အချိန်နဲ့တိုးတက်ပြောင်းလဲမှုတွေဟာ ဘယ်သောအခါမှရပ်ဆိုင်းသွားခြင်းမရှိသလို MSI ဟာ လည်းတစ်နှစ်ပြီးတစ်နှစ်တိုးတက်လာနေပါတယ်။ MSI ဟာ သူ့ရဲ့ ပထမဆုံး Gaming Laptop ကို လွန်ခဲ့တဲ့ ၁၅နှစ်မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ အဲနောက်မှာ ဂိမ်းမာတွေအတွက်စွမ်းဆောင်ရည်တွေအပြင် နည်းပညာနဲ့ လှပတင့်တယ်မှုဟာ ဘယ်လောက်လိုက်ဖက်ညီတယ်ဆိုတာကိုပြသလာပါတယ်။ MSI ဟာ တစ်နှစ်ပြီးတစ်နှစ် ပိုမိုမြန်ဆန်လှပပြီးစွဲဆောင်မှုကောင်းတဲ့ Laptop တွေရဲ့ စိတ်ကျေနပ်စရာအတွေ့ကြုံကို ပေးစွမ်းဖို့ရည်မှန်းထားပါတယ်။
MSI ဟာ နောင်မှာ ပိုပြီးတိုးတက်လာမယ့် Metaverse အတွက်ရည်ရွယ်ပြီး Meta-Ready Laptop တွေကိုမိတ်ဆက်လာပါတယ်။ Metaverse ဆိုတာ VR/AR သုံးပြီး 3D ဂိမ်းကမ္ဘာထဲပျော်မွေ့ကြသလိုပါပဲ ဒါပေမယ့် Metaverse မှာတော့ ဂိမ်းကစားတာထက်ပိုပါတယ် ကျနော်ဒီဘက်ခေတ်မှာ ရုပ်သံတွေသုံးပြီး တစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်လို့ရတယ် ဂိမ်းတွေလည်းတုတူကစားကြလို့ရပါတယ် ဒါပေမယ် ဒါတွေဟာ 2D ကမ္ဘာထဲမှာသာဖြစ်ပါတယ်။ Metaverse မှာ လူတွေဟာ 3D ကမ္ဘာထဲမှာ ဂိမ်းတွေကစားလို့ရမှာဖြစ်သလို 3D ကမ္ဘာထဲမှာ ကိုယ်ပွား avatar တွေနဲ့ အပြန်အလှန်မြင်တွေ့ဆက်သွယ်လို့ရမှာဖြစ်ပြီး ပြင်ပမှာအနေဝေးနေကြမယ်ဆိုရင်တောင် အနီးမှာရှိနေသလို ခံစားရမှာဖြစ်ပါတယ်။MSI Stealth GS77
MSI ဟာ စီးပွားရေးလုပ်ငန်းမှာရော ဂိမ်းကစားဖို့ပါရောစပ်အသုံးပြုနိုင်အောင်ဖန်တီးထားပါတယ်။ သီးသန့် Mouse မလိုပဲ အလုပ်ကိစ္စတွေဆောင်ရွက်နိုင်မှာဖြစ်သလို စာရိုက်ရအဆင်ပြေအောင် key cap တွေကို 8%ပိုမိုကြီးမားအောင်ပြုလုပ်ထားပါတယ်။ စီးပွားရေးအတွက်ပါရည်ရွယ်လာတဲ့အတွက် ကင်မရာကိုပိတ်ချလို့ရတဲ့ ခလုပ်သီးသန့်ထည့်သွင်းလာပါတယ်။ Adapter မပါပဲ အချိန်ကြာကြာအသုံးပြုနိုင်ဖို့ 99.9WHr ဘက်ထရီကိုလည်း ထည့်သွင်းထားပါတယ်။ပိုပြီးအကြမ်းခံအောင် Hindge ကိုအရှေ့ဘက်တိုးထားလိုက်သလို အချို့port တွေကိုသဘာဝကျကျတပ်ဆင်ရလွယ်အောင်ပြောင်းလဲလိုက်ပါတယ်။ Gaming Laptop တွေမှာ စွမ်းဆောင်ရည်ဟာအသက်တမျှအရေးကြီးတာကြောင့် နောက်ဆုံးပေါ် Intel 12th Gen Core i9 processor နဲ့ Nvidia RTX 3080Ti 16GB GDDR6 ကိုတွဲဖက်ပေးထားပါတယ်။ GS 77ဟာ နေ့ဘက်မှာ အလုပ်ကောင်းကောင်းလုပ်နိုင်မှာဖြစ်သလိုညဘက်တွေမှာလည်း ဂိမ်းကောင်းကောင်းကစားနိုင်မှာပါ။
