Intel Z590 - B560 and H510 chipset for motherboard logos/ Videocardz |
မိမိPCရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးဆွဲတင်ဖို့လိုအပ်လာချိန် အထူးသဖြင့်ဂိမ်းကစားနေချိန်မှာ Memory စွမ်းဆောင်ရည်ဟာအရေးပါလာတယ်။
B560 နှင့်အတူ နောက်ဆုံးမှာ Intel ဟာ ယခင် mid-range chipsets တွေရဲ့အားနည်းချက်ဖြစ်တဲ့ memory overclockingမလုပ်နိုင်ခြင်းကို ဖြေရှင်းတော့မယ်လို့ယူဆရပါတယ်။ ယခင်က B-series chipsets တွေဟာ DDR4 memory speeds ကို 2666MHz နဲ့ 2933MHz လောက်သာ အထောက်အပံ့ပေးခဲ့ပါတယ်။ ပိုမိုမြန်ဆန်တဲ့ DDR4 memory modules တွေစျေးသက်သာလာတဲ့အခါ B-series chipsets တွေရဲ့ စွမ်းဆောင်ရည်ဟာ ကန့်သတ်ခံထားရသလိုဖြစ်နေခဲ့ပါတယ်။
Source: OC3D, Videocardz and @pm_burowietz
#EnThueTech
#News
0 Comments