လွန်ခဲ့တဲ့သတင်းပတ်က Rockstar Games ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Take-Two Interactive ဟာ ကြီးမားတဲ့လုံခြုံရေးကျိုးပေါက်မှုတစ်ခုကိုကြုံတွေ့ခဲ့ရပြီး GTA VI gameplay တွေဒါဇင်နဲ့ချီပြန့်နှံ့သွားခဲ့ရပါတယ်။ ဒီကိစ္စဖြစ်ပွားပြီမကြာခင်မှာပဲ Rockstar ဟာ GTA VI ဂိမ်းအစစ်အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့ကာ ဂိမ်းဖန်တီးမှုအစောပိုင်းက ဖိုင်တွေဖြစ်ကြောင်းဆိုခဲ့ပါတယ်။
ဒီအချိန်မှာပဲ Uber ဟာ ဝန်ထမ်းအကောင့်တွေကနေတဆင့် လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုကိုကြုံခဲ့ရပါတယ်။ ဟက်ကာတွေဟာ Uberကန်ထရိုက်တာရဲ့ အကောင့်ကိုဝင်ဖို့ကြိုးစားခဲ့ပါတယ်။ အကောင့်ဟာ two-factor authentication ခံထားပြီး ကန်ထရိုက်တာက တစ်ဆင့်ကို မှားယွင်းပြီး လက်ခံမိခဲ့လို့ database တွေရရှိသွားခဲ့ပါတယ်။Uber ရော Take-Two Interactive ရော ၂ခုခုစလုံးဟာ တူညီတဲ့နည်လမ်းနဲ့ဖောက်ထွင်းခံခဲ့ရတာမို့ တစ်ဦးတစ်ယောက် သို့ တစ်ဖွဲ့တည်းက ဖောက်ထွင်းတာဖြစ်နိုင်ကြောင်း ယုံကြည်စေခဲ့ပါတယ်။ Uber ရဲ့ စုံစမ်းစစ်ဆေးချက်အရ Microsoft Samsung Nvidia အပါအဝင်အခြားလုပ်ငန်းတွေကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ Lapsus$ ဟက်ကာအဖွဲ့ဖြစ်ကြောင်းအပြစ်ဖို့ခဲ့ပါတယ်။
ဂိမ်းဗီဒီယိုဖိုင်ကိုတင်ခဲ့တဲ့ Lapsus$ အဖွဲ့ဝင် Tea Pot ဆိုသူဟာ သူတင်သွားတဲ့ဂိမ်းဗီဒီယိုတွေကို teapotuberhacker အကောင့်နာမည်နဲ့တင်ခဲ့တာကြောင့် ချိုးဖောက်မှု၂ခုလုံးဟာ သူ့လက်ချက်ဖြစ်ကြောင်း သက်သေပြသလိုဖြစ်နေပါတယ်။
Uber က သူတို့အနေနဲ့ ဒစ်ဂျစ်တယ်မှုခင်းဆိုင်ရာလေ့လာရေးအဖွဲ့ တွေနဲ့ FBI တို့နဲ့လက်တွဲကာ Tea Pot ဆိုတာဘယ်သူလဲသိအောင်ဖော်ထုတ်နေတယ်လို့အတည်ပြုထားပါတယ်။ ဒီသတင်းတွေထွက်လာပြီးနောက်မှာ Tea Pot ဟာ GTA VI gameplay ကိုဒီထပ်ပိုပေါက်ကြားအောင်လုပ်မှာဖြစ်တဲ့အပြင် နောက်ထွက်မယ့်ဂိမ်းရဲ့ အချက်အလက်တွေကိုပါ ပေါက်ကြား အောင်လုပ်မယ်လို့ ချိန်းခြောက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ မတ်လက Lapsus$ အဖွဲ့ဝင်၇ယောက်ဟာ သူတို့ရဲ့အချက်အလက်တွေကိုအခြားဟက်ကာတွေကဖော်ထုတ်ခဲ့တာကြောင့် လန်ဒန်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ အဖမ်းခံခဲ့ရတဲ့ အဖွဲ့ဝင်တစ်ယောက်ဟာ Tea Pot နောက်ကွယ်ကလူဖြစ်တယ်လို့ သံသယရှိနေပါတယ်။ FBI ပါဝင်လာခဲ့ရင် Lapsus$ အဖွဲ့ဝင်တွေအဖို့ကိစ္စကပိုကြီးထွားလာမှာဖြစ်ပြီး တင်းတင်းကျပ်ကျပ်အရေးယူခံရဖွယ်ရှိနေပါတယ်။
Source: TechSpot
#EnThueTech
#News
#Gaming #Security
0 Comments