နောက်ဆုံးရရှိတဲ့ထုတ်ပြန်ချက်တွေအရ Intel ဟာ ၂၀၂၀ခုနှစ်အတွင်း ဝင်ငွေ ဒေါ်လာ၇၇.၉ဘီလျံ ရရှိခဲ့တယ်လို့သိရပြီး ပြီးခဲ့တဲ့နှစ် တွေကထက် ၈ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ဆိုပါတယ်။ တချိန်ထဲမှာပဲ အမြတ်ငွေ ဒေါ်လာ၂၀.၉ဘီလျံရှိခဲ့ပြီး ရှယ်ယာပိုင်ရှင်တွေ၁၉.၈ဘီလျံပေးခဲ့တယ်လို့ Intel ကဆိုပါတယ်။
ဒီဇင်ဘာ မှာအဆုံးသတ်တဲ့ ၃လတာကာလအတွင်း ဝင်ငွေ ၂၀ဘီလျံနဲ့ အမြတ်၅.၉ဘီလျံ ရှိခဲ့ပြီး ၂၀၁၉ စတုတ္ထ၄လပတ်ထက်တော့လျော့နည်းခဲ့ပါတယ်။ သို့ပင်သော်ငြား အဆိုပါကိန်းဂဏန်းတွေဟာ ရင်းနှီးမြုပ်နှံသူတွေ ယခင်ကခန့်မှန်းတာထက်တော့ ပိုမိုခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့ရတာဟာ အိမ်မှာနေရင်း အလုပ်လုပ်တာနဲ့ စာသင်ရတွေကြောင့် ဈေးသက်သာတဲ့ PC တွေအများအပြားရောင်းချခဲ့ရလို့ဖြစ်တယ်လို့ဆိုပါတယ်။Intel ရဲ့ Data Center Group ရောင်းအားဟာ ၂၀၁၉ စတုတ္ထ၄လပတ်ထက် ၁၉ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ဘဏ္ဍာရေးနှစ်ရဲ့ရောင်းအားဟာ မနှစ်ကထက် ၁၁ရာခိုင်နှုန်း ပိုမိုမြင့်မားခဲ့ပါတယ်။ စိတ်ဝင်စားစရာအချက်က Intelရဲ့ Mobileye ရဲ့ရောင်းအားဟာ ၂၀၁၉ စတုတ္ထ၄လပတ်ထက် ၃၉ရာခိုင်နှုန်းပိုမိုခဲ့တာပါ။ အလိုအလျောက်ကားမောင်းစနစ် Mobileyeဆိုတာ လုပ်ငန်းသေးသေးလေးတစ်ခုသာဖြစ်နေသေးပေမယ့် Tesla ကိုယှဉ်ပြိုင်ဖို့တာဆူနေပါပြီ။
နောင်လာမယ့် Intel CEO အသစ် Pat Gelsinger က လက်ရှိပြဿနာရှိနေတဲ့ 7nm Chip တွေကို၂၀၂၃နှစ်မှာ အလုံအလောက် အမြောက်အမြားထုတ်လုပ်နိုင်ဖို့ကြိုးစားမှာဖြစ်ပြီး အချို့chip တွေကို ပြင်ပfoundries (TSMC ကဲ့သို့သော foundriesများ) ကို ထုတ်လုပ်စေမှာပါ။ ဘယ်ကုမ္ပဏီတွေကို ဘယ်chip တွေထုတ်ခိုင်းမှာလည်းဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။ လွန်ခဲ့တဲ့ရက်တွေက Intel ဟာ Core i3 တွေကို TSMC မှာထုတ်မယ်လို့သတင်းတွေထွက်နေပါတယ်။
ဒီလိုပြင်ပကိုအပ်နှံတယ်ဆိုတာ ကုမ္ပဏီမှလက်ရှိကြုံတွေ့နေရတဲ့ ထုတ်လုပ်ရေးပိုင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးဖို့နဲ့ ကွာဟချက်တွေကိုလျော့နည်းစေဖို့ ဈေးကွက်ဦးဆောင်မှုကို ပြန်လည်ရရှိဖို့သာဖြစ်တယ်လို့ Gelsinger ကဆိုပါတယ်။
နောက်လာမယ့် CEO အသစ်ဟာ ရှေ့ဆက်ရမည့် အရေးကြီးအချက်၄ချက်ကို ဖော်ပြခဲ့ပါတယ်။ ပထမ၂ချက်က ပိုကောင်းတဲ့ပစ္စည်းတွေထုတ်နိုင်ဖို့နဲ့ လက်ရှိOEM တွေနဲ့ဆက်ဆံရေးကိုတိုးတက်အောင်လုပ်ဖို့လိုတယ်လို့ပါတယ်။ ဝယ်သူတွေရဲ့ယုံကြည်မှုကိုပြန်လည်ရဖို့လိုပြီး Apple လိုကိစ္စဆိုရင် သိပ်နောက်ကျသွားပြီ ကိုယ့်chip တွေပြန်သုံးတော့မှာမဟုတ်ကြောင်းဆိုပါတယ်။
နောက်၂ချက်ကတော့ တီထွင်ဆန်းသစ်မှုတွေကိုပိုဦးစားပေးဖို့နဲ့ ဖောက်သည်တွေဘာတွေလိုချင်လဲဆိုတာကို ပိုသိနိုင်အောင်လုပ်ဖို့လိုတယ်လို့ဆိုပါတယ်။
Gelsinger ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ CEO အဖြစ်တာဝန်ယူမှာဖြစ်ပါတယ်။
Source: Techspot
#EnThueTech
#News #Intel
0 Comments