အသံပိုင်းအတွက် GS77မှာ woofer ၄လုံးနဲ့ speaker ၂လုံးတပ်ဆင်ပေးထားတာကြောင့် ကောင်းမွန်တဲ့အသံထွက်ကိုပေးစွမ်းနိုင်မယ်လို့ဆိုပါတယ်။ ဒီဇိုင်းပိုင်းမှာ GS 77 ဟာ CES 2022ရဲ့ Innovation Award ကိုလည်း ဆွတ်ခူးတားပြီးဖြစ်ပါတယ်။
MSI Raider GE Series
ဂိမ်းပဲသီးသန့်ကစားချင်တဲ့သူတွေအတွက် metallic ကိုယ်ထည်နဲ့ Mystic Light RGB ပါတဲ့ GE Series တွေဟာ သင့်အတွက်ဖြစ်စေမှာပါ။ Metaverse အတွက်အဆင်သင့်ဖြစ်စေဖို့ GE Series တွေမှာလည်းနောက်ဆုံးပေါ် Intel 12th Gen Core i9 processor နဲ့ Nvidia RTX 3080Ti 16GB GDDR6 ကိုတွဲဖက်ပေးထားပါတယ်။ Metaverse အတွက် အနည်းဆုံး Intel 12th Gen Core i7 နဲ့ Nvidia RTX 3070လိုအပ်ပါလိမ့်မယ်။ မြင့်မားလှတဲ့စွမ်းဆောင်ရည်ရဖို့ GE Series တွေဟာ TGP 175W အထိပေးနိုင်သလို Dynamic Boost အတွက် 45W ပေးနိုင်ပါသေးတယ် ဒီတော့ကာ စုစုပေါင်း 220W အထိပေးနိုင်ပါတယ်။အချို့ Laptop တွေဟာ Desktop တွေနီးပါးစွမ်းဆောင်ရည်ရှိလာကြပြီလို့ဆိုပေမယ့် MSI GE မှာတော့ တူညီတဲ့ စွမ်းဆောင်ရည်ကိုရနိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့်တဲ့ Laptop ရဲ့ အစွမ်းကုန်ခံစားနိုင်ဖို့ 360Hz သို့ 165 QHD display ကိုတပ်ဆင်ထားတယ်လို့ဆိုပါတယ်။
MSI Crosshair GL Rainbow Six Extraction Edition
သင်ဟာ FPS ဂိမ်းတွေကြိုက်နှစ်သက်တယ်ဆိုရင် Crosshair GL 15ဟာ သင့်အတွက်ပါပဲ။ သူ့ရဲ့အသွင်အပြင်က အနာဂတ်ဆန်ဆန်ပုံဖော်ပေးထားပါတယ်။ Crosshair GL မှာ Intel 12th Gen Core i9 CPU နဲ့ Nvidia RTX 3070Ti Graphics ကိုထည့်သွင်းပေးထားပါတယ်။ ကျန်တဲ့ laptop တွေနဲ့ကွဲပြားတဲ့အချက်က MSI Crosshair ဟာ RTX 3070Ti ကို TGP 140W အထိစွဲတင်နိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်။MSI Crosshair GL Limited Edition ကတော့ Ubisoft ရဲ့ Rainbow Six Extraction ဂိမ်းကို မှီးပြီးတည်ဆောက်ထားတာပါ။ အဲဒီအတွက် သူ့ရဲ့ကိုယ်ထည်မှာ Rainbow Six Extraction ရဲ့ စတင်ရာမြေပုံကိုမြင်ရမှာဖြစ်သလို ဂိမ်းထဲက UI တွေအပြင် အဝါရောင် WASD key တွေကိုလည်းတွေ့မြင်ရမှာပါ။
