Subscribe Us

header ads

AMD မှ Ryzen 7000 Series "Zen 4" Desktop CPU များကိုမိတ်ဆက်

AMD ဟာ ဒီနေ့မှာ Zen 4 architecture အသုံးပြုထားတဲ့ Ryzen 7000 Desktop Processors တွေကိုကြေညာခဲ့ပါတယ်။ Zen 4 ဟာ ပိုမိုမြင့်မားတဲ့ IPC DDR5 နဲ့ PCIe 5.0 လိုပိုမိုကောင်းမွန်တဲ့ IO တွေပါဝင်လာပါတယ်။ ဒါပေမယ့် AMD ဟာ Zen 4 မှာ Cores/Threads ပမဏကိုမတိုးခဲ့ပဲ ထုံးစံအတိုင်း Ryzen 5 က 6-core/12-thread၊ Ryzen 7 က 8-core/16-thread နဲ့ Ryzen 9 က 12-core/24-thread သို့ 16-core/32-thread ဖြစ်ပါတယ်။

AMD က ယခင်မျိုးဆက်ထက် IPC တိုးတက်မှု ၁၃% ရှိတယ်လို့ဆိုပါတယါ clock speed ကအမြင့်ဆုံး 5.7GHz အထိရနိုင်ပြီး Zen 3 ထက် single core စွမ်းဆောင်ရည် ၂၉%ပိုကောင်းတယ်လို့ဆိုပါတယ်။

ပွဲမှာ AMD ဟာ Zen 4 CPU တွေအနေနဲ့ ယခင်မျိုးဆက်ထက် ဂိမ်းစွမ်းဆောင်ရည်မှာ ၃၅%နဲ့ creator စွမ်းဆောင်ရည်မှာ ၄၅%ရှိတယ်လို့ဆိုပြီး ဒီလိုမြင့်မားလာတဲ့စွမ်း‌ဆောင်ရည်တွေကပဲ Core အရေအတွက်မတိုးဖို့ယုံကြည်မှုရစေဟန်တူပါတယ်။ 
Zen 4 ရဲ့ CPU Core dies (CCD) ကို TSMC 5nm EUV (N5) node နဲ့တည်ဆောက်ထားပြီး I/O die ကိုလည်း 6nm(N6) node နဲ့ပြောင်းလဲတည်ဆောက်ထားပါတယ်။ 

5nm ကိုပြောင်းလဲလိုက်ခြင်းဟာ Zen 3 နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Zen 4 ကို တူညီတဲ့ စွမ်းဆောင်ရည်မှာ ပါဝါစားသုံးမှုမှာ စွမ်း‌ဆောင်ရည် ၆၂% ပိုမိုရရှိ သို့ တူညီတဲ့ပါဝါစားသုံးမှုမှာ စွမ်းဆောင်ရည် ၄%ပိုမိုရရှိစေနိုင်ပါတယ်။

Zen 4 L2 Cache ဟာအရွယ်အစားပိုမိုသေးငယ်သလို Intel Alder Lake ရဲ့ Golden Cove Core ထက် ၄၇% စွမ်းအင်သုံးစွဲမှုသက်သာစေတယ်လို့ဆိုပါတယ်။

Zen 4 မှာ AMD ဟာ Core တစ်ခုခြင်းစီက L2 Cache ကို 1MB အထိတိုးပေးလိုက်ပြီး AVX 512 Instruction Set ကိုအထောက်အပံ့ပေးလာပါတယ်။ CCD တစ်ခုမှာ 8 Cores အထိပါဝင်ပြီး L3 Cache 32MB ပါဝင်ပါတယ်။

6 Cores နဲ့ 8 Cores SKU တွေဖြစ်တဲ့ Ryzen 5 နဲ့ Ryzen 7 မှာ CCD တစ်ခုသာပါဝင်မှာဖြစ်ပြီး 12 Cores နဲ့ 16 Cores Ryzen 9 တွေမှာတော့ CCD ၂ခုပါဝင်မှာပါ။ 

