![]() |
Credit: Getty Images/SOPA Images |
လက်ရှိအွန်လိုင်းမှာ Grand Theft Auto VI (GTA VI) ဂိမ်းလို့ယူဆရတဲ့ဗီဒီယိုတွေပြန့်နှံ့နေပြီး အစစ်အမှန်ဟုတ်မဟုတ် အငြင်းပွားနေကြပါတယ်။
ဂိမ်းဗီဒီယိုဖိုင်တွေကို GTAForums မှာ teapotuberhacker ဆိုသူက "မကြာခင်မှာ အချက်အလက်တွေ၊ GTA 5 နဲ့ 6 တို့ရဲ့ source code နဲ့ asset တွေအပြင် GTA 6 testing build ကိုပါထပ်ဖြန့်သွားဖို့ရှိတယ်"လို့ဆိုကာ ဖိုင်တွေကိုတင်ခဲ့တာဖြစ်ပါတယ်။IGN အဆိုအရ teapotuberhacker ဟာ ဖိုင်တွေကို Rocker ရဲ့ inter Slack group တွေကနေရယူခဲ့တယ်လို့ဆိုထားပြီး ဒီပေါက်ကြားမှုဟာ ယခုသတင်းပတ်အစောပိုင်းက Uber ကြုံတွေ့ခဲ့ရတာနဲ့အတူတူဖြစ်တယ်လို့ဆိုပါတယ်။
ဗီဒီယိုဖိုင်တွေကိုကြည့်ခြင်းအားဖြင့် အချို့နေရာက tools တွေဟာ Red Dead Redemption 2 နဲ့အတော်လေးဆင်တူတာမို့ ဒီအရာတွေဟာ အစစ်တွေလို့ယူဆနိုင်ပါတယ်။ GTA VI မှာပါဝင်မယ်လို့ယူဆရတဲ့ game character ရွေးချယ်ရာမှာ ကျားရောမပါတွေ့ရတဲ့အတွက် ဗီဒီယိုဖိုင်တွေကအတည်ပြုပေးနေသလိုပါပဲ။
GTA ကိုရေးသားသူဖြစ်တဲ့ Rockstar နဲ့ ဖြန့်ချီသူ Take-Two ကခုထိဘာမှထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး ဒါပေမယ့် တစ်ခုခုတော့ပေါက်ကြားလာခဲ့ပါပြီ။ ဒီပေါက်ကြားမှုဘယ်လောက်ဆိုးရွားမလဲဆိုတာစောင့်ကြည့်ရမှာပါ။ teapotuberhacker ကသာ source code ကိုရယူနိုင်ခဲ့မယ်ဆိုရင် ကျန်ရှိနေသေးတဲ့ ဂိမ်းရဲ့ဖန်တီးမှုကိုဆိုးဆိုးရွားရွားထိခိုက်စေမှာပါ။
Source: PCMag
#EnThueTech
#News
#Gaming #Leak
0 Comments