Subscribe Us

header ads

Micron မှ high-end Crucial Ballistix memory ထုတ်လုပ်မှုရပ်ဆိုင်း


Micron မှ high-end memory ဖြစ်တဲ့ Max နဲ့ Max RGB အပါအဝင် Crucial Ballistix lineup ကို ထုတ်လုပ်မှုရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ ဘာကြောင့်ရပ်ဆိုင်းရတယ်ဆိုတာကို ကုမ္ပဏီဘက်က မပြောပေမယ့် DDR5 နဲ့ ဆာဗာဘက်ကို အာရုံစိုက်ပြီး storage product တွေကိုတိုးချဲ့သွားဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာဆိုပါတယ်။

ဒီထုတ်ပြန်ချက်ဟာ Micron အနေနဲ့ memory လောကကနေထွက်ခွာသွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ Micron/Crucial အနေနဲ့ စွမ်းဆောင်ရည်အသားပေး Crucial Ballistix lineup ကိုသာရပ်ဆိုင်းမှာဖြစ်ပြီး
high-end memory တွေအနာဂတ်မှာ ဆက်မထုတ်သွားဘူးလို့မဆိုလိုပါဘူး။



Crucial ဟာ DDR5 အတွက် Ballistix memory တွေထုတ်မယ် သို့ ထွက်လာဖို့ရှိတယ်လို့မကြေညာထားခဲ့ပါဘူး။ လက်ရှိမှာ JEDEC standard DDR5 DRAM module တွေကိုသာထုတ်လုပ်နေတာဖြစ်ပါတယ်။

Micron ဟာ storage လောကမှာရှိနေဆဲဖြစ်ပြီး P5 Plus နဲ့ P2 အမျိုးအစား NVMe SSD တွေဟာ အောင်မြင်မှုကြီးမားစွာရလျက်ရှိပါတယ်။

Source: OC3D

Post a Comment

0 Comments