Subscribe Us

header ads

Intel မှ Gaming Laptop များအတွက် 11 Gen Tiger Lake H35 CPU များကို ကြေညာ


အခုနှစ်တွေမှာ Intel ကြီးစိုးထားတဲ့ ဈေးကွက်ကို AMD ကဖဲ့ယူလာပြီး Intel အတွက်ဆိုးရိမ်စရာဖြစ်လာတယ် ဒါပေမယ့် Intel ကတော့ ဝေစုအများဆုံးရနေတုန်းပါပဲ။ လက်ရှိအချိန်မှာ နာမည်ကျော် Vendors ကြီးတွေသုံးနေတဲ့ architecture တွေက Ice Lake နဲ့ Tiger Lake ဖြစ်ပြီး ၂ခုစလုံးက Desktop မျိုးကွဲတွေမဟုတ်ပါဘူး။


Ultraportable Gaming laptop တွေအတွက် Intel ဟာ TDP 35W ရှိတဲ့ Tiger Lake H Series CPU တွေကို CES 2021 မှာ ကြေညာလိုက်ပါတယ်။




Core i7-11375H, Core i7-11370H နဲ့ Core i5-11300H တို့အားလုံးဟာ 4C8T CPU တွေဖြစ်ပြီး Clock Speed တွေဟာကွာခြားကြပါတယ်။ အဆိုပါ CPU တွေဟာ 10nm SuperFin technology ကို သုံးထားတဲ့ ပထမဆုံး CPU တွေဖြစ်ကာ thin-and-light form factor မှာ Single Core ကိုအမြင့်ဆုံး 5GHz အထိရရှိစေမှာပါ။



CPU အသစ်တွေရဲ့ စွမ်းဆောင်ရည်တွေကိုနှိုင်းယှဉ်ဖို့ရာ Intel ဟာ 10th Gen H Series (35-45W) နဲ့ 11th Gen U (15W) Series ကိုအသုံးပြုခဲ့ပြီး သိသာထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုတွေကို တွေ့ခဲ့ရပါတယ်။ သို့ပင်သော်ငြား ပြိုင်ဘက်AMD အနေနဲ့ 8C 16T CPU တွေရှိနေတာကြောင့် Multitasking အပိုင်းမှာတော့ ယှဉ်နိုင်မှာမဟုတ်ပါဘူး။



Ultraportable Gaming ကို ဦးတည်ထားတဲ့အတွက် သီးခြားGraphic Card တွေနဲ့ သုံးမှာမို့ ပိုမိုကောင်းမွန်လာတဲ့ Xe Graphics ရဲ့ အားသာချက်ကိုတော့ ပေါ်လွင်စေမှာမဟုတ်ပါဘူး။

စျေးကွက်ထဲမှာ Tiger Lake H Series CPU သုံးထားတဲ့ Ultraportable Gaming Laptop တွေအများအပြားတွေ့မြင်လာရမယ်လို့မျှော်လင့်ရပါတယ်။ Intel အနေနဲ့ ဒီ Laptop တွေကို 14-15လက်မအထူ၊ Thunderbolt 4၊ WiFi 6 တွေပါဝင်ဖို့လိုလားနေပါတယ်။ ၂၀၂၁ နှစ်ဝက်အတွင်း ဒီဇိုင်း၄၀လောက်နဲ့ရရှိနိုင်မယ်လို့ဆိုပါတယ်။

Source: Hexus.net

#EnThueTech
#News #CES2021
#CPU #Intel

Post a Comment

0 Comments