Subscribe Us

header ads

တိုးတက်မှုများရှိလာသည့် AMD ၏ FidelityFX Super Resolution 2.1


AMD ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ သူတို့ရဲ့ FidelityFX Super Resolution 2.1 ထုတ်ဖော်ပြသခဲ့ပြီး ၎င်းဟာ ယခင် စွမ်းဆောင်ရည်ပိုင်းမှာ FSR2.0 ကိုဆက်ခံထားနိုင်သလို upscale လုပ်ခြင်းကြောင့် သာမန်မျက်စိနဲ့ပင် သိသိသာသာမြင်နိုင်တဲ့ အပစ်အနာအဆာတွေကို တည့်မတ်ပေးလာနိုင်ပြီဖြစ်ပါတယ်။ စပြောရရင် လှုပ်ရှားမှုကြောင့် တောက်ပတဲ့ shimmering effect ဖြစ်ပေါ်မှုကိုပြုပြင်ပေးထားပါတယ်။ အတိမ်အနက်ကိုပြသရာမှာဖြစ်ပေါ်လာတဲ့ပြဿနာအချို့ကိုလည်းအပြုပြင်ပြောင်းလဲထားပါတယ်။

Upscale output အရည်အသွေးကိုလည်း အချို့နေရာတွေမှာ FP16 ကနေ FP32 ကိုပြောင်းလဲလိုက်တဲ့အတွက် အရောင်ထွက်တာပိုမှန်ကန်လာသလို upscale လုပ်တဲ့ပုံကိုလည်းပိုတည်ငြိမ်စေပါတယ်။ ဖောက်ထွင်းမြင်ရတဲ့ geometry တွေမှာ ghosting ဖြစ်မှုကိုလည်း reactive mask ကိုပိုမိုတိုးတက်အောင်ပြုလုပ်ကာဖြေရှင်းထားပါတယ်။ motion vector တွေရှိတဲ့ geometry တွေမှာ pixel အရောင်တွေမကိုက်ညီပဲ ghosting ဖြစ်မှုကိုလည်း composition နဲ့ transparency mask တွေမှာ တိုးတက်ပြောင်းလဲအောင်ပြုလုပ်ထားပေးပါတယ်။

FSR ဟာ open sourceဖြစ်လာတာကြောင့် AMD အနေနဲ့ FSR 2.1 ကို သူတို့ရဲ့ GPUOpen Page မှာတင်ထားပြီး ဂိမ်း developer တွေအတွက် software ကိုရယူနိုင်ပါတယ်။ လက်ရှိ FSR 2.0 ကိုအသုံးပြုထားတဲ့ ဘယ်ဂိမ်းမဆို FSR2.1 ကို patch တွေထုတ် ပေးပြီးအဆင့်မြှင့်တင်နိုင်ပါတယ်။



AMD အနေနဲ့ FSR 2.0 plugin ကို Unreal Engine 4.26 4.27 နဲ့ Unreal Engine 5 တို့အတွက် အဆင့်မြှင့်တင်ပေးထားပြီး developer တွေအနေနဲ့ FSR 2.1 ကိုလွယ်လွယ်ကူကူအဆင့်မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ လက်ရှိ Farming Simulator ရဲ့ 1.7.1 patch မှာ FSR 2.1 ကိုထည့်သွင်းလာပြီဖြစ်ပါတယ်။ AMD ဟာ FSR2.1 ကို Farming Simulator 22 နဲ့အသားပေးပြသတဲ့ video ကိုလည်းတင်ထားပါတယ်။

Source: Techpowerup and OC3D

#EnThueTech
#News

Telegram
https://t.me/EnThueTech

Post a Comment

0 Comments