်။
Form Factor
![]() |
Motherboard Sizes |
Motherboardမှာ သူရဲ့ ပုံသဏ္ဌာန်နဲ့အရွယ်အစားကိုလိုက်ပြီး အမည်တွေကွဲပြားသွားသလို သူရဲ့ချဲ့ထွင်နိုင်စွမ်းလဲကွာခြားသွားလေ့ရှိပါတယ်။ Form Factor ကထုတ်လုပ်တဲ့ကုမ္မဏီအလိုက် အမျိုးမျိုးကွဲပြားနေလေ့ရှိပေမဲ့ အဓိကအားဖြင့် အောက်ပါအတိုင်းခွဲခြားထားပါတယ်-
ATX (12in x9.6in)
micro-ATX or mATX (9.6in x9.6in)
Mini-iTX (6.75in x6.75in)
Extended ATX or EATX (13in x12in)
ဥပမာပြောရရင် Intel Z370 chipset သုံးထားတာခြင်းတူတဲ့ motherboardတွေမှာ Form Factor အလိုက် ATX motherboard မှာ PCIe 3.0/2.0 x16 slot ၂ခု နဲ့ memory slot ၄ခုပါပေမဲ့ ပိုမိုသေးငယ်တဲ့ mATX motherboard မှာ PCIe 3.0/2.0 x16 slot ၁ခု နဲ့ memory slot ၄ခု၊ အသေးငယ်ဆုံး Mini-iTX motherboard မှာတော့ PCIe 3.0/2.0 x16 slot ၁ခုနဲ့ memory slot ၂ခုသာပါဝင်တော့တာကိုတွေ့ရပါတယ်။
Motherboard Form Factor ဟာ အချို့နေရာမှာ chipset အပေါ်မူတည်ပြီး ATX မဟုတ်ပဲ mATX ဖြစ်သွားတာမျိုးလဲရှိပါတယ်။
Socket
သင့်ကွန်ပျူတာmotherboardမှာ ဘယ် CPUကိုတပ်ဆင်အသုံးပြုလို့ရမယ်ဆိုတာကို ပထမဆုံးအဆုံးဖြတ်ပေးမဲ့အရာဟာ socketအမျိုးအစားပါ။ socket ဆိုတာက motherboard နဲ့ CPU ကိုဆက်သွယ်ပေးမဲ့ အရာဖြစ်ပါတယ်။ CPU ဖန်တီးသူတွေဖြစ်တဲ့ Intel နဲ့ AMD ဟာ အသုံးပြုမဲ့CPU Model နဲ့ socket အသစ်တွေကိုဖန်တီးနေလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် socket ကိုပုံစံ၃မျိူးနဲ့တွေ့ရပါတယ်။
Land Grid Array (LGA)
LGA socket ဆိုတာက Motherboard ပေါ်က socket အထိုင်မှာ သေးငယ်လှတဲ့ pin လေးတွေရှိနေပြီး CPU ပေါ်မှာ အပေါက်လေးတွေရှိနေတာပါ။ pinလေးတွေများပြားသလိုအရွယ်ကလဲသေးငယ်တာမို့ မတော်တထိမိလို့ pinတွေကွေးသွားရင် ပြန်ဆန့်လို့ရကောင်းရနိုင်ပေမဲ့ အခန့်မသင့်ရင် motherboard တစ်ခုလုံးသုံးမရတော့ပဲ ဖြစ်သွားပါလိမ့်မယ်။ Intel Core series CPUတွေနဲ့ AMD Ryzen Threadripper CPU တွေဟာ LGA တွေပါ။
Pin Grid Array (PGA)
PGA socket ဆိုတာက Motherboard ပေါ်က socket အထိုင်မှာ pin တွေမရှိပဲအပေါက်လေးတွေရှိနေပြီး CPU ပေါ်မှာ pinတွေရှိနေတာပါ သို့ပေမဲ့ pinလေးတွေက LGA socket မှာလိုသေးမနေပဲ အရွယ်အနည်းငယ်ပိုကြီးပါတယ် သူ့မှာလဲ pin တွေကောက်သွားရင် CPU ကိုသုံးမရတော့ပဲဖြစ်ကုန်ပါလိမ့်မယ်။ အထူးသဖြင့် AMD Ryzen CPU တွေဟာ PGA ပါ။
Ball Grid Array (BGA)
