Subscribe Us

header ads

တစ်ပတ်အတွင်းနည်းပညာသတင်းများ (Week 2 - June 25th - July 02nd 2021)

တစ်ပတ်အတွင်း နည်းပညာသတင်းတိုတွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။


Ryzen အတွက် Motherboard ထုတ်လုပ်သွားမည့် EVGA


ဒီစကားဟာ ပုံမှန်အတိုင်းဆို PC Enthusiast တွေအတွက်ရယ်စရာဖြစ်နေနိုင်ပါတယ် ဒါပေမယ့် EVGA ရဲ့ YouTube Channel မှာ ၉စက္ကန့်စာ ဗီဒီယိုအတိုလေးကြောင့် ဒါဟာအမှန်တကယ်ဖြစ်လာဖို့က သေချာနေပါပြီ။


အဆိုပါ ဗီဒီယို ထဲမှာ Dark နဲ့ Ryzen logo တွေကိုမြင်တွေ့ရပါတယ်။ လက်ရှိမှာ EVGA ဟာ Intel အတွက်သာ Motherboard တွေထုတ်ပေးနေတာဖြစ်ပါတယ်။ Intel အတွက် PCB ဆယ်လွှာနဲ့ VRM phase ၂၂ခုပါတဲ့ Z590 Dark ကိုထုတ်ထားတာမို့ အဆိုပါ Motherboard line up ဟာ Ryzen အတွက်ပါထွက်ရှိလာလိမ့်မယ်လို့ယူဆရပါတယ်။

စွမ်းဆောင်ရည်တိုးတက်လာမည့် Microsoft Flight Simulator

Microsoft Flight Simulator ကိုရေးဆွဲတဲ့ Asobo Studio ဟာ သူတို့ရဲ့ Livestream ထဲမှာ ဇူလိုင်လထဲထွက်ရှိမယ့် update 5 အကြောင်းကိုပြောပြသွားပါတယ်။ အသစ်ထွက်ရှိလာမည့် အဆိုပါupdate မှာ frame rate တွေသိသိသာသာတိုးတက်လာမှာဖြစ်သလို Memory နဲ့ CPU usage လဲအတော်နည်းပါးလာတာကိုတွေ့ရပါတယ်။


Microsoft Flight Simulator Update 5 ဟာ ဇူလိုင်လ ၂၇ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Graphics API ဟာ DX11 မှ DX 12 ကိုကူးပြောင်းမှာဖြစ်သလို Ray Tracing ကိုလည်း အနာဂတ်မှာထည့်သွင်းပေးဖို့ ပြင်‌ဆင်နေပြီလို့သိရပါတယ်။

Source: PC Gamer

ဩဂုတ်လမှာ စတင်မိတ်ဆက်လာဖွယ်ရှိမည့် Elon Musk ရဲ့ Starlink




Lower Earth Orbit-LEO ဂြိုလ်တုဆက်သွယ်ရေးအမျိုးအစားဖြစ်တဲ့ Starlink ဟာ beta အဆင့်မှာတင် အသုံးပြုသူ ၇သောင်းနီးပါးရှိလာပြီဖြစ်ပါတယ်။ Elon Muskကတော့ ဩဂုတ်လမှာ ပတ်လမ်း၇၂ခုလုံးကိုအသုံးချနိုင်မယ်ဆိုရင် ဝင်ရိုးစွန်းဒေသကလွဲလို့ ကမ္ဘာတစ်ဝှမ်းအသုံးပြုလာနိုင်မှာဖြစ်ပြီး ၁၂လအတွင်းအသုံးပြုသူ ၅သိန်းလောက်အထိတိုးတက်လာမယ်ယူဆတယ်လို့ဆိုပါတယ်။

Starlink ဟာ အခြားနိုင်ငံတွေမှာသုံးနိုင်ဖို့ရာ နိုင်ငံအလိုက် ဒေသခံ telcos တွေနဲ့ ဥပဒေကြောင်းအရ စာရွက်စာတမ်းကိစ္စတွေ အတည်ပြုပြီးမှ သုံးလို့ရမှာပါ။ Starlink ကိုလက်ရှိနိုင်ငံပေါင်း ၁၁နိုင်ငံမှာ ၁လကို $99နဲ့ အသုံးပြုနိုင်ပြီး hardware တွေအတွက် $500 လောက် ပေးရဦးမှာဖြစ်ပါတယ်။


Source: Techspot

Windows 11 ရဲ့ Dynamic Refresh Rate



ကျနော်တို့ laptop တွေမှာ screen refresh rate မြင့်မားတာကိုသဘောကျကြပါတယ် ဒါပေမယ့် ဒီ feature ဟာ ဘက်ထရီပိုကုန်စေပါတယ်။ ဒီအတွက် Microsoft ဟာ Windows 11 မှာ Dynamic Refresh Rate ဆိုတဲ့ setting အသစ်တစ်ခုထည့်သွင်းပေးထားပြီး လုပ်ငန်းဆောင်တာအလိုက် refresh rate ကိုလိုသလို အတိုးအလျော့ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။


ဥပမာပြောရရင် Dynamic (60 or 120Hz) mode မှာ email, word စတဲ့ ရုံးလုပ်ငန်းလောက်မှာဆို 60Hz နဲ့ ပြသမှာဖြစ်ပြီး ပုံဆွဲတာ၊ scrolling လုပ်တဲ့အချိန်မှာဆို 120Hz မှာ အလိုလိုပြောင်းလဲပြသမှာဖြစ်ပါတယ်။

Source: PC Mag

Ray Tracing ပါဝင်ဦးမှာမဟုတ်တဲ့ Battlefield 2042

Nvidia ရဲ့ Press Release မှာ Battlefield 2042 ဟာ Reflex နဲ့ DLSS နည်းပညာတွေကိုအထောက်အပံ့ပေးမယ်လို့သာသိထားရပြီး Ray Tracing ပါဝင်လာမယ်လို့တော့မပြောခဲ့တာတွေ့ရပါတယ်။


သို့ပင်သော်ညား
၂၀၁၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ EA ရဲ့ Battlefield V တုန်းကတော့ စစခြင်း Ray Tracing မပါဝင်ခဲ့ပဲ patch အသစ်ထွက်မှပါဝင်လာတာတော့တွေ့ရပြီး ဒီလိုဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာပါ။

Source: Gamespot

Epic Games မှာ The Spectrum Retreat ကိုရယူပါ




ဒီအပတ်အတွက် Epic Games ကနေ The Spectrum Retreat ဆိုတဲ့ ဂိမ်းကို ဇူလိုင်လ ၈ရက်နေ့အထိရယူခွင့်ပေးထားပါတယ်။ နောက်အပတ်မှာတော့ Bridge Contructor The Walking Dead နဲ့ Ironcast ကိုရယူခွင့်ပေးမှာပါ။


Source: Epic Games







Post a Comment

0 Comments