MSI Creator Z17
MSI Creator Z17 ဟာ ကြီးထွားလာတဲ့ digital ခေတ်ကြီးထဲမှာ content creator တွေအတွက်ဖန်တီးပေးထားတဲ့ laptop ပဲဖြစ်ပါတယ်။ CES 2022 Innovation ဆုရထားတဲ့ Creator Z17 ဟာ နောက်ဆုံးပေါ် Intel 12th Gen Core i9 processor နဲ့ Nvidia RTX တပ်ဆငိထားပြီး သူဟာလည်း Meta-Ready Laptop တစ်ခုလည်းဖြစ်ပါတယ်။Creator Z17 ဟာ မျိုးနွယ်တူ Z16လိုပဲ ကိုယ်ထည်ကို CNC နဲ့ခုတ်စားပြီးတည်ဆောက်ထားတာပါ။ 17လက်မ မျက်နှာပြင်က creator တွေအကြိုက် golden ratio 16:10 ဖြစ်ကာ content တွေဖန်တီးရာမှာပိုလို့အဆင်ပြေလာစေပါတယ်။ Creator တွေအတွက်ဆိုတဲ့အတွက် screen ကို လည်း color မှန်စေဖို့ True Pixel နည်းပညာကိုသုံးထားပြီး panel တစ်ခုခြင်းစီကို 100% Adobe RGB သို့ DCI-P3 standard ရအောင်လုပ်ထားပါတယ်။ ဒါတင်မက Display ကိုလည်း touch screen ပါထည့်သွင်းပေးထားလို့ trackpad မလိုပဲသုံးနိုင်သလို pen-touch ကိုလည်း အထောက်အပံ့ပေးပါတယ်။
Creator Z17 ရှိနေပြီဆိုရင် နောက်ထပ် tablet သို့ drawing pad မပါပဲနဲ့လည်း သင့်အလုပ်တွေကိုကောင်းကောင်းလုပ်နိုင်စေမှာပါ။ MSI Pen ကိုလည်း laptop မှာ အသာလေးကပ်ထားလို့ရတဲ့အတွက် တစ်နေရာတည်းမှာအလုပ်အကုန်ပြီးနိုင်ပါတယ်။
ဒါ့အပြင် Creator Z16 နဲ့ Z16P ကိုလည်း RTX 3070Ti နဲ့ 3080 Ti ပါဝင်တဲ့ model တွေကို update လုပ်ထားပါတယ်။ စွမ်းပကားကောင်းမွန်လှတဲ့ Nvidia RTX 3070Ti နဲ့ 3080 Ti တို့ရဲ့ အပူကိုစွန့်ထုတ်နိုင်ဖို့ MSI Creator Z16P မှာ Vapor Chamber Cooler စနစ်အသစ်ကိုလည်း ထည့်သွင်းလာပါတယ်။
Cooler စနစ်အသစ်ကြောင့် အရင်မျိုးဆက် မော်ဒယ်တွေထက် စွမ်းဆောင်ရည် ၇၀%အထိ တိုးတက်လာတယ်လို့ဆိုပါတယ်။
ဒါ့အပြင် MSI ဟာ စွမ်းဆောင်ရည်ကောင်းကောင်းလိုချင်သူတွေအတွက် Vector GP Series၊ လူငယ်ဂိမ်းမာတွေအတွက် Core Black နဲ့ Stealth 15M/17M၊ ရိုးရိုးရှင်းရှင်းလှပတဲ့ အနက်ရောင် Katana GF Series နဲ့ အဖြူရောင် Sword GF Seriesတို့ကိုလည်း နောက်ဆုံးထွက် Intel ရဲ့ 12th Gen CPU နဲ့ Nvidia RTX GPU တို့ကို update လုပ်ပြီး refresh လုပ်ပေးထားပါတယ်။
0 Comments