BGA socket ဆိုတာက CPU နဲ့ Motherboard ကိုဆက်သွယ်ရာမှာ လွယ်ကူစွာဖြုတ်တပ်လို့ရတဲ့ pin တွေမသုံးတော့ပဲ ဘောစေ့လေးတွေနဲ့ ဂဟေဆော်ထားတာကိုဆိုလိုတာပါ။ CPUပျက်သွားရင် ပြန်လည်ပြုပြင်ဖို့ခက်ခဲပါတယ်။ သူ့ကို laptopတွေ နဲ့ gaming console တွေရဲ့ cpu မှာအသုံးပြုကြလေ့ရှိပါတယ်။
CPU socket အချို့
(Mainstream)
Intel: LGA775,
LGA1156, LGA1155, LGA1150, LGA1151, LGA1151v2
AMD: AM2, AM3,
AM3+, AM4
(HEDT)
Intel: LGA 2011,
LGA 2011-3, LGA 2066, LGA3467
AMD: TR4
Chipset
သင့်ကွန်ပျူတာmotherboardမှာ ဘယ် CPUကိုတပ်ဆင်အသုံးပြုလို့ရမယ်ဆိုတာကို ဒုတိယဆုံးဖြတ်ခွင့်ပေးမှာက Chipsetပါ။ Chipset ဆိုတဲ့အဓိပ္ပါယ်ဟာ မတူညီတဲ့chipတွေကို တစ်နေရာထဲမှာ စုစည်းတည်ဆောက်ထားတာကိုဆိုလိုပါတယ်။ အလွယ်ကူဆုံးအနေနဲ့ပြောရရင် Chipset ဆိုတာ CPUကို motherboard ပေါ်က componentတွေနဲ့ ချိတ်ဆက်ပေးတဲ့အလုပ်ကိုလုပ်ပါတယ်။ သင့် PC က memory slot ဘယ်နှခု graphics card ဘယ်နှကတ် SATA ဘယ်နှခု Overclocking လုပ်လို့ရမရ စတဲ့အချက်တွေဟာ chipset ပေါ်မှာမူတည်နေပါတယ်။ Intel ရဲ့ Nehalem လိုခေါ်တဲ့ ပထမဦးဆုံး Core i series မတိုင်ခင်ကာလမှာ motherboard ပေါ်က chipset ဆိုတာ Northbridge နဲ့ Southbridge ဆိုတဲ့ chip ၂ခုပေါင်းစပ်ထားတာကိုဆိုလိုပါတယ်။ နောက်ပိုင်းမှာတော့ core i seriesတွေမှာ Northbridge Chip ကို motherboard ပေါ်ကနေဖယ်ထုတ်ခဲ့ပြီး CPU မှာတစ်ပါတည်းထည့်သွင်းလိုက်တာဖြစ်ပါတယ်။ motherboard ပေါ်မှာကျန်ခဲ့တဲ့ chip ကိုSouthbridge လို့မခေါ်တော့ပဲ Intel က Platform Controller Hub(PCH) လို့သာခေါ်ပါတယ်။ Intel ရဲ့ ပြိုင်ဘက် AMD သည်လဲ ၂၀၁ရခုနှစ်နောက်ပိုင်းမှာထုတ်တဲ့၄င်းတို့ရဲ့ Ryzen CPU တွေအသုံးပြုတဲ့ AM4 motherboardတွေမှာ အဆိုပါ PCH ဆိုတဲ့နာမည်ကိုသာ ဆက်လက်အသုံးပြုတာကိုတွေ့ရပါတယ်။ နမူနာအနေနဲ့ လွန်ခဲ့တဲ့ ၂နှစ်အတွင်း ထွက်ရှိခဲ့တဲ့ motherboard chipset တွေကိုဖော်ပြပေးလိုက်ပါတယ်။
(Mainstream)
* Intel: H110,
B250, H270, Z270(7th Gen)
H310, B360, H370,
Z370(8th Gen)
* AMD: A320, B350,
X370(1st Gen Ryzen)
B450, X470 (2nd Gen
Ryzen)
(HEDT)
* Intel: X79, X99,
X299, Z399, X599
* AMD: X399
Northbridge
