HDMI 2.1 ကိုကြေညာလို့မကြာသေးခင်မှာ VESA ကလဲ ငြိမ်ခံမနေခဲ့ပဲ Display Port 2.0 ကိုကြေညာလိုက်ပါပြီ။ Thunderbolt 3 ရဲ့ physical layer ကိုအခြေခံထားတဲ့ Display Port 2.0 မှာ bandwidth 80Gbps ရှိလာမှာဖြစ်ပြီး HDMI 2.1 ရဲ့ 48Gbpsထက် ပိုမိုများပြားကာ 8K HDR 60Hz နဲ့ 4K HDR 144Hz အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Display Port 2.0မှာ Display Stream Compression (DSC) နည်းပညာမဖြစ်မနေပါဝင်လာမှာပါ အဆိုပါနည်းပညာဟာ ပါဝါစားသက်သာစေပြီး သိသာတဲ့ latency မရှိစေပဲ ရုပ်ပုံ virtually lossless compression လုပ်ပေးနိုင်မှာပါ။
Display Port 2.0ကို ၂၀၂၀ နောက်ပိုင်းမှာမြင်လာရဖို့ရှိပါတယ်။
Source: anandtech
0 Comments