ကိုဗစ်-၁၉ရောဂါကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ စာသင်ကျောင်းတွေပိတ်ထားရချိန်အတွင်း ဖိလစ်ပိုင်အစိုးရဟာ ကျောင်းဆရာတွေအလုပ်ဆက်လုပ်စေနိုင်ဖို့အတွက် laptop အလုံးရေပေါင်း ၇သောင်းနီးပါးခန့်ကို ဝယ်ယူဖို့ရန်ပုံငွေချထားပေးခဲ့တယ်လို့ The Register ရဲ့သတင်းမှာရေးသားထားပါတယ်။
သို့ပင်သော်ငြား ဖိလစ်ပိုင်စာရင်းစစ်ကော်မရှင်ဟာ သိသိသာသာကွဲလွဲနေတဲ့ဝယ်ယူမှုကိုစုံစမ်းတွေ့ရှိခဲ့ပါတယ်။ ပညာရေးဌာနဟာ laptop တစ်လုံးခြင်းအတွက် P35046.50 သို့ $627 နဲ့ဝယ်ယူဖို့ ခွဲတမ်းချခဲ့ပြီး လေလံဆွဲသူတစ်ဦးက P43000 ($770) နဲ့ကမ်းလှမ်းမှုရှိခဲ့ပေမယ့် နောက်ဆုံးမှာ laptop တစ်လုံးကို P58300 ($1042)နဲ့ဝယ်ယူဖို့ သဘောတူညီချက်ရရှိခဲ့ပါတယ်။နောက်ဆုံးမှာ laptop တစ်လုံးအတွက် သတ်မှတ်ထားတဲ့ ဘက်ဂျက်ထက်ကိုပိုမိုကျသင့်နေခဲ့တဲ့အတွက် ဖိလစ်ပိုင်ပညာရေးဌာနဟာ မူလသတ်မှတ်ထားတဲ့ laptop အလုံးရေ ၆၈၅၀၀အစား အလုံးရေ ၃၉၅၈၃သာ ဝယ်ယူခဲ့ပါတယ်။
အဲဒီအချိန်က သင်ဟာ Intel Core i7-1165G7 တပ်ဆင်ထားတဲ့ Asus ZenBook 13 လို Laptop တစ်လုံးအတွက် ဒေါ်လာတစ်ထောင်လောက်အသုံးပြုမယ်ဆိုရင် မဆိုးဘူးလို့ဆိုနိုင်ပြီး M1 chip တပ်ဆင်ထားတဲ့ base Model MacBook Air ကိုလည်း $999 လောက်နဲ့ရနိုင်ကာ ဖိလစ်ပိုင်ပညာရေးဌာနဝယ်ယူဖို့ သတ်မှတ်ထားတဲ့ laptop ဈေးနှုန်းထက် $43 ပိုသက်သာနေပါသေးတယ်။
စာရွက်စာတမ်းတွေကို ဖော်ထုတ်ထားပြီး စာရင်းစစ်ကော်မရှင်ကိုပေးပို့ထားပြီးဖြစ်တယ်လို့သိရပါတယ်။ စစ်ဆေးမှုတွေ့ရှိချက်တွေပေးပို့ဖို့ အချိန်ဇယားမသတ်မှတ်ထားရသေးဘူးဆိုပေမယ့် Celeron laptop တွေအတွက်ဒေါ်လာသန်းဆယ်နဲ့ချီသုံးစွဲသွားတဲ့ကိစ္စဟာ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။
Source: The Register and TechSpot
#EnThueTech
#News
#TechCulture

ဒါပေမယ့် ဒီကိစ္စမှာဝယ်ယူခဲ့တဲ့ laptop တွေဟာ ဘက်ဂျက် Celeron CPU ကိုသာတပ်ဆင်ထားတဲ့ laptop တွေဖြစ်နေခဲ့ပါတယ်။ Amazon မှာ Celeron N4020 တပ်ဆင်ထားတဲ့ Asus တံဆိပ် laptop ကို $249 လောက်နဲ့ရနိုင်ပြီး ဆင်တူတဲ့ CPU ပါဝင်တဲ့ အခြား laptop တွေကိုလည်းသက်သက်သာသာနဲ့ရနိုင်ပါတယ်။ သိထားရမယ့်အချက်က Celeron laptop တွေဆိုတာ အခြေခံသုံးစွဲဖို့လောက်ကလွဲရင် ဘာမှသုံးလို့ရနိုင်မှာမဟုတ်ပါဘူး။
ဒါ့အပြင် ၂၀၂၀ခုနှစ်မှာ ပညာရေးဌာနဟာ 8th Gen Core-i5 CPU တပ်ဆင်ထားတဲ့ Dell ကွန်ပြူတာတွေကိုလည်း $581 နဲ့ဝယ်ယူခဲ့တယ်လို့ စာရင်းစစ်ကတွေ့ရှိခဲ့ပါတယ်။
လက်ရှိမှာ ဖိလစ်ပိုင်ပညာရေးဝန်ကြီးနဲ့ ဒုသမ္မတဖြစ်သူ ဆာရာဒူတာတေးဟာ လိမ်လည်မှုကိုစုံစမ်းစစ်ဆေးဖို့ စာရင်းစစ်ကော်မရှင်ထံတောင်းဆိုဖို့ ပညာရေးဌာနကို အမိန့်ပေးခဲ့ပါတယ်။
"လက်ရှိမှာ အဲဒီအချိန်တုန်းက ငွေကြေးဆိုင်ရာလိမ်လည်မှုဖြစ်ခဲ့တယ်လို့ မကြေညာရသေးပေမယ့် လိမ်လည်မှုလုံးဝမရှိဘူးလို့တော့ မဆိုနိုင်ပါဘူး" လို့ ဒူတာတေးကပြောကြားခဲ့ပါတယ်။

0 Comments