Subscribe Us

header ads

CEO Jensen Huang ပါဝင်မည့် NVIDIA GTC(GPU Technology Conference)တွင် AI နှင့် Metaverse နည်းပညာအသစ်များကို‌ ကြေညာမည်ဖြစ်ပြီး ထိပ်တန်းနည်းပညာကုမ္ပဏီများနှင့် လုပ်ငန်းအမှုဆောင်အရာရှိများပါဝင်သည့်ဆွေးနွေးပွဲပေါင်း၂၀၀ကျော်လည်းပါဝင်သည်

CEO Jensen Huang ပါဝင်မည့် NVIDIA GTCတွင် AI နှင့် Metaverse နည်းပညာအသစ်များကို‌ ကြေညာမည်ဖြစ်ပြီး ထိပ်တန်းနည်းပညာကုမ္ပဏီများနှင့် လုပ်ငန်းအမှုဆောင်အရာရှိများပါဝင်သည့် ဆွေးနွေးပွဲပေါင်း၂၀၀ကျော်လည်းပါဝင်သည်

Image: NVIDIA


Deep Learning ကိုရှေ့ဆောင်သူဖြစ်တဲ့ Yoshua Bengio၊ Geoff Hintin၊ Yann LeCun အပါအဝင် နယ်ပယ်အတွင်းမှကျွမ်းကျင်သူတွေဟာ စက်တင်ဘာလ ၁၉ရက်မှ ၂၂ရက်အတွင်းကျင်းပမည့် World's Premier AI Conference ကိုတက်ရောက်ကြမှာဖြစ်ပါတယ်။

NVIDIA ဟာ ဒီနေ့မှာ သူတို့ရဲ့ GTC(GPU Technology Conference) ပွဲကို စက်တင်ဘာလ ၁၉ရက်မှ ၂၂ရက်အတွင်း virtual နည်းဖြင့်ကျင်းပမည်ဖြစ်ကြောင်းကြေညာခဲ့ကာ ကမ္ဘာ့စီးပွားရေးနှင့် နည်းပညာခေါင်းဆောင်များနှင့် ဆွေးနွေးပွဲပေါင်း ၂၀၀ကျော်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အ‌ဆိုပါပွဲကို အခမဲ့မှတ်ပုံတင်၍တက်ရောက်နိုင်ပြီး ယခုစတင်စာရင်းသွင်းနိုင်ပါပြီ။

CEO Jensen Huang ရဲ့ keynote ကို စက်တင်ဘာလ ၂၀ရက် ပစိဖိတ်စံတော်ချိန် နံနက် ၈နာရီ(မြန်မာစံတော်ချိန် ည ၁၁နာရီ၃၀မိနစ်)တွင် တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပြီး ပြီးဆုံးသည့်အချိန်မှာ recordဖိုင်ကိုလည်း ရယူနိုင်ပါတယ်။ keynote ကိုကြည့်ဖို့အတွက် မှတ်ပုံတင်ဖို့မလိုအပ်ပါဘူး။

Image: NVIDIA

GTC မှာ Turing Award Winner တွေဖြစ်တဲ့ Yoshua Bengio၊ Geoff Hintin နှင့် Yann LeCun တို့ရဲ့ AI ဟာမည်သို့ပြောင်းလဲလာမလဲနဲ့ စိန်ခေါ်မှုပြဿနာများကို‌ မည်သို့ကူညီဖြေရှင်းမည့်အကြောင်းကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို NVIDIA မှ AI သုတေသနဌာန၏ ဒုဥက္ကဌဖြစ်သူ Sanja Fidler မှ အကဲဖြတ်သွားမှာပါ။

GTC ဆွေးနွေးပွဲမှာ ကြီးမားသည့်ဘာသာစကားပုံစံများ၊ ဘာသာစကားကိုသဘာဝကျစွာလုပ်ဆောင်ခြင်း၊ ဒစ်ဂျစ်တယ်အမွှာများ၊ ဒီဂျစ်တယ်ဇီဝဗေဒ၊ စက်ရုပ်နည်းပညာများနှင့် ရာသီဥတုသိပ္ပံပညာတို့အပါအဝင်
AI နှင့် metaverse ကို မောင်းနှင်နေသည့် အချို့သောအရေးကြီးသည့်အချက်များကို စူးစမ်းဖွေရှာသွားမှာဖြစ်ပါတယ်။