Chipset မှာ အဓိက chip ၁ခုဖြစ်တဲ့ Northbridgeကိုအရင်ပြောပြပါမယ်။ Northbridge ဆိုတဲ့နာမည်အတိုင်း motherboard ရဲ့ မြောက်အရပ်ဖြစ်တဲ့ CPU ရဲ့အောက်ဘက် Graphics Card တွေတပ်တဲ့ PCIE slot ရဲ့ အပေါ်ဘက်(ယခု M2 Slot နေရာ)မှာရှိပါတယ်။ Northbridge ဟာ CPU ကို High Speed Communication ဖြစ်တဲ့ Front Side Bus(FSB) နဲ့ချိတ်ဆက်ပါတယ်။ ဒါတင်မက Data တွေမြောက်များစွာ အသွင်းအထုတ်ပြုနိုင်တဲ့ အရာတွေဖြစ်တဲ့ Memory တို့ PCIE တို့ကိုပါ Northbridge မှ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ Memory တို့ PCIE တို့ဟာ Northbridgeမှတစ်ဆင့်သာ CPU ကိုချိတ်ဆက်ရပါတယ်။ အရင်က GMA 4500 လို onboard graphics ဟာ Northbridge ထဲမှာသာ ရှိနေခဲ့တာဖြစ်ပါတယ်။
![]() |
Northbridge and Southbridge on G41 Motherboard |
Southbridge
Chipset မှာ နောက်ထပ်အဓိက chip ၁ခုက Southbridge ဖြစ်ပါတယ်။ Southbridge ဆိုတဲ့နာမည်အတိုင်း သူ့ရဲ့တည်နေရာဟာ Motherboard ရဲ့တောင်ဘက်ပိုင်းနေရာ (mobo Asus MSI logoတွေရှိတဲ့နေရာ)မှာတည်ရှိပါတယ်။ Southbridge ဟာ Data Transfer နှုန်းမြင့်မားလေ့မရှိတဲ့ PCI (network card audio card)တို့ Sata တို့ USB တို့နဲ့ချိတ်ဆက်ထားပါတယ်။ Northbridge နဲ့မတူတာက Southbridge ဟာ CPU နဲ့တိုက်ရိုက်ချိတ်ဆက်ထားမျိုး မရှိပဲ Northbridge မှတဆင့်သာ external data bus နဲ့ ချိတ်ဆက်ထားပါတယ်။
Platform Controller Hub(PCH)
နောက်ပိုင်းကွန်ပြူတာတွေဟာ Core အရေအတွက်တွေ အများကြီးပါလာသလို မြန်နှုန်းတွေအရမ်းမြင့်မားလာပြီး CPU နဲ့ Motherboard အကြား အချက်အလက်တွေကူးပြောင်းရာမှာ Chipset က အပြည့်အဝကိုင်တွယ်နိုင်စွမ်းမရှိတော့တာမို့ Performance Bottleneck ပါ ဖြစ်လာပါတယ်။ ဒီအခြေအနေကိုကျော်လွှားဖို့ရာ motherboard Northbridge chip ရဲ့ function တော်တော်များများဖြစ်တဲ့ Memory တို့ PCIE တို့ onboard graphics တို့ကို CPU Die ထဲမှာတစ်ပါတည်း ထည့်သွင်း တည်ဆောက်လိုက်ပါတော့တယ်။ motherboard ပေါ်က onboard graphics ဟာ CPU ထဲမှာမို့ iGP လို့ခေါ်တဲ့ Integrated Graphics Processor ဖြစ်လာပါတယ်။
Memory Slot
ပုံမှန်အားဖြင့် Motherboard တစ်ခုမှာ အနည်းဆုံး Dual Channel Memory ကိုအထောက်အပံ့ပေးပါတယ်။ Memory Channel တစ်ခုစီအတွက် Memory Slot ၂ခုပါပြီး စုစုပေါင်း ၄ခုပါပါတယ်။ Mini-ITX motherboard တွေမှာတော့ Dual Channel ကိုအထောက်အပံ့ပေးစေကာမူ သေးငယ်တဲ့အရွယ်အစားကြောင့် Channel တစ်ခုမှာ Slot ၁ခုသာ ပါဝင်ပါတယ်။
![]() |
ASUS X399 ZENITH EXTREME HEDT Motherboard |
HEDT Motherboard တွေမှာတော့ Quad Channel Memory အထိ အထောက်အပံ့ပေးပြီး Slot ၈ခုအထိပါ ပါတယ်။
BIOS and UEFI
