![]() |
Image: Zotac |
Twitter မှာတင်ထားတဲ့ ဗီဒီယိုအရ ဗီယက်နမ် crypto miner တွေဟာ သူတို့ရဲ့ graphics card တွေကို ဆေးကြောရာမှာ အားကောင်းတဲ့ jet nozzle တွေအသုံးပြုပြီးဆေးကြောနေဝာာတွေ့ရပါတယ်။ GPU များစွာနဲ့ crypto တူးယူခြင်းဟာ နေက်ပိုင်းမှာ အမြတ်အစွန်းနည်းပါးလာတာမို့ miner တွေဟာ ကတ်တွေကိုရောင်းထုတ်နေကြပြီဖြစ်ပါတယ်။
Crypto Mining Rig တွေဟာ ၂၄နာရီပတ်လုံးအလုပ်လုပ်ရတာမို့ သန့်ရှင်းရေးလုပ်ဖို့အချိန်နည်းပါးလှပါတယ်။ ပုံမှန်အသုံးပြုသူတွေကတော့ ဖိအားပြင်းလေဘူးတွေ အရက်ပျံနဲ့ ကတ်ကိုသန့်ရှင်းလုပ်တဲ့နည်းလမ်းတွေကိုအသုံးပြုပေမယ့် စင်ပေါ်ကများပြားလှတဲ့ GPU တွေကို သန့်ရှင်းရေးလုပ်ဖို့က တစ်နေကုန်သွားမှာဖြစ်လို့ သဘာဝမကျလှပါဘူး။
(2/3) Therefore, I recommend you to be extremely careful when buying 2nd cards. Even if they come from EBay, Xianyu or even where you live. pic.twitter.com/qdr3fNR1f4
— I_Leak_VN (@I_Leak_VN) September 23, 2022
အခုပြသထားတဲ့ဗီဒီယိုမှာ Zotac RTX graphics card ကို အားကောင်းတဲ့ရေပိုက်နဲ့ထိုးနေတာတွေ့ရမှာပါ။ graphics card တွေကိုရေနဲ့ဆေးလို့မရဘူးလို့ဆိုပေမယ့် ဆေးလို့ရပါတယ်။ အချို့သူတွေဆို ပန်းကန်ဆေးစက်နဲ့ပါဆေးကြောလေ့ရှိသလို ပျော်ရည်တစ်ခုထဲထည့်ပြီး ultrasonic နည်းနဲ့ဆေးကြောတာလည်းရှိပါတယ်။ ဒီနည်းလမ်းတွေက မြန်ဆန်တယ်ဆိုပေမယ့် ဂရုစိုက်ကိုင်တွယ်ရမယ့် အပိုင်းတွေပါဝင်ပါတယ်။
graphics card တွေဟာ ပုံမှန်အားဖြင့် ဒူပေနာပေခံတယ်ဆိုပေမယ့် အားပြင်းတဲ့ရေပိုက်နဲ့ဆေးလိုက်ရင် အချို့ component တွေကို ပျက်စီးစေနိုင်ပါတယ်။ GPU ထုတ်လုပ်သူတွေက သူတို့ကတ်ကို အားပြင်းတဲ့ရေပိုက်နဲ့ထိုးခံနိုင်တဲ့အထိတည်ဆောက်ထားမှာမဟုတ်ပါဘူး။ ဒါကြောင့် GPU အဟောင်းတွေဝယ်ယူတဲ့အခါ ဈေးတန်တယ်ထင်ရပေမယ့် ဒီလိုကိုင်တွယ်တဲ့ပုံစံလွဲမှားနေခဲ့ရင် သင့်လက်ထဲမှာခဏအတွင်းပျက်စီးသွားနိုင်ပါတယ်။
Source: TechSpot
#EnThueTech
#News
#Regional
#GPU

0 Comments