Subscribe Us

header ads

Sony ရဲ့ PS5 ဂိမ်းခလုတ်အသစ် DualSense Edge

မနေ့က Gamescom အဖွင့်ပွဲညမှာ Sony ဟာ Play Station 5 ဂိမ်းခလုတ်အသစ် DualSense Edge controller ကိုပြသခဲ့ပြီး အဆိုပါ controller ဟာ Microsoftရဲ့ Xbox Elite controller ကိုတုန့်ပြန်ဖို့ဖြစ်မယ်လို့ယူဆနိုင်ပါတယ်။ Edge မှာ ပုံမှန်ထက်ပိုတဲ့ စိတ်ကြိုက်ပုံစံတွေကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။









DualSense Edge မှာ Elite controller လိုမျိုး adjustable button တွေ၊ stick တွေ နဲ့ ကျောဘက်လလုပ်တွေလည်းပါဝင်ပါတယ်။ stick တွေနဲ့ ကျောဘက်ခလုပ်ကိုဖြုတ်တပ်လို့ရပါတယ်။ ဒါပေမယ့် Elite မှာလို့ ကျောဘက်ခလုပ်က ၄ခုမဟုတ်ပဲ ၂ခုသာပါမှာဖြစ်ပါတယ်။ ဒါအပြင် ဂိမ်းတစ်ခုခြင်းစီအလိုက် profile တွေမှတ်သားထားနိုင်မှာဖြစ်ပါတယ်။



DualSense Edge ရဲ့ဈေးနှုန်းကိုမသိရသေးပေမယ့် လာမယ့်လတွေအတွင်းဝယ်ယူနိုင်မယ့်ရက်ကိုကြေညာသွားမယ်လို့ Sony ကဆိုထားပါတယ်။ Microsoft ရဲ့ Elite Controller Series 2 ရဲ့ ဈေးနှုန်းက $180 ဖြစ်တယ်လို့သိရပါတယ်။

Source: TechSpot and PlayStation Blog

#EnThueTech
#News
#Gaming

Post a Comment

0 Comments