Google ဟာ သူတို့ရဲ့ streaming service တစ်ဖြစ်တဲ့ Stadia ကိုပိတ်သိမ်းတော့မှာဖြစ်တယ်လို့ သူတို့ရဲ့ blog မှာဆိုထားပါတယ်။ အဲဒီအတွက်ဝယ်ယူထားတဲ့ software နဲ့ hardware တွေအားလုံးကို ငွေပြန်အမ်းသွားမှာဖြစ်ပြီး ပလက်ဖောင်းပေါ်မှာ ဂိမ်းတွေဝယ်ယူထားသူတွေအနေနဲ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၃ရက်နေ့အထိသာ ဝင်ရောက်ကစားနိုင်တော့မယ်လို့ဆိုပါတယ်။ Google အနေနဲ့ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလအလယ်လောက်မှာ ငွေအားလုံးပြန်အမ်းပြီးဖို့ ရည်မှန်းထားကြောင်းဆိုပါတယ်။
Stadia ကိုခိုင်မာတဲ့ နည်းပညာပေါ်အခြေခံပြီးဝန်ဆောင်မှုပေးခဲ့ပေမယ့် သုံးစွဲသူတွေကိုဆွဲဆောင်မှုမလုပ်နိင်ခဲ့တာကြောင့် ပိတ်သိမ်းဖို့ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရတာလို့ဆိုပါတယ်။ Stadia ရဲ့ဝန်ထမ်းတွေအများအပြားဟာ Google ရဲ့အခြားအစိတ်အပိုင်းတွေမှာပြောင်းလဲတာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ဆိုထားပါတယ်။Stadia ဟာ သီးခြားဖန်တီးပေးထားတဲ့ AMD GPU တွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ စတင်ဖြန့်ချီခဲ့ပေမယ့် ပြင်းထန်တဲ့သုံးသပ်ချက်တွေကိုသာရရှိခဲ့ပါတယ်။ Stadia ရဲ့ နည်းပညာတွေကို Google ရဲ့ အခြားလုပ်ငန်းတွေဖြစ်တဲ့ YouTube၊ Google Playနဲ့ Augmented Reality (AR) တွေမှာသုံးလာဖွယ်ရှိတယ်လို့ဆိုထားပါတယ်။
killedbygoogle.com website အဆိုအရ ဇန်နဝါရီလမှာ ပိတ်သိမ်းမယ့်Stadia ဟာ အခြားပိတ်သိမ်းမယ့်ပရောဂျက်တစ်ခုခုမရှိခဲ့ရင် ကုမ္ပဏီရဲ့ ၂၇၄ခုမြောက်ပိတ်သိမ်းတဲ့ပရောဂျက်ဖြစ်လာမှာပါ။
Source: Google Blog and Tom's Hardware
#EnThueTech
#News
0 Comments