![]() |
Image: Getty Images/Ulrich Baumgarten |
တရုတ်နိုင်ငံအတွက် အဆင့်မြင့်ဆီမီးကွန်ဒတ်တာနည်းပညာဟာ လာမယ့်လကစတင်ပြီး ထပ်မံပိတ်ဆို့ခံရဖွယ်ရှိနေပါတယ်။
ရိုက်တာသတင်းဌာနရဲ့အဆိုအရ သမ္မတဘိုင်ဒင်အစိုးရဟာ ချစ်ပ်နဲ့ချစ်ပ်ထုတ်လုပ်ရေးပစ္စည်းတွေအပေါ် နောက်ထပ်ကန့်သတ်အရေးယူသွားဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အကျွမ်းတဝင်ရှိသူတွေကတော့ အမေရိကန်ကုန်သွယ်ရေးဌာနအနေနဲ့ လာမယ့်အောက်တိုဘာလထဲမှာ စည်းမျဉ်းအသစ်တွေထပ်မံချမှတ်သွားလိမ့်မယ်လို့ဆိုပါတယ်။စည်းမျဉ်းအသစ်တွေဟာ ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးအတွက် စက်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့ software တွေထောက်ပံ့ပေးနေတဲ့ Applied Materials Inc.၊ KLA Corp နဲ့ Lam Research Corp. စတဲ့ အမေရိကန်ကုမ္ပဏီ ၃ခုကိုပါသက်ရောက်မှာဖြစ်ပါတယ်။
စည်းမျဉ်းတွေချမှတ်ပြီးတဲ့အခါ 14nm ဝန်းကျင် ချစ်ပ်တွေထုတ်နိုင်တဲ့ တရုတ်စက်ရုံတွေကို စက်ပစ္စည်းတွေမတင်ပို့မှုမပြုနိုင်အောင်တားဆီးနိုင်မယ်လို့ ထင်ရပါတယ်။ ဒီပစ္စည်းတွေဟာ ကုန်သွယ်ရေးဌာနကနေ လိုင်စင်ထုတ်ပေးမှ တင်ပို့လို့ရတာဖြစ်ပါတယ်။ အပေါ်မှာပြောသွားတဲ့ကုမ္ပဏီ ၃ခုဟာ တရားဝင်စာနဲ့အသိပေးခဲ့တာကို လက်ခံရရှိပြီးဖြစ်ကြောင်းဆိုပြီး ပိတ်ဆို့မှုအသစ်တွေဟာ မြန်မြန်ဆန်ဆန်ပဲအသက်ဝင်လာတော့မှာဖြစ်ပါတယ်။
ဇူလိုင်လမှာ အမေရိကန်ဟာ ချစ်ပ်ထုတ်လုပ်တဲ့စက်ပစ္စည်းတွေကို တရုတ်နိုင်ငံအနေနဲ့လက်လှမ်းမမှီအောင် ပိတ်ဆို့မှုအသစ်တွေချမှတ်မယ်ဆိုတာပိုထင်ရှားလာခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အဆင့်မြင့်ဆီမီးကွန်ဒတ်တာနည်းပညာတွေကို လက်လှမ်းမှီဖို့ကြိုးစားရမှာ စိန်ခေါ်မှုတွေကြုံတွေ့နေခဲ့ပြီးသားဖြစ်ပါတယ်။ လွန်ခဲ့တဲ့အပတ်က အမေရိကန်အစိုးရဟာ AMD နဲ့ Nvidia ကို အဆင့်မြင့်ချစ်ပ်တွေတရုတ်နိုင်ငံကိုတင်ပို့ခြင်းမပြုဖို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ချစ်ပ်အက်ဥပဒေအရ တရုတ်နိုင်ငံမှာ ချစ်ပ်ထုတ်လုပ်ရေးစက်ရုံတွေ ဆယ်စုနှစ်တစ်ခုအကြာတည်ဆောက်ခြင်းကိုပိတ်ပင်သွားမှုအပေါ် အလျင်အမြန်လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက ယူကေအစိုးရဟာ အဆင့်မြင့်အမြင်အာရုံဆင်ဆာနည်းပညာကို တရုတ်နိုင်ငံအပေါ်လိုင်စင်ချထားပေးမှုရပ်ဆိုင်းခဲ့ပြီး အမေရိကန်နိုင်ငံတစ်ခုတည်းက ပိတ်ဆို့အရေးယူတာမဟုတ်ကြောင်း ဖော်ထုတ်ပြသခဲ့တာဖြစ်ပါတယ်။
Source: PCMag
#EnThueTech
#News
#Semiconductors
0 Comments