![]() |
Image: Business Insider |
Elon Musk ဟာ ရုရှား၊ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက် သူ့ရဲ့ ဒေါ်လာ၄၄ဘီလီယံနဲ့ Twitter ကိုဝယ်ယူမယ့်အစီအစဉ်ကို နှောင့်နှေးထားလိုပြီး "ကျွန်တော်တို့ဟာ တတိယကမ္ဘာစစ်ဖြစ်ဖို့ ဦးတည်နေပြီဆိုရင် ဒီလိုဝယ်ယူမှုဟာ ဘာအဓိပ္ပာယ်မှရှိမှာမဟုတ်ဘူး" လို့ private text မှာပြောကြားခဲ့ပါတယ်။
အဆိုပါ private text ဟာ အောက်တိုဘာလမှာ Elon Musk အနေနဲ့ Twitter ကိုဝယ်ယူမှုကိစ္စနဲ့ဖြစ်ပွားတဲ့ကိစ္စနဲ့ပတ်သက်တဲ့ကြားနာမှုတစ်ခုကနေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ Elon Musk ကတော့ Twitter မှာ အကောင့်တုတွေအများအပြားရှိနေလို့ ဝယ်ယူဖို့သဘောတူညီချက်ကိုနောက်ဆုတ်ရတာဖြစ်ကြောင်း Twitter မှာပြောဆိုထားခဲ့တာပါ။ဒီ private text ကို Elon Musk က မေလ ၈ရက်မှာ Twitter ကိုဝယ်ယူဖို့သဘောတူညီချက်ကိုထောက်ပံ့ပေးတဲ့ ဘဏ်လုပ်ငန်းရှင် Morgan Stanleyကိုပေးပို့ခဲ့တာဖြစ်ပါတယ်။ အဆိုပါ စာသားထဲမှာ ယူကရိန်းကိုတိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မေလ၉ရက်နေ့(မဟာမိတ်တပ်များ နာဇီဂျာမဏီအပေါ်အောင်ပွဲခံသည့် ဥရောပအောင်ပွဲ VE Day အထိန်းအမှတ်နေ့) အတွက်ပြောကြားလာမယ့် ရုရှားသမ္မတပူတင်ရဲ့မိန့်ခွန်းအကြောင်းလည်းပါဝင်ပါတယ်။
"ရက်နည်းနည်းလောက်စောင့်ကြည့်ကြရအောင်၊ ပူတင်ရဲ့မနက်ဖြန်မိန့်ခွန်းဟာ အင်မတန်အရေးကြီးတယ်၊ ငါတို့မှာ တတိယကမ္ဘာစစ်ဖြစ်ဖို့အလားလာရှိနေမယ်ဆိုရင် Twitter ကိုဝယ်မယ့်အစီအစဉ်ဟာ ဘာအဓိပ္ပာယ်မှမရှိဘူး" လို့ကြားနာမှုမှာ Twitter ရဲ့ရှေ့နေတွေက Elon Musk ရဲ့ စာကိုပြန်လည်ဖတ်ရှုပြခဲ့ပါတယ်။
Elon Musk ရဲ့ ရှေ့နေ့တစ်ယောက်ဖြစ်တဲ့ Skadden Arps ဆိုတဲ့ law firm က Alex Spiroကတော့ ဒီမှာဖော်ပြထားတဲ့စာသားတွေဟာ လုံးဝအဓိပ္ပာယ်မဲ့ကြောင်းနဲ့ စာသားအပြည့်အစုံကို နောက်အပတ်တရားရုံးမှာတင်သွင်းသွားမယ်လို့ဆိုပါတယ်။
Elon Musk ဟာ ဧပြီလက Twitter ကိုဝယ်ယူပြီး ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲဖို့သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါပေမယ့် Elon Musk အနေနဲ့ ဇူလိုင်လမှာ သဘောတူညီချက်ကိုရုတ်သိမ်းလိုက်တဲ့အခါ စာချုပ်ကိုဖောက်ဖျက်မှုနဲ့ Twitter ကချက်ချင်းဆိုသလိုတရားစွဲလိုက်ပါတယ်။ Elon Musk အနေနဲ့တရားရင်ဆိုင်ဖို့အဆင်သင့်ရှိနေပြီး အောက်တိုဘာလမှာ ၅ရက်တာရုံးချိန်းရှိနေပါတယ်။
အင်္ဂါနေ့က ကြားနာမှုမတိုင်ခင်မှာ Elon Musk ရဲ့ ရှေ့နေတွေက သတင်းပေးတိုင်ကြားသူတစ်ဦးဖြစ်တဲ့ Twitter ရဲ့ သတင်းအချက်အလက်လုံခြုံရေးအကြီးအကဲဟောင်း Peiter Zatko က Twitter အနေနဲ့ မြောက်မြားလှတဲ့လုံခြုံရေးပြဿနာတွေကြုံတွေ့နေရကြောင်း အမေရိကန်ကွန်ဂရက်လွှတ်တော်မှာတရားဝင်ထုတ်ဖော်ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပါတယ်။ သူတို့က Peiter Zatko တင်ပြတဲ့ကိစ္စတွေဟာ အချိန်ပိုလိုကြောင်းပြောဆိုထားပါတယ်။
Twitter ရဲ့ရှေ့နေက Elon Musk ရဲ့ စာသားကိုဖတ်ပြရာမှာ ဝယ်ယူမှုသဘောတူညီချက်ကိုဖောက်ဖျက်ရတဲ့တစ်ခုတည်းသောအကြောင်းပြချက်က သူ့ရဲ့ ပုဂ္ဂလိကဘဏ္ဍာရေးဆိုင်ရာပြဿနာတွေကြောင့်လို့ ထပ်တလဲလဲပြောဆိုခဲ့ပါတယ်။ Elon Musk ရဲ့ ရှေ့နေတွေကတော့ ကြားနာမှုမှာ ဒီကိစ္စအတွက်ခိုင်မာတဲ့အထောက်အထားတွေမတွေ့ရှိရဘူးလို့ ပြောဆိုကာပယ်ချခဲ့ကြောင်းသိရပါတယ်။ သူတို့ပြောတဲ့ကိစ္စဟာ တကယ်ဖြစ်ခဲ့တာမဟုတ်ဘူးလို့ကြားနာမှုမှာ Elon Musk ရဲ့ ရှေ့နေကဆိုခဲ့ပါတယ်။
Tesla CEO ရဲ့ ဥပဒေရေးရာအဖွဲ့ဟာ လူမှုပလက်ဖောင်းကုမ္ပဏီအနေနဲ့ သူ့တို့ပလက်ဖောင်းမှာရှိတဲ့ နေ့စဉ်အသုံးပြုသူနဲ့ အကောင့်တုအရေအတွက်ကို ရည်ရွယ်ချက်ရှိရှိလိမ်ညာလှည့်ဖျားကာ စာချူပ်ကိုဖောက်ဖျက်ခဲ့တယ်လို့ဆိုထားပါတယ်။
Source: Financial Times and Business Insider
#EnThueTech
#News
0 Comments