![]() |
Image: TechSpot |
Intel ဟာ မနေ့က သူတို့ရဲ့ ARC A770 graphics card ကိုတရားဝင်မိတ်ဆက်လိုက်ကာ GPU လောကထဲကိုအမှန်တကယ်ဝင်ရောက်လာပြီဖြစ်ပါတယ်။
![]() |
Image: OC3D |
Intel ရဲ့ CEO ဖြစ်သူ Pat Gelsinger ဟာ Intel Innovation ပွဲမှာ A770 ကို $329 နဲ့ရောင်းချမယ်လို့ပါတယ်။ $329 တန် A770 ဆိုတာ 8GB version ကိုဆိုလိုတာဖြစ်ပြီး 16GB Version ကဆက်လက်ထွက်ရှိလာမှာပါ။
အောက်မှာမြင်တွေ့ရမှာက Intel ရဲ့ Limited Edition A770 ဖြစ်ပြီး 16GB နဲ့သာထွက်ရှိမှာပါ။ Intel ဟာ A770 ကို RTX 3060 ရဲ့ပြိုင်ဘက်အဖြစ်ယှဉ်ပြိုင်မှာဖြစ်ပြီး အသုံးပြုသူတွေအတွက်ရွေးချယ်စရာတိုးပွားလာမှာဖြစ်ပါတယ်။
![]() |
Image: OC3D |
ARC A770 ရဲ့ Specification တွေက
Code Name: ACM-G10
Fab: 6nm TSMC
Base Clock: 2100MHz
4096 Shading Units
32 Xe Cores
512 Intel XMX Engines
256-bit memory bus
up to 560GB/s memory bandwidth
PCie: 4.0x16
8GB or 16GB GDDR6
TDP: 225W
Intel အနေနဲ့ ARC A770 ရဲ့ tray tracing စွမ်းဆောင်ရည်ဟာ RTX 3060 ထက် ၆၅%ပိုမိုသာလွန်တယ်လို့ဆိုထားပါတယ်။ လက်ရှိမှာ ARC A770 ကတ်တွေဟာ reviewer တွေလက်ထဲရောက်နေပြီလို့သိရပါတယ်။
![]() |
Image: OC3D |
Source: OC3D
#EnThueTech
#News #GPU
0 Comments