Bethesda ဟာ သူတို့ရဲ့ Bethesda.net Launcher ကိုပိတ်သိမ်းတော့မှာဖြစ်ပြီး အသုံးပြုသူတွေအ နေနဲ့ ဧပြီလမှာ Steam ကိုပြောင်းရွေ့ဖို့ ခွင့်ပြုပေးမှာဖြစ်ကြောင်းဆိုပါတယ်။ ဒီလိုပြောင်းလဲခြင်းကြောင့် သင့်အနေနဲ့ launcher တစ်ခုသွင်းထားရတာ သက်သာသွားပါလိမ့်မယ်။
Bethesda.net ကနေ Steam ကိုပြောင်းရွေ့သွားတဲ့ကိစ္စကတော့ရှင်းပါတယ်။ PC ဂိမ်းမာတွေဟာ Steam ကိုအသုံပြုတာပိုများပြီး Bethesda.net ကဂိမ်းတွေအများစု Steamကို ပြောင်းရွှေ့ခွင့်ရလာမှာပါ။ အချို့ဂိမ်းတွေကိုတော့ အသုံးပြုသူအနေနဲ့ ကိုယ်တိုင်ပြောင်းရွေ့ရမှာပါ။ Bethesda အနေနဲ့ ဂိမ်းတွေကိုဘယ်လိုပြောင်းရွေ့ရမယ်ဆိုတဲ့ နည်းလမ်းကိုပြသပေးမှာဖြစ်ပါတယ်။ Bethesda Launcher မရှိတော့တဲ့အချိန်မှာလည်း Bethesda.net အကောင့်ကိုဆက်လက်အသုံးပြုလို့ရမှာဖြစ်ပြီး နောက်ထွက်မယ့်ဂိမ်းတွေမှာလည်းသုံးနိုင်မှာပါ။
Source: OC3D
0 Comments