Nvidia ရဲ့ gaming နဲ့ဆိုင်တဲ့ တန်ဖိုးအရှိဆုံးနည်းပညာတစ်ခုက AI Upscaling နည်းပညာဖြစ်တဲ့ DLSS ပါ။ ဒီနည်းပညာနဲ့ မူလရုပ်ထွက်ပါးနီးပါး (တစ်ခါတစ်ရံမူလထက်ရုပ်ထွက်ပိုကောင်း)ဖြစ်အောင်ထိန်းသိမ်းထားနိုင်သလို စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာ Nvidia ရဲ့ လုံခြုံရေးစနစ်တွေထိုးဖောက်ခံခဲ့ရပြီး LAPSUS$ ဆိုတဲ့အဖွဲ့က ကုမ္ပဏီရဲ့ ဒေတာအချက်အလက် 1TB လောက် ခိုးယူသွားခဲ့ကြပါတယ်။ ခိုးယူသွားတဲ့အထဲမှာ DLSS 2.2 နည်းပညာလည်းပါဝင်သွားပါတယ်။
Techpowerupဟာ ခိုးယူခံခဲ့ရတဲ့ DLSS 2.2 source file screenshot တွေကိုပြန်လည်မျှဝေခဲ့ပါတယ်။ ဒီလိုခိုးယူခံခဲ့ရတာဟာ Nvidia ကို ကြီးကြီးမားမားထိခိုက်စေနိုင်ပြီး source code ကို ပြိုင်ဘက်တွေ တရားဝင်သုံးလို့မရပေမယ့် Nvidia ရဲ့ လှို့ဝှက်ချက်တွေကိုသိသွားနိုင်ပါတယ်။ ဒါက Nvidia အပေါ်ထိခိုက်စေနိုင်မှာပါ။
Nvidia ရဲ့ ဒေတာတွေကိုခိုးယူသွားတဲ့ ဟက်ကာတွေဟာ အချို့ကို အွန်လိုင်းမှာတင်ထားပြီး အဆိုပါဒေတာတွေကိုရှာဖွေဖို့မကြိုးစားဖို့နဲ့ ransomware သို့ virus တွေကိုလည်း Nvidiaရဲ့ source code ပါဆိုပြီး လိမ်လည်လှည့်ဖျားတာတွေရှိနိုင်တယ်လို့ဆိုပါတယ်။

Source: OC3D
#EnThueTech
#News #Security
#EnThueTech
#News #Security
0 Comments