Subscribe Us

header ads

LG ၏ UltraGear ၄၅လက်မ 240Hz Curved OLED Gaming Monitor နှင့် အခြားDisplay Panel များ

Image: LG

LG ဟာ ဒီနေ့ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့မှာကျင်းပတဲ့ IFA 2022 ပွဲမှာ အရွယ်အစားကြီးမားတဲ့ LG UltraGear OLED Gaming Monitor (45GR95QE) ကိုပြသခဲ့ပြီး ထောင့်ဖြတ် ၄၅လက်မ၊ 3440x1440 resolution 240Hz refresh rate နဲ့ 0.1ms response time ရှိတယ်လို့သိရပါတယ်။ ဒီမော်နီတာဟာ အရောင်တိကျမှုရှိသလို ဂိမ်းမာတွေဂိမ်းထဲနှစ်မျောသွားစေမယ့် 800R curvature လည်းရှိပါတယ်။


Corsair Xeneon Flex 45WQHD240 (Image: Corsair)

Corsair Xeneon Flex 45WQHD240 (Image: Corsair)


ဒီမော်နီတာမှာသုံးထားတဲ့ panel ဟာ Corsair Xeneon Flex 45WQHD240 OLED Gaming Monitor မှာလည်းအသုံးပြုထားပြီး Corsair ကတော့ အသုံးပြုသူအနေနဲ့ ကွေးညွှတ်လို့ရတဲ့ mechanism ကိုထည့်သွင်းလိုက်ပေမယ့် LG ကတော့ ပုံမှန် curved အနေနဲ့သာထားရှိထားတာပါ။

Image: LG

နောက်ထပ်စိတ်ဝင်စားစရာကတော့ UltraFine Display Argo AI(model 32UQ890)ဖြစ်ပါတယ်။ ဒါက ၃၁.၅လက်မ 4K IPS display ဖြစ်ပြီး DCI-P3 95% coverage ရပါတယ်။ နာမည်မှာ AI ပါဝင်တာက AI Motion Continuous Motion နဲ့ Periodic Motion ဆိုပြီး AI driven ergonomic mode ၃မျိုးပါဝင်လာတာပါ။ ပွဲမှာ LG က screen ရဲ့အမြင့်ကို အသုံးပြုသူရဲ့ မျက်လုံးနဲ့တပြေးညီဖြစ်အောင် သူ့ရဲ့ မော်တာပါတဲ့ arm အလိုလိုချိန်ညှိပြသွားပါတယ်။

Image: Videocardz

LG က ဒီမော်နီတာတွေရဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မယ့်အချိန်ကိုတော့မပြောသွားပါဘူး။

Source: Tom's Hardware and Videocardz

Post a Comment

0 Comments