Subscribe Us

header ads

DirectX 9 ဂိမ်းအထောက်အပံ့အတွက် Emulation Layer ကိုအသုံးပြုနေတဲ့ Intel

Image: Intel

PC ဂိမ်းတွေမှာ backwards compatible ဖြစ်မှုဆိုတာအင်မတန်အရေးပါပါတယ်။ မြောက်မြားစွာသော ဂိမ်းမာတွေဟာ classic ဂိမ်းတွေကိုကစားနေကြသလို CSGO လိုအချို့ဂိမ်းတွေဟာလည်းနှစ်ပေါင်းများစွာကြာမြင့်နေချိန်မှာတောင်ရေပန်းစားလျက်ရှိနေတုန်းပါပဲ။


ဒါကိုအစွဲပြုပြီး GPU ထုတ်လုပ်သူတွေဟာ API အဟောင်းတွေကိုပစ်ပယ်လို့မရနိုင်ကြပါဘူး။ ဒီကိစ္စတစ်ခုကြောင့် graphics card အသစ်တစ်ခုဖန်တီးဖို့ရာအင်မတန်ခက်ခဲပြီး ခေတ်ပေါ်နဲ့ခေတ်ဟောင်း API ၂မျိုးစလုံးကိုကောင်းစွာထောက်ပံ့ပေးနိုင်ဖို့ ဖန်တီးကြရပါတယ်။ လက်ရှိ graphics card ထုတ်လုပ်တဲ့သူဖြစ်လာတဲ့ Intel အပေါ်မှာလည်း ဒီအချက်ကသက်ရောက်နေပြီး သူတို့ရဲ့ ARC series graphics card တွေဟာ Microsoft DirectX 9 API ကိုတိုက်ရိုက်အထောက်အပံ့မပေးနိုင်ပါဘူး။

DirectX 9 ကိုအထောက်အပံ့ပေးနိုင်ဖို့ Intel 12th Gen integrated graphics တွေနဲ့ ARC A-series graphics card အသစ်တွေမှာ DX9On12 ဆိုတဲ့ conversion layer တစ်ခုကိုကြားခံထားပြီးအထောက်အပံ့ပေးပါတယ်။ DirectX 9 ကိုအသုံးပြုကြတာ ဂိမ်းအဟောင်းတွေဖြစ်တာမို့ DX9ON12 conversion layer နဲ့ကစားရမယ်ဆိုရင်တောင်မှ DirectX 9 ဂိမ်းတွေရဲ့စွမ်းဆောင်ရည်အရမ်းကျသွားမှာမဟုတ်ပါဘူး။ ယနေ့GPU တွေဟာ DirectX 9 ဂိမ်းတွေအတွက် raw compute performance အရမ်းကိုများပြားနေပြီးသားဖြစ်တဲ့အတွက် DX9 to DX12 conversion ဟာ စွမ်းဆောင်ရည်အနည်းငယ်သာထိခိုက်မယ်လို့ယူဆရပါတယ်။ 

Counter-Strike: Global Offensive၊ DOTA 2၊ Team Fortress 2 နဲ့ Lost ARK စတဲ့ Steam က နာမည်ကျော်ဂိမ်းအမြားအပြားဟာ Microsoft DirectX 9 API ကိုအထောက်အပံ့ပေးကြဆဲဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ၄ခုက Steam မှာ အများဆုံးဆော့ကစားတဲ့ဂိမ်းတွေဖြစ်လို့ ခေတ်ပေါ် PC နဲ့ graphics card တွေအတွက်ဘယ်လိုအရေးပါနေသလဲဆိုတာ‌မီးမောင်းထိုးပြနေပါတယ်။

Intel ဟာ DirectX 11 နဲ့ ပိုခေတ်မှီတဲ့ DirectX 12 နဲ့ Vulkan တွေမှာ driver တွေကောင်းစွာအထောက်အပံ့ပေးဖို့ အာရုံစိုက်နေပါတယ်။ Intel အနေနဲ့ DirectX 9 အတွက် emulation လုပ်ဖို့ဆုံးဖြတ်ထားပြီး emulation တစ်ခုခံပြီးကစားရတယ်ဆိုရင်တောင်မှ နာမည်ကျော် DirectX 9 ဂိမ်းအများစုက DirectX 11 mode ပါဝင်လို့ ခေတ်ပေါ် PC တွေမှာ ကောင်းကောင်းမကစားနိုင်စရာ အကြောင်းတော့မရှိပါဘူး။

Source: OC3D

#EnThueTech
#News
#Gaming
#Intel #GPU

Post a Comment

0 Comments