![]() |
Image: EA |
Electronic Arts (EA) ဟာ သူတို့ရဲ့ကိုယ်ပိုင် EA AntiCheat(EAAC) ကိုကြေညာလိုက်ပြီး kernel အဆင့်ဖြစ်တဲ့အတွက် Cheater တွေအတွက်သတင်းဆိုးဖြစ်စေမယ်လို့ဆိုပါတယ်။ EA ရဲ့ Game Security နဲ့ Anti-Cheat စီနီယာဒါရိုက်တာဖြစ်သူ Elise Murphy က EAAC ရဲ့ ဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး အာမခံချက်များစွာပေးထားကာ အဆိုပါနည်းပညာနဲ့ပတ်သက်ပြီး ရှည်လျားတဲ့ FAQ နဲ့ Blog ကိုထုတ်ပြန်ခဲ့ပါတယ်။ EAAC ကို ဒီလကုန်မှာ FIFA 23 နဲ့အတူပွဲဦးထွက်ပြသမှာဖြစ်ပါတယ်။
EAAC ကိုမိတ်ဆက်ချိန်မှာ "ကစားသမားအားလုံးအတွက် လုံခြုံပြီး တရားမျှတတဲ့ခံစားမှုကိုပေးစွမ်းဖို့ ဖန်တီးထားတာဖြစ်ကြောင်း" Murphy က အာမခံခဲ့ပါတယ်။ ၂၀၂၂ခုနှစ်ရဲ့ PC ဂိမ်းနယ်ပယ်မှာဆိုရင် competitive ဂိမ်းတွေအတွက် မျှမျှတတယှဉ်ပြိုင်နိုင်စွမ်းကိုဖန်တီးဖို့ရာ Kernel အဆင့်ကာကွယ်မှုမရှိမဖြစ်လိုအပ်လာခဲ့တယ်လို့ EA ကဆိုထားပါတယ်။ Cheat ရေးသားတဲ့ developer တွေဟာ ပုံမှန်anti-cheat တွေမသိနိုင်အောင် kernel ကိုရွေ့ပြောင်းလာတဲ့အတွက် စစ်လက်နက်ပြိုင်ဆိုင်သလို EA ရဲ့ ဗျူဟာကိုပြောင်းလဲဖို့လိုအပ်လာပါတယ်။EA ရဲ့ anti-cheat စနစ်အသစ်ဟာ anti-cheat အတွက်လိုအပ်သလောက်သာစောင့်ကြည့်နေမှာဖြစ်ပြီး process တစ်ခုဟာ EAAC ကိုတုန့်ပြန်ဖို့ကြိုးပမ်းလာရင်တော့ တုန့်ပြန်မှုကိုတွေ့ရမယ်လို့ဆိုပါတယ်။
EAAC ရဲ့ အာမခံချက်တွေက
- EAAC ဂိမ်းဖွင့်မှသာအလုပ်လုပ်ပါမည်
- ဂိမ်းရဲ့ stability နဲ့ စွမ်းဆောင်ရည်ကိုကျဆင်းစေမှာမဟုတ်ပါ
- ဂိမ်းတိုင်းပါဝင်မည်မဟုတ်ပဲ competitive multiplayer ဂိမ်းများမှာသာပါဝင်မည်
- EAAC ဂိမ်းများစွာသွင်းထားပါက နောက်ဆုံးကျန်သည့်EAAC ဂိမ်းကို uninstall လုပ်ချိန်တွင်သာ EAAC သည် uninstall ဖြစ်သွားမည်
- ချို့ယွင်းချက်နှင့်အားနည်းချက်များအတွက် EA နှင့်လွတ်လပ်တဲ့ ပြင်ပက လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ အကြံပေးများက အဆက်မပြတ်စမ်းသပ်နေမှာဖြစ်ပါတယ်
Source: Tom's Hardware
#EnThueTech
#News
#Software
0 Comments