Subscribe Us

header ads

Asus ၏ ROG Swift OLED PG42UQ နှင့် PG48UQ monitor များ


PC မှာ OLED monitor တွေအတော်လေးရှားနေသေးပြီး Alienware AW3423DW နဲ့ မော်နီတာအစားထိုး LG C2 လောက်သာရှိပါတယ်။ ထိပ်တန်းကွန်ပျူတာကုမ္မဏီဖြစ်တဲ့ Asus ဟာ မျက်နှာပြင်အကျယ် ၄၂လက်မနဲ့ ၄၈လက်မအသီးသီးရှိတဲ့ ROG Swift OLED PG42UQ နဲ့ ROG Swift OLED PG48UQ ကို‌ဝယ်ယူနိုင်ပြီလိုကြေညာလိုက်ပါတယ်။ ဒီမော်နီတာတွေကို CES ပွဲမှာကတည်းကကြေညာခဲ့တာဖြစ်ပါတယ်။

OLED panel တွေရဲ့အဓိက ပြဿနာက burn-in ဖြစ်နိုင်တဲ့အတွက် အချိန်ကြာကြာသုံးလို့အဆင်မပြေတာမျိုးရှိပါတယ်။ ဒီအတွက် Asus က panel တွေကိုအေးမြစေတဲ့ custom heatsink ကိုလည်းဖန်တီးထားပါတယ်။ ကာလာရုပ်ထွက်ပိုင်းအနေနဲ့ 4K resolution၊ 10-bit color panel တွေဖြစ်ပြီး brightness 800 nits၊ 1,200,000:1 contrast ratio၊ 98% color gamut၊ 2 ထက်ပိုနည်းတဲ့ Delta-E နဲ့ HDR10 ကိုအထောက်အပံ့ပေးပါတယ်။ ဒါ့အပြင် ဒီမော်နီတာတွေကို ASUS အနေနဲ့ OLED TV တွေလိုအလင်းမပြန်အောင် အထူးပြုလုပ်ထားတဲ့ anti-glare micro-texture ကိုလည်းအုပ်ထားပေးပါတယ်။

ဒီမော်နီတာ၂မျိုးစလုံးမှာ 120Hz refresh rate ရှိကာ 138Hz အထိ overclock လုပ်နိုင်ပါတယ်၊ ဒါ့အပြင် 0.1ms response time (GtG)၊ DisplayPort 1.4 နဲ့ G-Sync Compatible ကိုလည်းအထောက်အပံ့ပေးပါတယ်။

Connectivity ပိုင်းအနေနဲ့ HDMI 2.0 ၂ခု၊ 48 Gbps bandwidth ရှိတဲ့ HDMI 2.1 ၂ခု၊ USB hub နဲ့ DisplayPort 1.4 ကိုလည်းအထောက်အပံ့ပေးထားပါတယ်။ ကောင်းမွန်တဲ့အသံထွက်ကိုရနိုင်ဖို့ Harman Kardon စပီကာတွေအသုံးပြုထားပြီး 10W front speaker ၂ခု နဲ့ 15W woofer တစ်ခုကိုတပ်ဆင်ထားပါတယ်။



ဈေးနှုန်းက ၄၂လက်မနဲ့ ၄၈လက်မအတွက် $1299 နဲ့ $1499 အသီးသီးရှိတယ်လို့ရပြီး လက်ရှိဈေးကွက်ထဲက Alienware AW3423DW နဲ့ LG C2 42 OLED တို့က $1300 ဝန်းကျင်ရှိနေပါတယ်။

Source: TechSpot

#EnThueTech
#News
#Monitor

Post a Comment

0 Comments