ယခုဆောင်းပါးသည် ခေတ်နှင့်အညီ တတိယအကြိမ်မြောက်ပြန်လည်ဖြည့်စွက်တည်းဖြတ်ထားပါသည်။
Intel® Evo™ platform ဆိုတာ 11th Gen Tiger Lake CPU သုံးထားတဲ့ thin and light laptop တွေအတွက် Intel ရဲ့ နည်းပညာဆိုင်ရာသတ်မှတ်ချက်တွေကိုဆိုလိုတာပါ။ Intel က Laptop တွေအနေနဲ့ manufacturer အမျိုးမျိုး Specifications မျိုးစုံနဲ့ ဘတ်ထရီခံနိုင်စွမ်းတွေလည်း ကွဲပြားနေတဲ့အတွက် 10the Gen မှာ Project Athena ဆိုပြီးစံသတ်မှတ်ချက်တစ်ခုထားဖို့ ကြိုးစားလာပါတယ်။ 11th Gen Tiger Lake မှာတော့ Intel ကနေ Evo ဆိုပြီးပြောင်းလဲခေါ်ဆိုပြီး အချို့Specification တွေကို Update လုပ်လိုက်ပါတယ်။
Intel 11th Gen Tiger Lake CPU သုံးထားတဲ့ Laptop တွေမှာ Intel® Evo™ လို့မြင်ရပြီဆိုရင် အောက်ပါ အချက်တွေပါဝင်ပြီးသားလို့ဆိုနိုင်ပါတယ်။
- Intel® Iris® Xe graphics တပ်ဆင်ထားတဲ့ 11th Gen Intel® Core™ processors တွေဖြစ်ရမယ်။Intel® Iris® Xe graphics ပါဝင်တာက Core i5 နဲ့ Core i7 တွေဖြစ်ပါတယ်။
- အနည်းဆုံး 8GB dual channel Memory နဲ့ Storage 256GB NVME SSD နဲ့အထက်ရှိရမယ်။
- ပုံမှန် Wi-fi ထက် ၃ဆပိုမြန်တဲ့ Wi-fi 6တပ်ဆင်ထားရပါမယ်။
- ဘက်ထရီအပေါ်တစ်သမတ်တည်းတုံ့ပြန်မှုရှိရပါမယ်။
- Biometric Sign-in ပါဝင်ရမှာဖြစ်ပြီး Sleep to Wake mode ကနေ စက်ပွင့်လာဖို့ အချိန်တစ်စက္ကန့်ထက်ပိုပြီးနည်းရမယ်
- လက်တွေ့မှာ Full HD Display တပ်ထားတဲ့စက်ဟာ ဘက်ထရီမှာသက်တမ်း ၉ နာရီနှင့်အထက်ရှိရမယ်။
- အမြန်အားသွင်းစနစ်ဖြင့် Full HD Display သုံးထားတဲ့စက်ရဲ့ အနည်းဆုံး ၄ နာရီစာဘက်ထရီကို မိနစ် ၃၀ အတွင်း အားသွင်းနိုင်ရမယ်။
- Screen Resolution ဟာ အနည်းဆုံး Full HD ဖြစ်ဖို့လိုပြီး brightness ဟာ အနည်းဆုံး 250 nits ရှိရပါမယ်။ Wecam
- Data နဲ့ video အတွက် 40Gb/s bandwidth အထိရရှိမယ့် Thunderbolt™ 4 အထောက်အပံ့ပါဝင်ရပါမယ်။
- Far-field မိုက်ခရိုဖုန်းများ၊ backlit keyboard၊ precision touchpad နှင့် pen တို့ကိုအထောက်ပံ့ပေးရပါမယ်။
Note: နံပတ် 1,4,6,7,9 တို့ဟာ Project Athena ကိုအခြေခံပြီး Intel® Evo™ မှာထပ်မံပြင်ဆင်ထား ချက်တွေဖြစ်ပါတယ်
12th Gen Mobile CPU တွေကို CES2022မှာကြေညာချိန်မှာတော့ တတိယမျိုးဆက် Evo အတွက်လိုအပ်တဲ့ feature တွေကိုထပ်မံဖြည့်သွင်းခဲ့ပါတယ်။
* 12th Gen Intel SOC သုံးထားရမယ်
* ဈေးကွက်အပေါ်မူတည်ပြီး Wi-fi 6E ကို option အနေနဲ့ထည့်သွင်းပေးရမယ်
* Intel Connectivity Performance Suite ပါဝင်ရမယ်။
* Dynamic background noise suppression ပါဝင်ရမယ်။
* FHD Camera(လုံးဝပါဝင်ဖို့လိုတယ်လို့မဆိုလို) သို့ Intel IPU6/MIPI camera ပါဝင်ရမယ်။
ပထမဆုံးအကြိမ်အနေနဲ့ အချို့သော 12th Gen H-series CPU တွေဟာ Evo Platform ထဲပါဝင်လာပါတယ်။ ဒီ laptop တွေဟာ အထက်ကပြောခဲ့တဲ့ လိုအပ်ချက်နဲ့ကိုက်ညီရမယ့်အပြင် ထပ်ဆောင်းလိုအပ်ချက်တွေနဲ့လည်းကိုက်ညီရပါမယ်
* 12th Gen Intel Core H-series CPU(TDP 35W မှ 45W) ဖြစ်ရမယ်
* Intel ရဲ့ သီးသန့် Arc GPU ကို Intel Deep Link နဲ့ချိတ်ဆက်ထားရမယ်
* မျက်နှာပြင်ဟာ 15in သို့ 16in ကိုမှ Creator အသားပေး display ဖြစ်ရမယ်
ဒါဟာ ယခင် Evo မျိုးဆက်တွေထက် သိသာထင်ရှားတဲ့ပြောင်းလဲမှုတစ်ခုပါ။ Creator အသားပေး display လို့ပြောထားပေမယ့် တိတိပပမပြောထားပဲ ဟပေးထားပုံရပါတယ် ဒါပေမယ့် အရောင်တိကျမှုအပိုင်း၊ brightness အပိုင်း နဲ့ HDR အထောက်အပံ့တွေလိုလိမ့်မယ်လို့ယူဆရပါတယ်။
0 Comments