အဓိကဆွေးနွေးပွဲများ

  • BMW၊ ILM၊ Kroger၊ Lowe's၊ Siemens၊ NVIDIA နဲ့အခြားကုမ္ပဏီ‌တွေက ဒစ်ဂျစ်တယ်အမွှာတွေကိုအသုံးချပြီး ထုတ်လုပ်ရေး၊ အာရုံကြောခွဲစိတ်မှုကနေ ရာသီဥတုဆိုင်ရာမော်ဒယ်များကိုဖန်တီးခြင်းစတဲ့ နေရာအမျိုးမျိုးမှာအသုံးချနေကြပုံ
  • ByteDance ရဲ့ machine learning နဲ့ deep learning အတွက် ကြီးမားလှတဲ့ GPU အစုအဝေးကိုဖြန့်ချက်ထားမှု
  • Medtronic ရဲ့ စက်ရုပ်ဖြင့်ခွဲစိတ်မှုပြုလုပ်ခြင်းနဲ့ အနာဂတ်ရဲ့ခွဲစိတ်ခန်းအတွက် AI ကိုအသုံးပြုပုံ
  • Boeing ကုမ္ပဏီရဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုဟာ လေကြောင်းစက်မှုလုပ်ငန်းနဲ့ ထုတ်လုပ်ရေးတို့မှာ ပိုမိုလိုက်လျောညီထွေရှိပြီး ထိရောက်လာပုံ
  • Deutsche Bank ရဲ့ AI နဲ့ Cloud Computing လက်ခံကျင့်သုံးခြင်းက သုံးစွဲသူအတွေ့အကြုံကိုတိုးတက်လာပုံ
  • Johnson and Johnson ရဲ့ hybrid cloud computing ကိုအသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှုပြုခြင်းအပြင် ဆေးဝါးသုတေသနအတွက် quantum computing simulation ကိုအသုံးချမှုဆွေးနွေးခန်းလည်းဖြည့်သွင်းထားပါတယ်။
  • ဆေးဝါးကုမ္ပဏီတွေအနေနဲ့ AI model တွေနဲ့ ဒစ်ဂျစ်တယ်အမွှာတွေကိုအသုံးပြုပြီး ဆေးဝါးတွေကိုဘယ်လိုမြန်မြန်ဖန်တီးနိုင်သလဲ
  • ကုလသမဂ္ဂနဲ့ NVIDIA ရဲ့ သိပ္ပံပညာရှင်တွေဟာ သဘာဝဘေးအန္တရာယ်ကိုခန်းမှန်းခြင်း၊ သစ်တောပြုန်းတီးမှုနဲ့ စိုက်ပျိုးရေးအပါအဝင် ရာသီဥတုပုံစံကို AI နှင့်ဖန်တီးခြင်းအကြောင်းကိုဆွေးနွေးသွားပါမယ်
  • Amazon Web Services၊ Ericsson၊ Verizon နဲ့ NVIDIA မှခေါင်းဆောင်များဟာ 5G အတွက် AR နဲ့ VR အသုံးပြုမှုများနှင့် ဒစ်ဂျစ်တယ်အမွှာတွေကို 5G ဖြန့်ကျက်မှုမှာအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြပုံ
  • Mercedes-Benz၊ Siemens၊ Magic Leap နဲ့ NVIDIA တို့ရဲ့ အမှုဆောင်အရာရှိတွေဟာ စာရေးဆရာ Matthew Ball နဲ့ ဂျာနယ်လစ် Dean Takahashi တို့နဲ့ပူးပေါင်းပြီး စက်မှုလုပ်ငန်းသုံး Omniverse အသုံးချမှုများနှင့် spatial computing အကြောင်းကိုဆွေးနွေးသွားမှာပါ
  • Adobe၊ Pixar နဲ့ NVIDIA အကြီးအကဲတွေဟာ ကြီးမားတဲ့ဘာသာစကားပုံစံ၊ ဘာသာစကားကိုသဘာဝကျကျစီမံဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ်အမွှာများ၊ ဒီဂျစ်တယ်ဇီဝဗေဒ၊ စက်ရုပ်နည်းပညာနှင့် ရာသီဥတုသိပ္ပံအပါအဝင် Universal Scene Description အနေနဲ့ metaverse မှာစံနှုန်းတစ်ခုဖြစ်ပေါ်လာတာကို ရှင်းလင်းပြောကြားသွားမှာပါ
GTC မှာ လုပ်ငန်းအမှုဆောင်အရာရှိများ၊ ဒေတာသိပ္ပံပညာရှင်များ၊ အိုင်တီစီးပွားရေးခေါင်းဆောင်များ၊ ဒီဇိုင်နာများ၊ ဆော့ဖ်ဝဲဖန်တီးသူများ၊ သုတေသီများနှင့် ကျောင်းသားများစတဲ့ မတူညီတဲ့ပရိသတ်များအတွက် အံဝင်စေမယ့် ဆွေးနွေးပွဲပေါင်းများစွာကို ပေးအပ်ထားပါတယ်။