BIOS (Basic Input/Output System) ဆိုတာ Motherboard ရဲ့ firmware ပါ သူ့အလုပ်က software တွေနဲ့ hardware တွေကိုချိတ်ဆက်ပေးတဲ့အလုပ်ပါ။ ကွန်ပျူတာကိုစဖွင့်လိုက်တာနဲ့့ windows မတက်လာခင်မှာ BIOS က CPU နဲ့ အခြားလိုအပ်တဲ့အစိတ်အပိုင်းတွေနဲ့ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ motherboard ပေါ်က BIOS ရဲ့ data တွေကို သိမ်းဆည်းထားပြီးရင် ပျောက်ပျက်မသွားနိုင်တဲ့ non-volatile memory ဖြစ်တဲ့ Read Only Memory (ROM) chip ပေါ်မှာ သိမ်းဆည်းထားပါတယ်။ ဘယ် CPUဘယ်နှစ်ကပ်တပ်ထားတယ် ဘယ် RAM ဘယ်နှချောင်းတပ်ထားတယ်ဆိုတာတွေအပြင် overclocking အတွက်ဘယ် clockspeed ဘယ်voltage နဲ့သုံးနေတယ်ဆိုတာတွေကိုပါ မှတ်သားပေးထားပါတယ်။ ဒီ setting တွေကိုမှတ်သားထားတာက volatile memory တစ်မျိုးမှာမှတ်သားထားပါ။ volatile memory မှာဖြစ်လို့ setting တွေ မပျောက်ပျက်သွားအောင် CMOS battery အကူအညီနဲ့ မှတ်သားထားပါတယ်။
UEFI BIOS ဆိုတာက Unified Extensible Firmware Interface ရဲ့အတိုကောက်ဖြစ်ပြီး မူလ BIOSထက်ပိုမိုများပြားတဲ့လုပ်ဆောင်ချက်တွေပါလာတယ်။ UEFI မှာသိသိသာသာထူးခြားလာတာတွေက Graphical Interface ဖြစ်ပြီး keyboard သာမက mouse ပါသုံးလို့ရလာတွေ၊ USB ကနေ Windows တင်တာ BIOS update လုပ်တာတွေ၊ Online ပေါ်ကတိုက်ရိုက်ချိတ်ပြီး BIOS update လုပ်တာတေ စတဲ့ featuresတွေပါလာပါတယ်။
ဥပမာပြောရရင် Intel 6th Gen Motherboard ဖြစ်တဲ့ B150 Motherboard မှာ LGA 1151 socket ခြင်းတူတဲ့ Intel 6th Gen CPU တွေသာမက Intel 7th Gen CPU တွေပါ တပ်လို့ရပါတယ်။ တပ်လို့ရတယ်ဆိုပေမဲ့ ဒီတိုင်းတပ်လိုက်ရင် motherboard ကသိမှာမဟုတ်လို့ bootလဲတက်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Motherboard ရဲ့ firmware လို့ ဆိုနိုင်တဲ့ B150 Motherboard ရဲ့ BIOS က သူ့နောက်မှထွက်လာတဲ့ ့hardware အသစ်ဖြစ်တဲ့ Intel 7th Gen CPU တွေကိုမသိသေးတဲ့အတွက် BIOS update လုပ်ပေးလိုက်မှသာ socket ခြင်းတူပေမဲ့နောင်ထွက်တဲ့ Intel 7th Gen CPUတွေကိုပါ အသုံးပြုလို့ရလာမှာဖြစ်ပါတယ်။
Voltage Regulator Module (VRM)
သင့်အနေနဲ့ Motherboard တစ်ခုကို ကြည့်လိုက်တဲ့အခါ CPU ပတ်ပတ်လည်မှာ heatsink တွေ အမဲရောင်လေးထောင့်တုံးလေးတွေ capacitor လေးတွေကိုတွေ့ရပါလိမ့်မယ် ဒီအရာလေးတွေကို Voltage Regulator Module သို့မဟုတ် VRM လို့ခေါ်ပါတယ်။ သင့်အနေနဲ့ ဒီVRM ကို သိပ်ပြီးအရေးမကြီးဘူးလို့ ထင်ကောင်း ထင်နေနိုင်ပေမဲ့ VRM ဆိုတာက Motherboard ရဲ့ အင်မတန်မှ အရေးကြီးလှတဲ့ အစိတ်အပိုင်းတစ်ခုု ဖြစ်ပါတယ်။
