DDR5 ဈေးသက်သာလာတာမကောင်းတာတော့မဟုတ်ပေမယ့် AMD Ryzen 7000 series processor တွေထွက်လာတဲ့အခါ DDR5 တွေဟာ ဝယ်လိုအားမြင့်မားလာနိုင်ပါတယ်။ ဈေးနှုန်းကျဆင်းခြင်းဟာ DDR4 ကိုအထောက်အပံ့ပေးနေတဲ့ Intel Alder Lake နဲ့ Raptor Lake အပြင်အခြားရွေးစရာရှိလာမှာပါ။
DDR5 စျေးနှုန်းကျဆင်းခြင်းဟာ Intel အတွက်လည်း အကျိုးရှိစေမှာပါ။ Intel ဟာ Alder Lake မှာကတည်းက DDR5 ကိုအထောက်ပံ့ပေးထားပေမဲ့ စျေးနှုန်းကြီးမြင့်မှုကြောင့် လူအများစုဟာ DDR4 ကိုသာအသုံးပြုမိကြတာဖြစ်ပါတယ်။ DDR5 ကိုအသုံးများလာပြီး ဈေးနှုန်းကျဆင်းလာတာနဲ့တပြိုင်နက် Intel အသုံးပြုသူအသစ်တွေဟာ နေရာအများစုမှာ စွမ်းဆောင်ရည်သာလွန်တဲ့ DDR5 kit တွေကိုအသုံးပြုလာမှာပါ။
လက်ရှိမှာ DDR5 ဈေးနှုန်းတွေဟာ ၂၀၂၁ခုနှစ်နောက်ပိုင်းနဲ့စာရင် အတော်လေးသက်သာလာပြီဖြစ်ပါတယ်။ အခြေခံအဆင့် 4800MHz 32GB ရှိတဲ့ DDR5 dual channel kit ဟာ $149 ဖြစ်ပြီး memory တွေဈေးပြတ်လပ်ချိန်က DDR4 ဈေးလောက်သာရှိပါတယ်။ အတော်လေးကောင်းမွန်တဲ့ 32GB 6000MHz kit CL32 timing တွေနဲ့ဆိုရင် $239.99 လောက်ရှိပါတယ်။ လွန်ခဲ့တဲ့ ၉လလောက်ကဆိုရင် ၂ဆလောက်ဖြစ်ပြီး high-end kit တွေဆို $800~900 လောက်ရှိနေမှာပါ။
Source: Tom's Hardware
#News
#Memory
0 Comments