ဆော့ဖ်ဝဲ‌ရေးသားဖန်တီးသူများနဲ့ သုတေသီများအတွက် အကြောင်းအရာ

GTC မှာ အသက်မွေးဝမ်းကြောင်းအဆင့်အားလုံးအတွက် အထူးကောင်းမွန်လှတဲ့ သင်ယူမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအခွင့်အလမ်းတွေထောက်ပံ့ပေးထားပြီး အများအပြားဟာ အခမဲ့ဖြစ်ပါတယ်။ ဆော့ဖ်ဝဲ‌ရေးသားဖန်တီးသူများ၊ သုတေသီများနှင့် ကျောင်းသားများဟာ ကျယ်ပြန့်သည့်အကြောင်းအရာများ‌အတွက် ဆွေးနွေးပွဲပေါင်း ၁၃၅ခု ကို‌စာရင်းသွင်းနိင်ပြီး အောက်ပါအကြောင်းအရာများလည်းပါဝင်ပါတယ်

  • AI ဖြင့်အသက်မွေးဝမ်းကြောင်းပြုရန် နည်းလမ်း ၅သွယ်
  • AI Workflow များကိုအရှိန်မြင့်ခြင်းနှင့် Cloud အခြေခံအဆောက်အဦများတွင်ရင်းနှီးမြုပ်နှံမှုတိုးမြှင့်ခြင်း
  • ပညာရေးမှ လုပ်ငန်းရှင်အထိ AI ခရီးစဉ်
  • Kaggle-Winning-Solution မှ သင်ခန်းစာများကို လက်တွေ့ကမ္ဘာ့ပြဿနာများတွင်အသုံးချခြင်း
  • Standard C++၊ Fortran နှင့် Python ကိုအသုံးပြု၍ HPC application များဖန်တီးခြင်း
  • Quantum-Accelerated Supercomputer ကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း
  • NVIDIA သုတေသနမှ တိကျသေချာစွာနားလည်သိမြင်လာမှုများ
တက်ရောက်သူတွေဟာ မိမိတို့ရဲ့ အရည်အချင်းကိုမြှင့်တင်လိုပါက NVIDIA Deep Learning Institute (DLI) မှ နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများတစ်ရက်လုံးကျင်းပကာ စမ်းသပ်ရန်အချိန် ၂နာရီပေးအပ်ထားမှာဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲပေါင်း အခု၂၀ရှိပြီး များပြားလှသည့်ဘာသာစကားများနှင့်စံတော်ချိန်များအတွက်ရရှိနိုင်သလို accelerated computing computer vision ဒေတာသိပ္ပံ၊ စကားပြောဆိုနိုင်သည့်AI၊ ဘာသာစကားကို သဘာဝကျကျစီမံဆောင်ရွက်ခြင်းနှင့် အခြားအကြောင်းအရာများအတွက် training lab ပေါင်း ၂၅ခုကျော်ကို ပေးအပ်ထားမှာဖြစ်ပါတယ်။