VRM ဟာ CPU အတွက်ပါ၀ါဖြန့်ဖြူးပေးတဲ့အလုပ်လုပ်ပါတယ်။ CPU အတွက် 8 pin Power Connector ကနေ ပါ၀ါပေးထားတဲ့ Voltage ဟာ 12 Voltပါ သို့သော်လည်း CPU ရဲ့ အမှန်တကယ် အလုပ်လုပ်တဲ့ Voltage ဟာ12 Volt မဟုတ်ပဲ 1.2~1.4 Volt ဝန်းကျင်ခန့်သာဖြစ်ပါတယ်။ CPUထဲမှာ transistor ပေါင်း ဘီလီယံနဲ့ချီပြီး ပါဝင်တဲ့အတွက် 12 Volt လိုများပြားလှတဲ့ voltage တွေဟာ CPUပျက်စီးစေနိုင်သလို အပူလဲပိုထွက်စေနိုင်ပါတယ်။ VRM ဆိုတာ Motherboard ပေါ်က power supply အသေးစားလေးလိုပါပဲ သူဟာCPU အတွက် ပါ၀ါပေးထားတဲ့ 12 Volt ကနေ CPU အမှန်တကယ်အသုံးပြုတဲ့ 1.2~1.4 Volt ဝန်းကျင်ဖြစ်အောင် လျော့ချလိုက်ပြီး လိုအပ်တဲ့ Voltage ကို အချိန်နှင့်တပြေးညီ မှန်ကန်တိကျစွာ ဖြန့်ုဖြူးပေးတာပါ။ အကယ်၍ Motherboardမှာ အရည်အသွေးနိမ့်ပါးတဲ့ VRM ကိုအသုံးပြုခဲ့မယ်ဆိုရင် CPU ဆီ Voltage ရောက်တာမမှန်ဖြစ်ပြီး blue screen(BSOD) တက်တာတွေ freeze ဖြစ်တာတွေ ကြုံရမှာပါ။
![]() |
Voltage Regulator Module (VRM) |
VRM မှာ MOSFET(metal-oxide-semiconductor field-effect transistor)ရယ် Chokes Capacitors ဆိုပြီး အပိုင်း၃ပိုင်းပါပါတယ်။ MOSFET ဟာ ပုံမှန်အားဖြင့် CPU ဘေးက Heatsink တွေအောက်မှာရှိနေပါတယ် (အချို့မှာheaksink မပါ)။ Chokes ဆိုတာ VRM heatsink ဘေးက အမဲရောင်လေးထောင့်တုံးလေးပါ။ ဒီ၃ခုပေါင်းစပ်ထားတာကို Power Phase လို့ခေါ်ပြီး PWM chip တစ်ခုမှ ထိန်းချုပ်ထားပါတယ်။ Motherboard တစ်ခုမှာ Power Phase ဘယ်နှခုပါသလဲသိချင်ရင် Chokes အရေအတွက်ကိုကြည့်ပြီးသိနိုင်ပြီး အကြမ်းအားဖြင့် Chokes များလေကောင်းလေလို့ယူဆနိုင်တယ်။
*** Overclocking ကိုအထောက်အပံ့ပေးထားတဲ့ Z370 လို Motherboardတွေမှာတော့ VRM ရဲ့အရည်အသွေးဟာ သိပ်ကိုအရေးပါပြီး မိမိ CPU ကို ဘယ်လောက် MHz အထိ တည်တည်ငြိမ်ငြိမ်နဲ့ စွမ်းဆောင်ရည်ကို ဆွဲတင်နိုင်မှာလဲဆိုတာ အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒီလိုMotherboardတွေမှာ Choke အရေအတွက် (၈)ခုနဲ့အထက်ပါပါတယ်။
*** Overclocking မလုပ်နိုင်တဲ့ H310 လို Motherboardတွေမှာတော့ Choke အရေအတွက် (၄)ခုခန့်သာပါလေ့ရှိပါတယ်။
Power Connectors
ကွန်ပျူတာmotherboard ဆိုတာ အီလက်ထရောနစ် ပစ္စည်းတစ်ခုသာဖြစ်တာမို့ လျှပ်စစ်စွမ်းအင်လိုအပ်ပါတယ်။ ကျနော်တို့ရဲ့အိမ်သုံးလျှပ်စစ်က AC220V ပါ ဒါပေမဲ့ ကွန်ပျူတာဆိုတာ လျှပ်စစ်ပစ္စည်းသာဖြစ်တာမို့ လျှပ်စစ်ပစ္စည်းတွေရဲ့ထုံးစံအတိုင်း DC နဲ့သာအလုပ်လုပ်တဲ့အတွက် PSU က ကွန်ပျူတာအသုံးပြုမဲ့ DC 12V နဲ့ DC5Vကိုပြောင်းလဲပေးပါတယ်။ PSU ကနေ motherboard အတွက် DC 12V ကို ATX 24 pin connector 8 pin connector ၂ခုမှ စွမ်းအင်ပေးပါတယ်။
