Subscribe Us

header ads

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် 7nm Data Center GPU



Tianshu Zhixin လို့သိကြတဲ့ Shanghai Tianshu Zhixin Semiconductor Co.Ltd ဆိုတဲ့ တရုတ်ပြည်တွင်းကုမ္ပဏီဟာ Big Island (BI) GPGPU ကိုကြေညာခဲ့ပါတယ်။ Big Island ဟာ ပထမဆုံး တရုတ်ပြည်ဖြစ် GPGPU ဖြစ်ကာ AI နဲ့ HPC တွေအပြင် ပညာရေး၊ ဆေးဝါးနဲ့ လုံခြုံရေး နယ်ပယ်တွေမှာပါအသုံးပြုနိုင်ပါတယ်။


BI မှာ Transistor ပေါင်း ၂၄ဘီလျံပါဝင်မှာဖြစ်ကာ ကိုယ်ပိုင်GPU architectureကို အခြေခံကာထုတ်လုပ်ထားပါတယ်။ အ‌ဆိုပါ chip ကိုနောက်ဆုံးပေါ် 7nm process node နဲ့ 2.5D (chip-on-wafer-on-substrate) CoWoS packaging နဲ့ဖန်တီးထားတာပါ။ Tianshu Zhixin ကတော့ ဒီchip ကိုဘယ် Foundry မှာထုတ်ခဲ့တာလဲဆိုတာတော့ မဖော်ပြထားပါဘူး။ သို့ပင်သော်ငြား node ရဲ့ ဖော်ပြချက်တစ်ချို့မှာ TSMC ကနည်းပညာ‌‌တွေသုံးထားတာတွေ့ရပါတယ်။

Tianshu Zhixin အနေနဲ့ ဒီ chip ကို ဒီဇိုင်းပြုနေတာ ၂၀၁၈ခုနှစ်က‌တည်းကဖြစ်ပြီး ၂၀၂၀ခုနှစ်မေလမှာ အပြီးသတ်ပုံစံနိုင်ခဲ့ပါတယ်။ အကယ်၍ အမြောက်အမြားထုတ်လုပ်နေပြီဆိုပါက ဒီနှစ်ထဲမှာစတင်ရောင်းချဖွယ်ရှိပါတယ်။

Big Island ဟာ floating point format တွေဖြစ်တဲ့ FP32, FP16, BF16, INT32, INT16 နဲ့ INT8 တို့ကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။

Big Island ရဲ့ FP16 စွမ်းဆောင်ရည်ဟာ147 TFLOPS ရှိတယ်လို့သိရပြီး Nvidia A100 နဲ့ AMD Instinct MI100 တို့ရဲ့ FP16 စွမ်းဆောင်ရည်ဟာ 77.87 TFLOPS နဲ့ 184.6 TFLOPS အသီးသီးရှိပါတယ်။ သို့ပင်သော်ငြား Nvidia A100 ဟာ Tensor Core တွေရှိတာမို့ Tensor Core အကူအညီနဲ့ 312 FP16 TFLOPS အထိရနိုင်ပါတယ်။

Source: Tom's Hardware
Image Credit: Tianshu Zhixin

#EnThueTech
#GPU

Post a Comment

0 Comments