မှတ်ပုံထားတဲ့သူတွေဟာ ၂နာရီကြာ Training Lab တွေကိုအခမဲ့တက်ရောက်နိုင်ပါတယ် သို့မဟုတ် GTC တွင် $149 ကျသင့်မည့် တစ်နေ့လုံးစာအတွက် DLI workshop များကို ဩဂုတ်လ ၂၉ရက် ကြာသပတေးနေ့အထိ လျော့ဈေး $99 နဲ့တက်ရောက်နိုင်ပါတယ်။

စီးပွားရေးခေါင်းဆောင်များအတွက် တိကျသေချာစွာနားလည်စေခြင်း

ယခု GTC တွင်ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အရောင်းလုပ်ငန်းများ၊ မော်တော်ယာဉ်လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပါအဝင် အဓိက လုပ်ငန်းနယ်ပယ်များ၏ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများအချို့မှ ဆွေးနွေးပွဲပေါင်း ၃၀‌ ကျော်ပါဝင်လာမှာပါ။

AI နှင့် metaverse နည်းပညာကိုအသုံးပြုပြီး AI စင်တာများတည်ဆောက်ခြင်း၊ ဒစ်ဂျစ်တယ်အမွှာတွေရဲ့ လုပ်ငန်းတန်ဖိုးနဲ့ နည်းပညာသစ်တွေဟာ ကျွန်တော်တို့ရဲ့ နေထိုင်ပုံ၊ အလုပ်လုပ်ကိုင်ပုံနှင့် ဂိမ်းကစားပုံတွေကိုဘယ်လိုသတ်မှတ်ပေးလာမလဲဆိုတဲ့အကြောင်းကို ‌မျှဝေပေးသွားမှာဖြစ်ပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ကုမ္ပဏီများအပြင် AT&T၊ BMW၊ Fox Sports၊ Lucid Motors၊ Medtronic၊ Meta၊ Microsoft၊ NIO၊ Pinterest၊ Polestar၊ United Airlines နဲ့ U.S Bank တို့က အကြီးတန်းအမှုဆောင်အရာရှိတွေဟာလည်း ဒီပွဲမှာတင်ပြဖို့စီစဉ်ထားပါတယ်။

တက်သစ်စလုပ်ငန်းများအတွက်ဆွေးနွေးပွဲများ

တက်သစ်စလုပ်ငန်း ၁၁၀၀၀ကျော်ပါဝင်ကာ ကမ္ဘာလုံးဆိုင်ရာအစီစဉ်တစ်ခုဖြစ်တဲ့ NVIDIA Inception ဟာ အောက်ပါအချက်တွေအပါအဝင် ဆွေးနွေးပွဲတွေကိုကျင်းပသွားမှာပါ

  • Venture Capital (VC) များအတွက် AI: တက်သစ်စခေါင်းဆောင် ၆ယောက်ဟာ စက်ရုပ်နည်းပညာကနေ စားသောက်ဆိုင်တွေအထိတိုးတက်မှုတွေဘယ်လိုဆောင်ရွက်နေကြသလဲ
  • ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေ မှာ NVIDIA Inception တက်သစ်စလုပ်ငန်းတွေဘယ်လိုတိုးတက်နေကြသလဲ
  • တက်သစ်စလုပ်ငန်းတွေအပေါ် NVIDIA ရဲ့နည်းပညာတွေက ဘယ်လိုကူညီပေးနိုင်သလဲ
  • ထွန်းသစ်စဈေးကွက်တွေမှာ AI နဲ့ စိုက်ပျိုးရေးကိုတိုးတက်ပြောင်းလဲစေပုံ

GTC ဆွေးနွေးပွဲ ကတ်တလောက်အပြည့်အစုံကို လေ့လာပြီး တက်ရောက်ဖို့ ယနေ့ပင်စာရင်းသွင်းလိုက်ပါ။

Source: NVIDIA









Post a Comment

0 Comments