motherboard အတွက်အဓိကစွမ်းအင်ကိ့ 24 pin connector ကနေရရှိပါတယ်။ 24 pin connector ဆိုတဲ့အတိုင်း pin ၂၄ခုရှိပါတယ် အချို့ အရွယ်အစားသေးငယ်ပြီး ပါ၀ါစားသုံးမှုနည်းပါးတဲ့ motherboardတွေမှာတော့ 24 pinထက်လျော့နည်းပြီး 20pin လောက်သာရှိပါတယ်။
8 pin connector ကတော့ CPU အတွက်ပါ၀ါထောက်ပံ့ပေးဖို့ဖြစ်ပါတယ်။ 8 pin connector ဆိုတဲ့အတိုင်း pin ၈ခုရှိပါတယ် overclocking လုပ်နိုင်စွမ်းမရှိတဲ့ Motherboard တွေမှာတော့ 8 pin connector အစား 4 pin connectorသာ ပါဝင်ပါတယ်။
PCIE Expansion Slot
PCIE သို့ PCIe ဆိုတာ Peripheral Component Interconnect Express ရဲ့အတိုကောက်ဖြစ်ပါတယ်။ Mode တွေက x1, x4, x8, x16 တွေနဲ့ဖြစ်ပါတယ်။ PCIE မှာ data သာမက power ကိုပါအထောက်ပ့ံပေးနိုင်ပါတယ်။ သူ့မှာ GPU လို high speed device တွေအတွက် PCIE x16 Slot တွေပါဝင်ပြီး CPU က တိုက်ရိုက်ထိန်းချုပ်ထားပါတယ်။ consumer CPU တွေမှာ PCIE x16 သာပါပေမဲ့ HEDT CPU တွေမှာ PCIE 64 ခုလောက်အထိပါပါတယ် ဒါကြောင့် ကျနော်တို့ consumer CPU တွေနဲ့ Crossfire လို SLI လို GPU နှစ်ကတ်သုံးမယ်ဆိုရင်တော့ x8 mode နဲ့သာ သုံးလို့ရမှာပါ။
sound card network card low speed device တွေအတွက်က PCIE x1 Slot ဖြစ်ပြီး Motherboard ရဲ့ Platform Controller Hub(PCH) ကတစ်ဆင့်ထိန်းချုပ်ထားပါတယ်။ နောက်ပိုင်းမှာ PCIE lane တွေက I/O ကိုပါ အထောက်ပံ့ပေးလာတာမို့ Thunderbolt Port တွေ PCIE SSD တွေ M.2 Nvme SSD တွေဟာ PCIEအခြေခံတွေပါ။
PCIe ဟာ backward compatible လဲဖြစ်ပြီး motherboard အရွယ်အစားနဲ့ chipset အပေါ်မူတည်လို့ lane အရေအတွက်တွေကွဲပြားသွားပါတယ်။
နှစ်အလိုက်ထွက်ရှိထားတဲ့ PCIE Expansion Slot version တွေနဲ့ သူတို့ speed တွေက အောက်ပါအတိုင်းဖြစ်ပါတယ်-
*PCIE 1.0 (2003)
2.5 GT/s
x1 မွာ(250
MB/s)x1 ဆိုတော့ x16မှာ (4.0 GB/s)
*PCIE 2.0 (2007)
5.0 GT/s 500 MB/s
x1 မှာ(500
MB/s)x1 ဆိုတော့ x16မှာ (8.0 GB/s)
*PCIE 3.0 (2010)
8.0 GT/s 984.6 MB/s
x1 မှာ(984.6
MB/s)x1 ဆိုတော့ x16မှာ (15.8 GB/s)
*PCIE 4.0 (2017)
16 GT/s 1969 MB/s
x1 မှာ(1969
MB/s)x1 ဆိုတော့ x16မှာ (63.0 GB/s)
SATA Ports
ပုံမှန် ATXဘုတ်တွေမှာ SATA 3 ၆ခုလောက်ပါလေ့ရှိသလို motherboard အရွယ်အစားနဲ့ chipset အပေါ်မူတည်လို့ အချို့မှာဒီထက်ပိုနိုင်သလိုုုဒီထက်လဲနည်းနေနိုင်ပါတယ်။
