အခုBob Swan ရဲ့နေရာကို VMware ရဲ့ CEO ဖြစ်သူ Pat Gelsinger ဆိုသူကတာဝန်ယူမှာဖြစ်ပါတယ်။ သူဟာ Intel ရဲ့ အင်ဂျင်နီယာဟောင်းတစ်ဦးဖြစ်ခဲ့ပြီး အစောဆုံး x86 CPU တွေထဲကတစ်ခုဖြစ်တဲ့ Intel 80486 CPU ဖန်တီးရာမှာပါဝင်ခဲ့သူဖြစ်ကာ ၂၀၀၉ခုနှစ်မှာ EMC သို့မပြောင်းရွေ့ခင်အထိ Intel မှာ နှစ်၃၀လောက်လုပ်လာခဲ့သူဖြစ်ပါတယ်။ Pat Gelsinger ဟာ ၂၀၁၂ကစပြီး VMWare ရဲ့ CEO အဖြစ်ဆောင်ရွက်နေတာပါ။ အခုVMware အနေနဲ့ Zane Rowe ကို Interim CEO အဖြစ်ဆောင်ရွက်နေပြီး လူသစ်ရှာနေပါတယ်။
Bob Swan ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ Gelsinger ကိုရာထူးလွဲပြောင်းပေးမှာဖြစ်ပါတယ်။
Source: Techspot
#EnThueTech
#News #Intel
0 Comments