Subscribe Us

header ads

Quantic Dream ကို တရုတ်ကုမ္ပဏီ NetEase မှဝယ်ယူ

Image: NetEase

Heavy Rain နဲ့ Detroit Become Human စတဲ့ဂိမ်းတွေကိုဖန်တီးတဲ့ ပြင်သစ်အခြေစိုက် နာမည်ကျော်ဂိမ်းထုတ်လုပ်ဖြန့်ချီရေး Quantic Dream ကို တရုတ်ကုမ္ပဏီ NetEase ကဝယ်ယူလိုက်ပြီလို့ဆိုပါတယ်။

NetEase ဟာ ဒီဝယ်ယူမှုကိုကြေညာခဲ့ပြီး ဝယ်ယူတဲ့ဈေးနှုန်းပမာဏကိုမဖော်ပြထားပေမယ့် Quantic Dream မှာ လွဲခဲ့တဲ့ ၃နှစ်လောက်ကတည်းက ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ပိုင်ရှင်အသစ်တွေကတော့ Quantic Dream အနေနဲ့ သီးခြားရပ်တည်လည်ပတ်သွားမှာဖြစ်ကာ သူတို့ရဲ့ ဂိမ်းတွေကိုပလက်ဖောင်းအစုံမှာ ထုတ်လုပ်ဖြန့်ချီဖို့အာရုံစိုက်သွားမယ်လို့ဆိုပါတယ်။

Image: Quantic Dream

Quantic Dream ဟာ NetEase ရဲ့ ပထမဆုံး ဥရောပမှာအခြေစိုက်တဲ့ စတူဒီယိုဖြစ်လာမှာဖြစ်ပြီး မကြာသေးခင်က AAA ဂိမ်းတွေကိုသာဖန်တီးလာပေမယ့် ဒီစတူဒီယိုနာမည်နဲ့ မိုဘိုင်းလ်ဂိမ်းတွေမြင်လာရဖွယ်ရှိနေပါတယ်။ တရုတ်ကုမ္ပဏီ NetEase ဟာ ယာကူဇာဂိမ်းဖန်တီးသူ Toshiro Nagoshi ရဲ့ စတူဒီယိုအသစ်၊ Xbox pioneer ဖြစ်သူ Jerry Hook ရဲ့ Jar of Sparks စတူဒီယိုနဲ့ အသစ်ကြေညာထားတဲ့ Where Winds Meet ဂိမ်းတို့နောက်ကွယ်ကနေ အထောက်အပံ့ပေးနေတာဖြစ်ပါတယ်။

Quantic Dream ဟာ အစဉ်အဆက် စကားပြောအသားပေး၊ choice-based adventure ဂိမ်းတွေကိုသာအာရုံစိုက်လာခဲ့ပြီးလက်ရှိမှာ narrative အခြေခံ Star Wars Eclipse ကိုဖန်တီးနေပါတယ်။ ယခင်အပတ်ကလည်း ocean exploration ဂိမ်းဖြစ်တဲ့ Under the Waves ကိုထုတ်လုပ်မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ကုမ္ပဏီဟာ မကြာခင်နှစ်များအတွင်း လုပ်ငန်းခွင်ဆိုင်ရာအကျင့်ပျက်ချစားမှုရှိ‌ကြောင်း အစီရင်ခံစာများတင်သွင်းခံထားရကာ ဒီအချက်ကိုပြင်းပြင်းထန်ထန်ငြင်းဆိုထားပြီး ပြင်သစ်သတင်းစာတိုက်တွေကိုတောင် တရားရုံးမှာစွဲချက်တင်ထားပါတယ်။

Source: IGN

#EnThueTech
#News
#Gaming

Post a Comment

0 Comments