Subscribe Us

header ads

EVGA မှ NVIDIA ၏ မျိုးဆက်သစ် GPU ထုတ်လုပ်မည့်အစီအစဉ်ကိုရပ်ဆိုင်းကာ မိတ်ဖက်အဖြစ်မှလက်တွဲဖြုတ်


Gamer Nexus ရဲ့ သီးသန့်သတင်းတစ်ခုအရ EVGA ဟာ Nvidia နဲ့ လက်တွဲဖြုတ်လိုက်ပြီး RTX 40 Series graphics card တွေထုတ်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။

EVGA အနေနဲ့ RTX 4090 FTW3 graphics card နမူနာတွေကိုဖန်တီးပြီးဖြစ်ပေမယ့် ကုမ္ပဏီဟာထုတ်လုပ်ခြင်းမပြုဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ Nvidia နဲ့ ဆက်ဆံရေးမကောင်းတဲ့အတွက် EVGA ဟာ GPU ဈေးကွက်ကနေထွက်ခွာသွားပြီလို့ဆိုနိုင်ကာ AMD သို့ Intel တို့ရဲ့ graphics card တွေကိုထုတ်ဖို့လည်းမရှိသေးဘူးလို့ဆိုပါတယ်။

Nvidia graphics card တွေဟာ EVGA ရဲ့ ဝင်ငွေ ၈၀%လောက်ကို ကိုယ်စားပြုနေပြီး EVGA အနေနဲ့ RTX 40 Series နှောင်းပိုင်းမှာလည်းလက်တွဲဖို့မရှိဘူးလို့ဆိုပါတယ်။ Gamer Nexus က Nvidia နဲ့ လက်တွဲဖြုတ်ရတဲ့အကြောင်းကိုမေးမြန်းရာမှာ "လေးစားမှု"နဲ့သာဖြစ်ပြီး Nvidia ရဲ့ ထုတ်ကုန်တွေဆက်မထုတ်ရတာဟာ ငွေးကြေးပိုင်းဆိုင်ရာကြောင့်မဟုတ်ကြောင်းဖြေကြားခဲ့ပါတယ်။ EVGA ဟာ Nvidia နဲ့ အနှစ် ၂၀ကြာလက်တွဲခဲ့ပြီး လက်တွဲဖြုတ်ခြင်းဟာ ကုမ္ပဏီ၂ခုလုံးအတွက်အရေးပါပါတယ်။ EVGA အနေနဲ့ သူတို့အမြတ်အစွန်းကိုကြီးကြီးမားမားထိခိုက်စေမှာဖြစ်ပြီး Nvidia အနေနဲ့ နာ‌မည်ကျော် exclusive partner ကိုဆုံးရှူံးရမှာပါ။

EVGA မှာ Nvidia နဲ့လက်တွဲဖြုတ်ရ‌တဲ့အကြောင်းများစွာရှိပြီး တရားဝင်မကြေညာခင် ဘုတ်ပါတနာအနေနဲ့ အရေးကြီးတဲ့အချက်တွေမသိရတာ၊ Founder Edition ကို ဘုတ်ပါတနာတွေထက်လျော့ရောင်းတာနဲ့ အမြင့်ပိုင်းကတ်တွေအတွက် အမြတ်အစွန်းနည်းပါးတာ စတဲ့အချက်တွေပါဝင်ပါတယ်။

လူအများက EVGA ဆိုတာ Nvidia ရဲ့ ထိပ်တန်းမိတ်ဖက်တွေထဲကတစ်ခုဖြစ်တယ်လို့ယူဆကြပြီး EVGA ထွက်ခွာသွားခြင်းဟာ အသုံးပြုသူတွေအတွက်ကသတင်းဆိုးပဲဖြစ်ပါတယ်။

Source: OC3D

#EnThueTech
#News
#GPU

Post a Comment

0 Comments