Subscribe Us

header ads

Amazon မှ Electronic Arts ကိုဝယ်ယူမည်ဟု ကောလာဟလထွက်ပေါ်


GLHF ရဲ့သတင်းရင်းမြစ်တွေအရ Amazon ဟာ ဒီနေ့မှာ Apex Legends၊ Battlefield၊ Mass Effect၊ FIFA နဲ့ Madden အစရှိတဲ့ဂိမ်းတွေထုတ်ဝေသူ Electronic Arts ကို ဝယ်ယူဖို့တရားဝင်ကမ်းလှမ်းမှုတစ်ခုပြုလုပ်သွားမယ်လို့ဆိုပါတယ်။

Apple၊ Disney နဲ့ Amazon တို့ဟာ EA ကိုဝယ်ယူတော့မယ့်အ‌ခြေအနေမှာရှိနေတယ်လို့ အွန်လိုင်းမှာ ကောလာဟလထွက်ပေါ်နေတာ သတင်းပတ်အနည်းငယ်ရှိနေပါပြီ။ နောက်ဆုံးသတင်းရင်းမြစ်အရ တရားဝင်ကမ်းလှမ်းလာတာ Amazon ဖြစ်ပါတယ်။

ရုပ်မြင်သံကြားဘက်ကိုလည်းကြီးကြီးမားမားရင်းနှီးမြုပ်နှံလာတဲ့ Amazon အတွက်ဒါဟာ အကွက်မြင်တဲ့ စီးပွားရေးကစားကွက်လို့ဆိုနိုင်ပါတယ်။ Netflix မှာ ဂိမ်းအခြေခံထားတဲ့ The Witcher နဲ့ Arcane ဇာတ်လမ်းတွဲတွေနာမည်ကြီးလာပြီးတဲ့နောက် Amazon ဟာလည်း EA ကိုဝယ်ယူပြီး ရုပ်သံတွေရိုက်ကူးလာနိုင်ပါတယ်။ EA မှာ Mass Effect၊ Dragon Age နဲ့ Dead Space တို့လို ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီးသား ဂိမ်းတွေအများအပြားပိုင်ဆိုင်ထားပါတယ်။

ဒီသတင်းဟာ Microsoft အနေနဲ့ Activision ကို ဒေါ်လာ ၆၉ ဘီလီယံနဲ့ ဝယ်ယူပြီးနောက်ပိုင်း အကြီးမားဆုံးဝယ်ယူမှုဖြစ်လာနိုင်ပါတယ်။

သိရှိထားရတဲ့ ရင်းမြစ်တွေအရ ဒီနေ့နောက်ပိုင်းမှာ ကြေညာချက်ပြုလုပ်လာလိမ့်မယ်လို့ယူဆရပါတယ်။ Amazon နဲ့ EA တို့ရဲ့မှတ်ချက်တွေကိုတောင်းခံထားပြီး ထပ်မံသိရှိရင် ပြန်ပြောသွားပါ့မယ်။

Source: USA Today

#EnThueTech
#News

Post a Comment

0 Comments