Subscribe Us

header ads

Samsung ရဲ့ Odyssey Ark ၅၅လက်မ 4K 1000R curved Quantum Mini-LED မော်နီတာ



Samsung Electronics ဟာ Odyssey Ark ဆိုတဲ့ ကမ္ဘာ့ပထမဦးဆုံး 55လက်မ 4K 1000R curved Quantum Mini-LED gaming screen ကိုမိတ်ဆက်သွားပါတယ်။ ဒီကြီးမားလှတဲ့ display မှာ 165Hz refresh rate၊ 1ms response time (GtG) အပြင် screen ကို ဒေါင်လိုက်ထားလို့ရတဲ့ Cockpit Mode နဲ့ သင်ရဲ့ဂိမ်းအပေါ် စိတ်ကြိုက်စီးမျောနိုင်ဖို့ Ark Dial ဆိုတဲ့ controller ပါပါဝင်ပါတယ်။

Image: Samsung

"ကျနော်တို့ဟာ ဒီ screen အသစ်ကို ထုတ်ဖော်ပြသဖို့စိတ်လှုပ်ရှားနေပါတယ်။ ဒီ Screen အသစ်ဟာ premium ဖြစ်သလို ကောင်းမွန်လှတဲ့ရုပ်ထွက်၊ စီးမျောသွားနိုင်စေမယ့် surround sound နဲ့ ဂိမ်းမာတွေတောင်းဆိုနေထားတဲ့ အလွန်လိုက်လျောညီထွေရှိတဲ့ interface လည်းပါဝင်တယ်" လို့ Samsungရဲ့ Visual Display Business ဌာနရဲ့ Executive Vice President ဖြစ်သူ Hyesung Ha ကဆိုပါတယ်။

Image: Samsung


Image: Samsung

Gaming Community မှာ အသစ်အဆန်းတွေကိုတောင့်တကြပြီး Odyssey Ark ဟာ ဂိမ်းနယ်ပယ်တစ်ခုလုံးရဲ့ စံနှုန်းတွေကိုမြှင့်တင်ပေးသွားမှာပါ။ Odyssey Ark ဟာ ဒီနှစ် Consumer Electronics Show(CES) မှာလည်းပြသခဲ့ပြီး CES Innovation Award Honoree အဖြစ်လည်းအသိမှတ်ပြုခံခဲ့ရပါတယ်။

Image: Samsung

Samsung Odyssey Ark ရဲ့ဈေးနှုန်းက $3500 ဝန်းကျင်လောက်ရှိပြီး နိုင်ငံတကာမှာ ယခုစတင်မှာယူနိုင်ပြီလို့သိရပါတယ်။




Source: Techpowerup

#News
#Gaming

Post a Comment

0 Comments