ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်မှာ Epic Games မှာ အခမဲ့ပေးခဲ့တဲ့ဂိမ်းပေါင်းက ၁၀၃ခုရှိပြီး (US ဈေးကွက်အရစုစုပေါင်းတန်ကြေး ၂၄၀၇ ဒေါ်လာရှိ) Epic Games Store ကို သုံးစွဲသူပေါင်းသန်း ၁၆၀ရှိလာစေပါတယ်။
Freebie တွေအားလုံးက Epic Gamesမှာ ငွေမသုံးကြပေမယ့် ဂိမ်းကစားသူတွေဟာ တစ်နှစ်လုံးစာအတွက် ဒေါ်လာသန်း၇၀၀လောက်သုံးခဲ့ပြီး ၂၆၅သန်းက Epic မှာတင်ရောင်းတဲ့ ဂိမ်းတွေအတွက်သုံးခဲ့ကာ ၄၃၅သန်းကတော့ Fortnite တို့လို Epic ကထုတ်တဲ့ဂိမ်းတွေအတွက်သုံးခဲ့ပါတယ်။
အသုံးပြုတွေရဲ့ကစားချိန်ဟာ ပြီးခဲ့တဲ့နှစ်က ၃.၃၅ ဘီလီယံရှိရာမှ ၅.၇ ဘီလီယံအထိတိုးတက်လာခဲ့ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းအရင်းကတော့ Covid-19 ကပ်ရောဂါနဲ့ အစိုးရတွေရဲ့နေအိမ်မှာသာနေထိုင်ရန်ကန့်သတ်ချက်များကြောင့်လည်းဖြစ်နိုင်ပေမယ့် တိုးတက်လာတာကတော့ တိုးတက်လာတာပါပဲ။
အနာဂတ်မှာ Epic Games ဟာ ဒီကိန်းဂဏန်းတွေ ဆက်လက်တိုးပွားလာဖို့မျှော်လင့်နေပြီး Player Profiles၊ Game Achievement နဲ့ Social Overhaul စတဲ့ features အသစ်တွေကိုလည်း ထည့်သွင်းလာခဲ့ပါတယ်။
Source: Techspot
#EnThueTech
#News
#Gaming
0 Comments