![]() |
Image: The White House |
မကြာသေးခင်က အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ Joe Biden ရဲ့အစိုးရအဖွဲ့ဝင်တွေ၊ နည်းပညာနယ်ပယ်ကခေါင်းဆောင်တွေနဲ့ ကျွမ်းကျင်သူတွေဟာ နည်းပညာပလက်ဖောင်းတွေရဲ့ အခက်အခဲတွေနဲ့ ဥပဒေပြုအမတ်တွေဟာ လက်ရှိဈေးကွက်အခြေအနေနဲ့ကိုက်ညီတဲ့တိုးတက်မှုတွေဖြစ်ပေါ်လာစေဖို့ ဆွေးနွေးပွဲတစ်ရပ်ကိုကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ဘိုင်ဒင်-ဟားရစ်အစိုးရကိုယ်စားလှယ်တွေဟာ အနာဂတ်မှာပြုပြင်ပြောင်းလဲမှုတွေပြုလုပ်မယ့် အခြေခံမှု၆ချက်ကို ကြေညာခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့တရားဝင်ရေးသားထုတ်ပြန်ချက်အရ ဆွေးနွေးပွဲမှာ ဘိုင်ဒင်အစိုးရအဖွဲ့ဝင်အချို့၊ Center for Democracy and Technology ရဲ့ CEO နဲ့ ဥက္ကဌဖြစ်သူ Alexandra Reeve Givens၊ Mozilla Corporation က CEO Mitchell Baker နဲ့ Sonos ရဲ့ CEO ဖြစ်သူ Patrick Spence တို့ပါဝင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဆွေးနွေးချက်တွေက နည်းပညာကုမ္ပဏီကြီးသယ်ဆောင်လာတဲ့ အန္တရာယ်နဲ့ထိခိုက်မှုတွေကို အဓိကထားပြီး ထိရောက်တဲ့ဥပဒေတွေအစပျိုးဖို့နဲ့ ပိုပြီးတာဝန်ခံနိုင်ဖို့အတွက်ဖြစ်ပါတယ်။
![]() |
Image Source: TechSpot |
နည်းပညာကုမ္ပဏီကြီးတွေဟာ လူတွေကို အဆက်အသွယ်မပြတ်စေခြင်း၊ အကြံဉာဏ်တွေ နဲ့ တက်ကြွတဲ့ဈေးကွက်ကိုဖန်တီးပေးခဲ့ပြီး ထုတ်ကုန်အသစ်တွေအတွက်လွတ်လပ်ပြီး ဈေးကွက်အခွင့်အလန်းတွေပေးခဲ့တယ်ဆိုပေမယ့် စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်လာရတယ်လို့ အိမ်ဖြူတော်က စောဒကတက်ထားပါတယ်။ အဆိပ်သင့်အွန်လိုင်းယဥ် ကျေးမှုတွေဖြစ်တဲ့ အကြမ်းဖက်မှုကိုအားပေးခြင်းတွေအပြင် စိတ်ကျန်းမာရေးနဲ့ သုခချမ်းသာတွေယိုယွင်းပျက်စီးနေချိန်မှာ အမေရိကန်ပြည်သူတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ အခြေခံအခွင့်အရေးတွေကိုချိုးဖောက်ဖို့ ယနေ့နည်းပညာတွေဟာအသုံးချခံနေရကြောင်းဆိုပါတယ်။
အိမ်ဖြူတော်ကပြောတဲ့ နောက်ထပ်အရေးကြီးတဲ့အချက်က အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေ ပေါ်မှာ ကုမ္မဏီကြီးတွေဟာ ပြိုင်ဆိုင်နိုင်စွမ်းမရှိအောင်ဆောင်ရွက်နေကြတဲ့အပြင် အဓိကဈေးကွက်ကြီးကိုကန့်သတ်ချုပ်ချယ်ပြီး သုံးစွဲသူတွေရဲ့ဈေးနှုန်းအပေါ်လွမ်းမိုးမှုရှိနေတဲ့ကိစ္စကိုပြောခဲ့ပါတယ်။
ဆွေးနွေးပွဲကိုတက်ရောက်လာသူတွေကလည်း လူမှုကွန်ယက်တွေဟာ ကိုယ်ရေးအချက်အလက်တွေကောက်ယူပြီး လူတစ်ယောက်ခြင်းစီအတွက် အံကိုက်ပြုလုပ်ထားတဲ့ စိတ်ဝင်စားစရာအကြောင်းတွေဖန်တီးပြီး အသုံးပြုသူတွေရဲ့အာရုံစူးစိုက်မှုကိုရယူကာ အမြတ်အစွန်းများစွာဖန်တီးနေတယ်လို့ သတိပေးထောက်ပြကြပါတယ်။
• နည်းပညာနယ်ပယ်တွင် ယှဉ်ပြိုင်မှုကိုအားပေးပါ အသေးစား၊ အလတ်စားနဲ့ စွန့်ဦးတည်ထွင်သူများအတွက် သန့်ရှင်းတဲ့စည်းမျဉ်းအသစ်တွေချမှတ်ကာ တန်းတူယှဉ်ပြိုင်နိုင်ရန်
• ကလေးသူငယ်တွေအတွက် ပိုမိုခိုင်မာမှုရှိကာ အွန်လိုင်းတွင်ကာကွယ်မှုပေးရန်
• အမေရိကန်များ၏ ကိုယ်ရေးကိုယ်တာအတွက် ဖက်ဒရယ်အဆင့်ကာကွယ်မှုထောက်ပံ့ပေးရန်
အမေရိကန်အင်တာနက်အသုံးပြုသူတွေရဲ့ အချက်အလက်ကောက်ယူမှု၊ အသုံးပြုမှု၊ ရွေးပြောင်းမှုနဲ့ထိန်းသိန်းမှုတို့ကို ကန့်သတ်ပြီး ပစ်မှတ်ထားကြော်ညာခြင်းကိုလည်းကန့်သတ်သွားရန်
• အကြီးစားနည်းပညာပလက်ဖောင်းများအပေါ် အထူးတရားဝင်ကာကွယ်ပေးချက်တွေကို ဖယ်ရှားရန်
အဓိကအားဖြင့် ဆက်သွယ်ရေးအက်ဥပဒေ ၏ အပိုဒ် ၂၃၀ ကိုအခြေခံကျကျပြောင်းလဲရန်
• ကွန်ယက်ပလက်ဖောင်းရဲ့ algorithm နဲ့ အကြောင်းအရာထိန်းညှိပေးခြင်းကို ပွင့်လင်းမြင်သာမှုတိုးမြှင့်ပေးရန်
• ခွဲခြားဆက်ဆံမှုဖြစ်စေသည့် algorithm အကြောင်းအရာထိန်းညှိပေးခြင်းကိုရပ်တန့်ရန်
စတဲ့အချက်တွေပါဝင်ပါတယ်။
Source: TechSpot
#EnThueTech
#News
#TechCulture
0 Comments