AM5
AMD ဟာ Zen 4 အတွက် Socket အသစ်ကိုမိတ်ဆက်လိုက်ပြီး AM5 လို့ခေါ်ပါတယ်။ ဒါဟာ 1718 pin LGA ဖြစ်ပြီး 230W အထိပါဝါပေးနိုင်သလို မျိုးဆက်သစ် I/O တွေဖြစ်တဲ့ DDR5 နဲ့ PCIe Gen 5.0 ကိုအထောက်အပံ့ပေးပါတယ်။ Cooler တွေက အရင် AM4 Cooler ကိုဆက်သုံးနိုင်မှာပါ။ AM4 တုန်းကလိုပဲ AMD ဟာ AM5 သုံး CPU တွေကို ၂၀၂၅ခုနှစ်အထိအထောက်အပံ့ပေးသွားမယ်လို့ဆိုပါတယ်။ 

Chipset and Motherboard
AM5 အတွက် chipset ၄မျိုးရှိတယ်လို့ AMD ကဆိုထားပါတယ်။ X670E နဲ့ X670 တွေက high-end အတွက်ဖြစ်ကာ B650E နဲ့ B650 က mid-range အတွက်ဖြစ်ပါတယ်။ စက်တင်ဘာလမှာ X670/E motherboard တွေကိုမိတ်ဆက်မှာဖြစ်ပြီး အောက်တိုဘာမှာ B650/E motherboard တွေကိုမိတ်ဆက်မှာပါ။


X-Series နဲ့ B-Series motherboard တွေအကြား စွမ်းဆောင်ရည်ကွာခြားမှုရှိမှာမဟုတ်ကြောင်း AMD ကအတည်ပြုပေးထားပါတယ်။ B650E နဲ့ B650 ကွာခြားသွားမှာက B650E မှာ PCIe Gen 5 GPU နဲ့ SSD ကိုအထောက်အပံ့ပေးမှာဖြစ်ပြီး B650 မှာတော့ PCIe Gen 5 ကို SSD တစ်မျိုးတည်းသုံးလို့ရမှာပါ။

AMD ဟာ Memory overclock လုပ်ရာမှာလွယ်ကူစေဖို့ EXPO ဆိုတဲ့ memory profile နည်းပညာကိုလည်းမိတ်ဆက်လိုက်ပါတယ်။ ဒီနည်းပညာမှာ AMD architecture နဲ့ကိုက်ညီမယ့် setting တွေပါဝင်ပါတယ်။ Intel XMP compatible ဖြစ်တဲ့ DDR5 တွေလည်းသုံးလို့ရမယ်ဆိုပေမယ့် စစခြင်းအဆင်ပြေတဲ့setting ရဖို့ကတော့မလွယ်ပါဘူး။ လက်ရှိမှာ manufacturer တွေက DDR5-6400 အထိရမယ့် memory kit ၁၅ခုလောက်ထုတ်ထားပြီးဖြစ်ပါတယ်။ 

ဝယ်ယူရရှိနိုင်မည့်ရက်စွဲနှင့်ဈေးနှုန်းများ

AMD Ryzen 5 7600X
6-cores/12-threads
4.70 GHz nominal clocks. up to 5.30 GHz boost, 105 W TDP
$299

Ryzen 7 7700X 
8-cores/16-threads
nominal clocks 4.50 GHz, with up to 5.40 GHz boost, 105 W TDP
$399. 

Ryzen 9 7900X
12-cores/24-threads
clocked at 4.70 GHz, with up to 5.60 GHz, 
170 W TDP
$549

Ryzen 9 7950X
16-cores/32-threads
clocked at 4.50 GHz, with up to 5.70 GHz boost, 170 W TDP
$699
SKU အားလုံးကို ၂၀၂၂ခုနှစ် စက်တင်ဘာလ၂၇ရက်နေ့မှာဝယ်ယူရရှိနိုင်ပါပြီ။

Source: AMD and Techpowerup

#EnThueTech
#News
#AMD #CPU 

Post a Comment

0 Comments