Subscribe Us

header ads

Intel နှင့် AMD တို့မှ ရုရှားနိုင်ငံသို့ ချစ်ပ်များရောင်းချမှုရပ်ဆိုင်းထား

 

Photo: NotebookCheck


အမေရိကန်ပြည်ထောင်စုအစိုးရဟာ ယူကရိန်းနိုင်ငံအပေါ်ရုရှားနိုင်ငံရဲ့ စစ်ပွဲဆင်နွဲမှုကြောင့် ရုရှားနိုင်ငံကို ဆီမီးကွန်ဒတ်တာတွေရောင်းချမှုပိတ်ပင်ဖို့ အလျင်အမြန်အတည်ပြုပြဋ္ဌာန်းလိုက်ကာ ဒီနေ့မှာ Intel နဲ့ AMD တို့ဟာ ရုရှားနိုင်ငံကိုချစ်ပ်တွေရောင်းချမှုကိုရပ်ဆိုင်းထားလိုက်ပြီလို့ သတင်းရင်းမြစ်များစွာကဆိုလာပါတယ်။ နောက်ထပ် ရုရှားရဲ့ကိုယ်ပိုင်ချစ်ပ်တွေထုတ်‌‌လုပ်ထောက်ပံ့ပေးနေတဲ့ TSMCဟာလည်း ဒီလိုပိတ်ဆို့မှုမှာပါဝင်လာမှာဖြစ်ပါတယ်။

ရုရှားမီဒီယာတွေဘက်ကလည်း ဒီလိုရပ်ဆိုင်းမှုကို Association of Russian Developers and Electronic Manufacturers (ARPE) ကအတည်ပြုထားပေးတယ်လို့ဆိုပါတယ်။ ဒါ့အပြင် Intel အနေနဲ့ တရုတ်နိုင်ငံက အိုင်တီကုမ္ပဏီတွေကိုလည်း ရုရှားနိုင်ငံကိုရောင်းချမှုရပ်ဆိုင်းထားကြောင်း အသိပေးထားပြီးပြီလို့ဆိုပါတယ်။

ရောင်းချမှုတွေဘယ်အချိန်ထိရပ်ဆိုင်းထားမလဲဆိုတာလောလောဆယ် ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ တင်ပို့မှုရပ်ဆိုင်းထားရတဲ့အဓိကရည်ရွယ်ချက်ကတော့ စစ်ရေးနယ်ပယ် သို့ အရပ်ဘက်စစ်ဘက်၂ခုလုံးမှာသုံးလို့ရတဲ့ ချစ်ပ်တွေကိုရည်ရွယ်ပါတယ်။ ဆိုလိုတာက အများပြည်သူတွေအသုံးပြုနေကြတဲ့ Intel ရဲ့Core CPU တွေနဲ့ AMD ရဲ့ Ryzen CPU တွေရောင်းချမှုကိုထိခိုက်မှာမဟုတ်ပါဘူး။ သို့ပင်သော်ငြား ကုမ္ပဏီတွေဟာ ဘယ်ချစ်ပ်တွေရပ်ဆိုင်းရမယ်ဆိုတာဆုံးဖြတ်ရဦးမှာဖြစ်ပါတယ်။ နောက်ထပ် အမေရိကန်ကုန်သွယ်ရေးဌာနက ရုရှားကုမ္ပဏီ ၄၉ခုကို ကုန်သွယ်မှုကန့်သတ်စာရင်းထဲထည့်ထားပြီး အဆိုပါကုမ္ပဏီတွေဟာ ဘယ်ချစ်ပ်ကိုမှဝယ်ယူနိုင်မှာမဟုတ်ပါဘူး။

အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေဟာ Huawei ကုမ္ပဏီကို ပိတ်ဆို့ခဲ့တာနဲ့တူတူပါပဲ ဒါပေမယ် ဒီကိစ္စမှာတော့ ပထမဆုံးအနေနဲ့တစ်နိုင်ငံလုံးကိုပိတ်ဆို့အရေးယူထားတာဖြစ်ပါတယ်။ရုရှားနိုင်ငံဟာ ဖြစ်ပေါ်လာနိုင်တဲ့ပိတ်ဆို့အရေးယူနိုင်တဲ့ကိုင်တွယ်နိုင်ဖို့ နှစ်ပေါင်းများစွာပြင်ဆင်ထားခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၄ခုနှစ်က ခရိုင်းမီးယားအရေးမှာ နိုင်ငံတကာက ပိတ်ဆို့မှုတွေချမှတ်လာပြီးနောက် ကိုယ်ပိုင်ဆီမီးကွန်ဒတ်တာတွေထုတ်လုပ်ခြင်းနဲ့ အရေးပေါ်အခြေအနေတွေအတွက် ချစ်ပ်တွေသိုလှောင်ထားမျိုးတွေဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမယ့် ရုရှားရဲ့ကိုယ်ပိုင်ချစ်ပ်တွေဖြစ်တဲ့ Baikai၊ MCST၊ Yadro နဲ့ STC Module စတဲ့ကုမ္ပဏီ‌‌တွေအတွက် အမှန်တကယ်ထုတ်လုပ်ပေးနေတာက ထိုင်ဝမ်အခြေစိုက် TSMC သာဖြစ်ပြီး ကုန်သွယ်မှုကန့်သတ်ချက်တွေအရချစ်ပ်တွေရောင်းချမှုကို ရပ်ဆိုင်းထားဖို့သဘောတူထားပါတယ်။ ဆိုလိုတာက ရုရှားရဲ့ကိုယ်ပိုင်ချစ်ပ်တွေမထုတ်နိုင်တော့ပါဘူး။

Intel နဲ့ AMD တို့က ရောင်းချမှုတွေရပ်ဆိုင်းထားပေမယ့် ဒါဟာရုရှားရဲ့စက်မှုလုပ်ငန်းအပေါ်ချက်ချင်းအကျိုးသက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ Semiconductor Industry Association အရ ရုရှား ဈေးကွက်ရဲ့ဝယ်ယူမှုဟာ ကမ္ဘာ့စျေးကွက် ဒေါ်လာ ၄.၄၇ ထရီလိယံထဲက ဒေါ်လာ ၅၀ဘီလီယံသာ ဝယ်ယူမှုရှိတာဖြစ်ပြီး ကမ္ဘာလုံးရဲ့ ၀.၁%သာရှိပါတယ်။

တကယ်တမ်းထိခိုက်နိုင်စေတာကတော့ စူပါကွန်ပျူတာ၊ ကွန်ယက်ချိတ်ဆက်မှု၊ စစ်ဘက်ဆိုင်ရာချစ်ပ်များနဲ့ ပျက်ဆီးခြင်း သို့ အဆင့်မြင့်တင်ခြင်းနေရာတွေမှာ လိုအပ်လာရင် ဒီအကျိုးသက်ရောက်မှုတွေခံစားရမှာပါ။ ဒီလိုအချိန်မှာ ရုရှားဟာချစ်ပ်တွေကိုတရားမဝင်ဝယ်ယူရဖွယ်ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး Intel၊ AMD နဲ့ Nvidia တို့ရဲ့မှတ်ချက်ပေးမှုကိုသိရှိရခဲ့ရင် ထပ်မံဖြည့်စွက်ပေးသွားပါမယ်။

Source: Tom's Hardware

#EnThueTech #News
#Semiconductors

Post a Comment

0 Comments