USB
Intel Z370 နဲ့ AMD X470 တို့လိုနောက်ပိုင်း motherboard တွေမှာ USB 2.0 နဲ့ USB 3.0 မက USB 3.1 Gen1 နဲ့ USB 3.1 Gen2 တွေပါအထောက်အပ့ံပေးလာပြီဖြစ်ပါတယ်။
Wire and Wireless Network Connectors
နောက်ပိုင်း အချို့ motherboard တွေမှာ LAN port အပြင် Wireless Adaptor တွေ Bluetooth Receiver တွေပါလာလေ့ရှိပါတယ်။
Other Connectors
အခြား connector တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-
1. Fan Connector များ
CPU နဲ့ Casing တွေကို အအေးပေးရာမှာအသုံးပြုမဲ့ပန်ကာလေးတွေအတွက်
2. AIO and Water Pump Connector
Liquid Cooling ဖြင့်အအေးခံရာမှာ အသုံးပြုတဲ့ Water Pump တွေအတွက် Connector များ၊
3. Power Connector
Casing ပေါ်က power switch အတွက် connectorများ၊
4. Audio Connector
Casing အရှေ့မှာရှိတဲ့ Speaker နဲ့ Mic တွေအတွက် connectorများ၊
5. USB connector များ
Casing အရှေ့မှာရှိတဲ့ USB ကြိုးတွေအတွက်
6. RGB connector များ
လှပတဲ့RGB Lighting အတွက် RGB နဲ့ Addressable RGB(ARGB) connector များ
7. Thermal connector များ
အပူချိန်ကိုစောင့်ကြည်ရာမှာအသုံးပြုမဲ့ Thermal Connector၊
8. TPM Connector(Trusted Platform Module)
Digital Certificate များ၊ Password နဲ့ Data များအတွက် Connector များ စတဲ့ Connector တွေပါဝင်ပါတယ်။
Conclusion
အခုလောက်ဆို မိတ်ဆွေတို့အနေနဲ့ ဒီစာကိုဖတ်ပြီးတဲ့နောက်မှာတော့ Motherboard ဆိုတာ ဘာလဲ၊ ဘယ်လိုအစိတ်အပိုင်းတွေပါသလဲ၊ ဘာတွေက ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့အအကြောင်းတွေကို အတော်အတန်သဘောပေါက်လိမ့်မယ်ဆိုရင် ကျနော်ရေးရကျိုးနပ်ပါပြီ။ နောက်ပိုင်းမှာလည်း Motherboard တွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ နောက်ထပ် postတစ်ခုနဲ့ ထပ်ရှင်းပြပေးသွားဦးမှာပါ။ ဒီလိုအကြောင်းအရာလေးတွေကို စိတ်ဝင်စားတယ်ဆိုရင်ဖြင့် ဒီPage ကို like and see first လုပ်ထားနိုင်ပါတယ်…..
Written By: Ae Mon
Min Han
#EnThueTech
#TechTips
#Motherboard
Reference
1. As fast as
possible videos by Linus Sebastian
2. Anatomy of a
Motherboard - How a VRM works, MOSFETs, Chokes, Chipset, & PCI-e (UPDATE) by
Gamer Nexus
3. What is MOSFET and why you
should keep it cool? by Atila Gobor(EKWB)
4.
Motherboard, Chipsets, PCH wikipedia
Photo Credit
2. https://www.asus.com
0 Comments