Ryzen 5000 Mobile U Series
AMD ဟာ Ultrabook တွေအတွက် သူ့ရဲ့ 15W APU တွေဖြစ်တဲ့ Ryzen 5000 U Series တွေကိုကြေညာခဲ့ပါတယ်။ Code Name က Lucienne ဖြစ်ပြီး ဒီAPU တွေဟာ ယခင်Ryzen 4000 U Series တွေထက် IPC နဲ့ Clock Speed တိုးတက်လာတာမို့ ယခင်မျိုးဆက်တွေထက် 10~20% အထိ ပိုမိုမြန်ဆန်လာပါမယ်။ယခုSeries မှာ Core တွေ Thread တွေမတိုးတက်လာတာမို့ ယခင်မျိုးဆက်တွေလို အရမ်းသိသိသာသာမြန်လာတာမျိုးခံစားရမှာမဟုတ်ပါဘူး။ အရေးကြီးအချက်က AMD က အမြင့်ဆုံး 15W APUဟာ Intel ရဲ့ Tiger Lake Core i7-1165G7ကို productivity ပိုင်းမှာ အသားအရသာကိုပြသသွားတာပါ။ ဒါကလည်း Core Thread ၂ဆလောက်ပိုများတဲ့အတွက် ဆန်းတော့မဆန်းပါဘူး။
Ryzen 5000 U Series တွေထဲမှာ အမြင့်ဆုံးက Ryzen 7 5800U ပါ 8C 16T ဖြစ်ပြီး Clock Speed က 1.9GHz ကနေ 4.4GHz အထိရပါမယ်။ ဒါ့အပြင် 6C 12T Ryzen 5 5600U ကိုလည်းမိတ်ဆက်သွားပါတယ်။
Ryzen 5000 Mobile H Series
ဒီCPU တွေဟာ Desktop Ryzen 5000 တွေကိုအခြေခံထားတာဖြစ်ပြီး ဒီနှစ်မှာ AMD ဟာ Ryzen 9 HX ဆိုတဲ့ line up အသစ်ကိုပါမိတ်ဆက်လာပါတယ်။ HX Series တွေဟာ TDP ပိုမိုမြင့်မားက Overclocking ပါလုပ်နိုင်ပါတယ်။ Overclock လုပ်နိုင်တဲ့ CPU တွေကို Intel ကထုတ်လာခဲ့တာကြာပြီမို့ AMD က HX ကိုထုတ်တာအဆန်းတော့မဟုတ်ပါဘူး။ HX Series တွေဟာ Intel ရဲ့ 11th Gen Tiger Lake တွေထဲက အမြင့်ဆုံး CPU တွေနဲ့ယှဉ်ပြိုင်မှာဖြစ်ပါတယ်။Desktop Ryzen 5000 with Lower TDP
AMD ဟာ Mobile အပြင် ပါဝါစားသက်သာတဲ့ Ryzen 5000 ကိုပါကြေညာသွားပါတယ်။ အဆိုပါCPU တွေက Ryzen 9 5900 နဲ့ Ryzen 7 5800 တွေဖြစ်ကာ Clock Speed လျော့ထားပြီး ပါဝါစားသက်သာတဲ့ model တွေမို့ အနောက်မှာ X မပါပဲ TDP အနေနဲ့ 65Wသာရှိမှာဖြစ်ပါတယ်။ အဆိုပါCPU တွေဟာ OEM တွေအတွက်သာဖြစ်လို့ ဈေးနှုန်းကိုတော့မသိရပါဘူး။RDNA 2 for Notebook
AMD ဟာ RDNA 2 အသုံးပြုထားတဲ့ ပထမဆုံး Laptop တွေကို မိတ်ဖက်တွေနဲ့ ပထမနှစ်ဝက်အတွင်းဖြန့်ချီဖို့ရာရှိတယ်လို့ဆိုပါတယ်။ စွမ်းဆောင်ရည်ကိုတော့ Dirt5 ကို 1440P မှာ 60FPS နဲ့ ကစားပြသွားပါတယ်။ Desktop GPU တွေဈေးကွက်ပြတ်လပ်နေချိန်မှာ Laptop တွေကတော့ လွယ်လွယ်ကူကူဝယ်လို့ရနိုင်ပါတယ်။Mid Range RDNA 2 Desktop GPU တွေဟာလည်း ပထမနှစ်ဝက်အတွင်းထွက်ရှိလာမယ်လို့ဆိုပါတယ်။
Threadripper Pro
ယခင်က Pre-built Workstation တွေမှာရနိုင်တဲ့ Threadripper Pro တွေကိုလည်း Consumer ဈေးကွက်ကိုဖြန့်ချိတော့မယ်လို့ဆိုပါတယ်။ 64 C၊ 8 Channel Memory နဲ့ 128 4.0 PCIE Lanes တွေဟာ Workstation သမားတွေအတွက်မက်လောက်စရာပါ။AMD 3rd Gen EYPC CPU
Lisa Su ဟာ Ryzen တွေသာမက Code Name Milan လို့နာမည်ပေးထားတဲ့ 3rd Gen EYPC ကိုလည်းအနည်းငယ်ပြသသွားပါတယ်။ပြသတဲ့ Demo မှာ 32C 64T EYPC Milan CPU ၂ခုကို Intel 28C 56T Xeon Gold 6258R ၂ခုနဲ့ ရာသီဥတုခန့်မှန်းတဲ့ Workload တစ်ခုကို နှိုင်းယှဉ်ပြသွားပါတယ်။ AMD ရဲ့ CPU တွေဟာ Intel ထက် 68%ပိုမိုမြန်ဆန်စွာပြီးမြောက်ကြောင်း အဆိုပါdemo မှာမြင်ရပါတယ်။
#EnThueTech
#News #CES2021
#AMD #Ryzen #Threadripper #EYPC #RDNA2
0 Comments