Subscribe Us

header ads

Intel မှ 11th Gen Rocket Lake Desktop CPU များကြေညာ



အွန်လိုင်းမှသာကျင်းပတဲ့ CES 2021 ပွဲမှာ Intel ဟာ သူတို့ရဲ့ 11th Gen Rocket Lake Desktop CPU များကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ခုနှစ်နောက်ပိုင်း Intel အတွက် major ‌architecture ပြောင်းလဲမှုကြီးဖြစ်ပါတယ်။ ဒီCPU တွေကို Cypress Cove CPU architecture နဲ့ Xe Graphics ကိုအသုံးပြုတည်ဆောက်ထားကာ ၂၀၂၁အစောပိုင်းမှာ တွေ့မြင်ရဖွယ်ရှိပါတယ်။

ပြသခဲ့တဲ့ Live မှာ Rocket Lake S ရဲ့ အချက်အလက်တွေအရ ယခင်မျိုးဆက်ထက် IPC ၁၉% တိုးတက်လာသလို Clock Speed လည်းပိုမိုမြင့်မားလာပါတယ်။ Intel အနေနဲ့ Mainstream ဈေးကွက်မှာ Ryzen 5000 Series ဆီက အကောင်းဆုံးစွမ်းဆောင်ရည်ဆိုတဲ့ သရဖူကိုပြန်ယူလိုနေပုံပါပဲ။



ဒါပေမဲ့ အခုကြေညာလာတဲ့ Rocket Lake S CPU တွေ မှာ ယခက်ထက် 10C20T ကနေ 8C16T အထိ Core ၂ခုပိုနည်းသွားလို့ Ryzen တွေကို ယှဉ်ဖို့သိပ်တော့မလွယ်ကူလောက်ပါဘူး။ ဘာလို့လဲဆိုတော့ ယခင်ထက် ၅၀ % ပိုမြန်လာမယ့် Xe Graphics ကြောင့် CPU Die ထဲမှာ နေရာချဖို့အဆင်မပြေတာကြောင့်သိရပါတယ်။

Intel ဟာ သူ့ရဲ့ ဈေးကွက်ဝေစုမဆုံးရှုံးစေဖို့ ဆာဗာတွေမှာသာတွေ့ရတဲ့ Deep Learning Boost Technology ကိုလည်း AI ပိုင်းအတွက်အားဖြည့်လာပါသေးတယ်။

Asus

MSI


EVGA

Asrock

Intel ဟာ ဒီ CPU တွေမှာ အသစ်ပါဝင်လာမယ့် PCIE Gen 4 အတွက် 500 Series Motherboard အသစ်တွေကိုပါထုတ်သွားမှာဖြစ်ပြီး Comet Lake လို LGA 1200 ဖြစ်တာမို့ 400 Series Motherboard တွေမှာ 11th Gen CPU တွေကို BIOS update လုပ်ကာသုံးနိုင်ပါတယ်။ သို့ပင်သော်ငြား CPU နဲ့ Motherboard PCH ရဲ့ bandwidth ကိုတစ်ဝက် (x4)သာရရှိမှာဖြစ်ပြီး 500 Series Motherboard မှာတော့ အပြည့် (x8)ရရှိမှာပါ။

11th Gen Rocket Lake CPUတွေမှာ အမြန်ဆုံးက 8C 16T Core i9-11900K ဖြစ်ကာ 5.3GHz အထိမြန်နှုန်းရှိပါတယ်။ Memory Frequency ကိုလည်း Intel က DDR4 3200MHz အထောက်အပံ့ပေးလာပါတယ်။



အခု 11th Gen Rocket Lake Desktop CPU တွေမှာ always-on Quick Sync ဆိုတဲ့ feature အသစ်ပါဝင်လာပါတယ်။ Quick Sync ဆိုတာ Integrated GPU ကိုအသုံးပြုပြီး streaming, encoding နဲ့ decoding တွေမှာ ပါဝါစားသက်သာအောင်လုပ်ပေနိုင်ပါတယ်။ အရင် Quick Sync မှာ သီခြား graphics card သုံးထားရင် အလုပ်မလုပ်ပေမဲ့ အခုတော့ graphics card သုံးထားလည်းအလုပ်လုပ်လာမှာဖြစ်ပါတယ်။

Intel 11th Gen Core Tiger Lake Desktop CPU တွေကို ၂၀၂၁ခုနှစ်မတ်လအတွင်းထွက်ရှိလာမှာဖြစ်ကာ Ryzen 5000 Series ရဲ့ သရဖူကိုပြန်လုယူနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြပါစို့။

Source: Nexus.net

#EnThueTech
#News #CES2021
#CPU #Intel #TigerLake

Post a Comment

0 Comments