Subscribe Us

header ads

Intel Iris Xe Desktop GPU သည် သတ်မှတ်ထားသော Motherboardနှင့် CPU များတွင်သာအလုပ်လုပ်မည်



Intel


မနေ့က Intel ဟာ သူတို့ရဲ့ OEM တွေကတဆင့် Intel740ပြီးနောက် နှစ်ပေါင်း၂၀ကျော်အတွင်း ဈေးကွက်ထဲပထမဆုံး ရောင်းချလာမည့် သီးခြားအသုံးပြုရတဲ့ Iris Xe Graphics Card ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီထွက်ရှိလာတဲ့ Iris Xe Graphics Card ဟာ Nvidia RTX 30 Series နဲ့ Radeon RX 6000 Series တွေနဲ့ယှဉ်ပြိုင်နိုင်ဦးမှာတော့မဟုတ်သေးပေမယ့် Intel က GPU တွေထွက်လာတော့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုပဲပေးလိုပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆိုဂိမ်းကစားသူတွေအတွက် ရွေးချယ်စရာပိုလာမှာပါ။

Legit Reviews မီဒီယာဟာ ‌အဆိုပါ GPU ကိုကြေညာပြီးနောက် Intel ကိုဆက်သွယ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါGPU အသစ်ဟာ သတ်မှတ်ထားသောတဲ့ Motherboardနဲ့ CPU တွေလိုအပ်သလို သီးသန့်ထုတ်ထားတဲ့ Bios ကိုသွင်းထားမှသာအလုပ်လုပ်မှာဖြစ်တယိလို့သိရပါတယ်။
Colorful

အဆိုပါgraphics card အသစ်ဟာ AMD နဲ့ Nvidia GPU တွေလိုမဟုတ်ပဲ 9th Gen နဲ့ 10th Gen Intel CPU တွေနဲ့ B460, H410, B365 နဲ့ H310C Chipsetသုံး Motherboard တွေနဲ့သာအလုပ်မှာဖြစ်သလို Pre-built အနေနဲ့ ရောင်းချမှာဖြစ်ပြီး တူညီတဲ့spec သင့်မှာရှိရ်ုတောင် GPU အတွက်အထူးသီးသန့် BIOS ကိုလိုအပ်သေးတယ်လို့ Intel ကမှတ်ချက်ပေးပါတယ်။ လောလောဆယ်တော့ Iris Xe Graphics Card တွေကို Asus နဲ့ Colorful ကထုတ်မယ်လို့သိရပါတယ်။ Intel ရဲ့ GPU မှာ DG1 နဲ့ DG2 ဆိုပြီး ၂မျိုးခွဲထားပါတယ်။

DG1
80 EU
4GB GDDR4X
DG1 ကကြည့်ရသလောက် Tiger Lake GPU မှာပါတဲ့ Iris Xe Graphics 96EU ထက်ပိုနည်းနေတာတွေ့ရပါတယ်။ Intelကတော့ Nvidia MX 350 နဲ့ယှဉ်ပြထားပါတယ်။
Note: Tiger Lake CPU နဲ့ Iris Xe Graphics ကိုစမ်းသပ်ထားတာကို ကျနော် review လုပ်ထားတဲ့ MSI Prestige 15 A11SCX Review မှာကြည့်နိုင်ပါတယ်။


DG2
TSMC Enhanced 7nm Process နဲ့ဖန်တီးထားတဲ့ DG2 မှာ 512 EU ရှိတယ်လို့သိရပြီး သူကတော့ AMD နဲ့ Nvidia က High End GPU တွေနဲ့ယှဉ်မယ်လို့သိရပါတယ်။

Intel ဟာ ၁၉၉၈ခုနှစ်က Intel740 အပြင် Larrabee GPU ပရောဂျက်ကိုလုပ်ခဲ့ပေမယ့် ၂၀၀၉ခုနှစ်မှာရပ်ဆိုင်းခဲ့ပါတယ်။

Source: Intel, OC3D, Techspot and The Verge

#EnThueTech
#News #Intel #GPU

Post a Comment

0 Comments