![]() |
Image: Jade Chung-Lee/Amazon/Pixlr |
ပါကစ္စတန်နိုင်ငံရဲ့ အကောက်ခွန်ကောလိပ်တော်ဌာနဟာ လွန်ခဲ့တဲ့အပတ်က ပြည်တွင်းကိုတင်သွင်းလာတဲ့ graphics card တွေကို အခွန်ကောက်ခံသွားမယ့်အစီအစဉ်တွေ ကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ တင်သွင်းသူတွေအနေနဲ့ GPU ကို ဈေးနှိမ်ပြကာ အခွန်နဲ့ အကောက်ခွန်တွေကိုရှောင်ရှားဖို့ကြိုးစားတာတွေကိုတိုက်ဖျက်ဖို့ဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ကတ်တစ်ခုခြင်းကို တန်ဖိုးသတ်မှတ်မယ့်အစား GPU တစ်ခုရဲ့တန်ဖိုးကို VRAM ပမာဏနဲ့သာသတ်မှတ်သွားတော့မှာပါ။
![]() |
ကောလိပ်တော်အရာရှိကထုတ်ပြန်ထားတဲ့စာရင်းဇယားထဲမှာ VRAM ပမာဏ 4GB ကနေ 24GB အတွင်းရှိတဲ့ GPU တွေကို ပါကစ္စတန်ရူပီးငွေနဲ့ ၃၆ရာခိုင်နှုန်းစည်းကျပ်မယ့်အခွန်နှုန်းထားကိုဖော်ပြထားပါတယ်။ ဥပမာ $196 တန် 8GB GPU တစ်ခုဟာ ငွေလဲနှုန်းအရ 42561ရူပီးကျသင့်မှာဖြစ်ပြီး အခွန် 15321.96ရူပီးထပ်ပေါင်းပေးရမှာပါ။
GPU တွေအကြား benchmark သတ်မှတ်ချက်အရကြည့်တာမဟုတ်ဘူးဆိုရင် ကွာခြားချက်တွေသိဖို့မလွယ်တာတော့ အမှန်ပါပဲ။ graphics card တွေကိုထုတ်လုပ်သူတွေနာမည်ပေးပုံက စိတ်ရှုပ်ထွေးစရာ ကောင်းပါတယ်။ အကောက်ခွန်အရာရှိတစ်ယောက်အနေနဲ့ graphics card ဘူးခွံကိုကြည့်လိုက်မယ်ဆိုရင် VRAM ပမာဏဟာကွာခြားမှုကိုကြည့်ဖို့အလွယ်ဆုံးဖြစ်ပါတယ် ဒါပေမယ့် ဘယ်လောက်အဆင့်GPU လဲဆိုတာကိုသိနိုင်ဖို့ကခဲယဉ်းပါတယ်။ ဒီအစီအစဉ်အသစ်က အချို့ GPU တွေကို ဒီထက်ပိုစွမ်းအားကောင်းတဲ့ GPU တွေထက် အခွန်ပိုကောက်မိစေနိုင်ပါတယ်။
ပါကစ္စတန်ရဲ့အခွန်စံနစ်က အိုမင်းနေပြီဖြစ်တဲ့ 24GB Titan RTX ကိုသူ့ထက်ပိုစွမ်းအားကောင်းတဲ့ RTX 3070 ထက်ပိုအခွန်ကောက်မိနိုင်ပါတယ်။ အထူးသတိထားရမှာက အလယ်လတ်တန်း 12GB RTX 3060 ဟာ အင်မတန်စွမ်းအားကောင်းလှတဲ့ 12GB RTX 3080Ti လိုအခွန်ဆောင်ရမှာပါ။ RTX 3070 ကတော့ 8GB VRAM သာရှိလို့ပိုသက်သာနိုင်ပါတယ်။
ဆောင်ရွက်ချက်ဟာ အချို့ GPU တွေနဲ့အဆင်ပြေတယ်ဆိုပေမယ့် ထိပ်တန်းGPU တွေနဲ့ကိုက်ညီမှုမရှိပါဘူး။ ကောလိပ်တော်အရာရှိက သတ်မှတ်ထားတဲ့ 12GB GPU ရဲ့ဈေးနှုန်းဟာ $328 ဖြစ်ပြီး RTX 3060 ရဲ့ MSRP ဈေးနဲ့မကွာပါဘူး။ သို့ပင်သော်ငြား 24GB GPU တစ်ခုအတွက် အမြင့်ဆုံး $540 သာသတ်မှတ်ထားတဲ့အတွက် MSRP ဈေးနှုန်း $2000 ရှိတဲ့ 24GB RTX 3090Ti ရဲ့ တန်ဖိုး ၄ပုံ၁ပုံကျော်သာရှိနေတာပါ။
သွင်းကုန်အတွက်အမိန့်ဒီဂရီတွေထုတ်ပြန်တာက နားလည်ပေးနိုင်ပါတယ်။ စိတ်မကောင်းစရာက GPU ရဲ့ တန်ဖိုးကို သတ်မှတ်ဖို့ဆိုတာ ဖြစ်သင့်တာထက်ပိုမိုရှုပ်ထွေးပါတယ်။ အကောက်ခွန်အရာရှိတွေအနေနဲ့ လက်တွေ့စွမ်းဆောင်ရည်ကိုအခြေခံပြီးအခွန်ကောက်ဖို့က ဖြစ်နိုင်ပါ့မလား?
Source: TechSpot
#EnThueTech
#News
#GPU
#Regional
0 Comments