Subscribe Us

header ads

Desktop GPU ထုတ်ဖို့စိတ်ဝင်စားလာတဲ့ Imagination Technologies



Image: ImgTec

Imagination Technologies ဆိုတာ PC အတွက် ပထမဆုံး 3D accelerator တွေကိုဖန်တီးသူတွေထဲကတစ်ခုဖြစ်ခဲ့ပါတယ်။ အင်္ဂါနေ့က တရုတ်နိုင်ငံက Innosilicon ဟာ သူတို့ရဲ့ BXT-32-2014 GPU ကိုလိုင်စင်ယူပြီး Fantasy(Fenghua) 1 Type-A graphics card ကိုဖန်တီးမယ်လို့ဆိုပါတယ် (Innosilicon အနေနဲ့ graphics card ထုတ်ဖို့ကြိုးစားနေတာကို မနှစ်ကတစ်ခါတင်ပေးဖူးပါတယ်)။ ဒီ graphics card မှာ 16GB GDDR6X နဲ့ 128-bit interface နဲ့ဖြစ်ပြီး 5 TFLOPS အထိရှိပါတယ်။ Type-B ကတ်ကိုလည်းထုတ်လုပ်နေပြီး dual-GPU PCB နဲ့ဖြစ်ကာ စွမ်းဆောင်ရည် ၂ဆအထိရမယ်လို့ Imagination Technologies ကဆိုပါတယ်။

အင်္ဂါနေ့မှာ ယူကေအခြေစိုက် Imagination Technologies ဟာ Apocalypse 3D/X Series လို သမိုင်းဝင် GPU နောက်ကွယ်က graphics architecture ဖြစ်တဲ့ PowerVR ရဲ့အနှစ်၃၀ပြည့် နှစ်ပတ်လည်ပွဲကိုကျင်းပခဲ့ပါတယ်။ ထပ်လောင်းပြောရရင် Imagination Technologies ဟာ စွမ်းဆောင်ရည်မြင့် PC GPU တွေဘက်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ကြောင်း ၂၀၂၀ ခုနှစ်ကကြေညာခဲ့ပါတယ်။ သို့တိုင် ပြီးခဲ့နှစ်တွေအတွင်း ခိုင်မာတဲ့တိုးတက်မှုသို့ ဘုတ်ပါတနာတွေအကြောင်းကိုမကြားခဲ့ရပါဘူး။ Löschzwerg ဆိုသူက ImgTec Blog မှာ Fantasy 1 graphics card ကို ASRock Z690 PRO RS motherboard မှာတပ်ဆင်ထားတာတွေ့ခဲ့ရပါတယ်။

Image: ImgTec

သူတို့ရဲ့ blog ကြောင့် ကျနော်တို့ Fantasy Series GPU တွေအကြောင်းဟာ အမှန်တကယ်ဖြစ်တယ်ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ Innosilicon အနေနဲ့ Fantasy Series တွေထုတ်မယ်လို့ ယခင်နှစ်ကုန်က တရုတ်မီဒီယာတွေမှာ တွေ့ခဲ့ရပေမယ့် သူတို့ရဲ့ Fenghua graphics card တွေဟာ တရုတ်ပြည်တွင်းအတွက်သာသီးသန့်ဖြစ်တယ်လို့ညွှန်းဆို‌နေပါတယ်။

ဒီကတ်တွေဘယ်လောက်ကောင်းမလဲဆိုတာ အရိပ်အမြွက်တစ်ချို့တော့သိရှိထားပြီး Fantasy 1 Type-A ဟာ GeForce RTX 3060 အဆင့် စွမ်းဆောင်ရည်ကို ရည်မှန်းထားပါတယ်။ ဒါ့အပြင် ဒီGPU ကို တရုတ်နိုင်ငံမှာ 12nm process နဲ့ တည်ဆောက်ထားပြီး multi-monitor အထောက်အပံ့အတွက် HDMI၊ DP 1.4 နဲ့ VGA တို့ပါဝင်တယ်လို့ဆိုပါတယ်။

စွမ်းဆောင်ရည်နှစ်ဆရှိမယ့် Fantasy 1 Type-B graphics card ကိုဩဂုတ်လမှာမိတ်ဆက်ခဲ့မယ်လို့ ရည်မှန်းထားပေမယ့် လွန်ခဲ့တဲ့ ၉လလောက်က Fantasy 1 Type-A လိုတိကျတဲ့အချက်တွေနဲ့ benchmark တွေထွက်ပေါ်လာဖို့စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ PowerVR ကိုပြန်လည်မွေးဖွားလာတာကို ကျနော်တို့မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ လက်ရှိမှာ PC graphics ဈေးကွက်ကို Nvidia နဲ့ AMD ကချုပ်ကိုင်ထားပြီး ဒီနှစ်ထဲမှာလည်းပိုကောင်းတဲ့ကတ်တွေထွက်လာမှာပါ။ ဒါ့အပြင် ARC A750 နဲ့ A770 တွေထွက်လာဖို့ရှိတဲ့ Intel ကိုလည်းမေ့ထားလို့မဖြစ်သေးပါဘူး။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ graphics card တွေစာရင်းထဲ သူတို့ဝင်လာနိုင်မလားဆိုတာကို မြင်တွေ့ရဖို့ရှိနေပါတယ်။

Source: Tom's Hardware

#EnThueTech
#News #GPU


Post a Comment

0 Comments