Subscribe Us

header ads

Intel မှ ARC A770 ၏ Ray Tracing စွမ်းဆောင်ရည်ကိုထုတ်ဖော်ပြသ RTX 3060 ထက်သာလွန်သည်ဟုဆို

Image: Intel

Intel ဟာ သူတို့ရဲ့ ARC Alchemist series graphics architecture ကိုဒီနှစ်ကုန်လောက်မှာ မိတ်ဆက်မှာဖြစ်ပြီး GPU ဈေးကွက်ထဲဝင်ရောက်လာတဲ့တတိယမြောက်ကုမ္ပဏီဖြစ်လာမှာပါ။ Intel အနေနဲ့ AMD နဲ့ Nvidia တို့လို high-end ပိုင်းအတွက်ဦးတည်မထားပဲ သုံးစွဲသူတွေအတွက်အရမ်းတန်တဲ့ပုံစံဖြစ်အောင်ရည်ရွယ်ထားကာ Nvidia RTX 3060 နဲ့သာ နှိုင်းယှဉ်လေ့ရှိပါတယ်။

Intel အနေနဲ့ သူတို့ရဲ့ ARC A770 graphics card ကို Nvidia RTX 3060 နဲ့နှိုင်းယှဉ်ရာမှာ Ray Tracing ဖွင့်ထားချိန် framerate တွေပိုကောင်းတယ်လို့ပြသသွားပါတယ်။ ပျမ်းမျှဆိုရင် RTX 3060 ထက် ၁၄%ပိုမြန်တယ်လို့ဆိုပါတယ်။

Ray Tracing စွမ်းဆောင်ရည်ဟာ GPU စွမ်းဆောင်ရည်ကိုအကဲဖြတ်ရာမှာ အရေးပါလာခဲ့ပြီး Intel ARC Alchemist ရဲ့ ကောင်းမွန်လှတဲ့ Ray Tracing စွမ်းဆောင်ရည်က Intel ကို ရှေ့ဆက်မယ့်ခြေလှမ်းတွေခိုင်မာစေပါတယ်။ လက်ရှိ Intel ရဲ့ ray tracing စွမ်းဆောင်ရည်ဟာ AMD ရဲ့ RDNA 2 architecture က ray tracing စွမ်းဆောင်ရည်ကိုကျော်လွန်ခဲ့တာကြောင့် ပြိုင်ဘက်တစ်ဦးထက်သာလွန်နေတာပြသနေပါတယ်။ Intel အနေနဲ့ သူတို့ရဲ့ graphics architecture ကိုပိုမိုချဲ့ထွင်ပြီး နောက်မျိုးဆက်တွေမှာပိုတိုးတက်လာမယ်လို့ယူဆရတာကြောင့် Intel ဟာ GPU ဈေးကွက်မှာ ခိုင်မာ‌တဲ့နေရာတစ်နေရာကို ရလာနိုင်ဖွယ်ရှိနေပါတယ်။

Intel ရဲ့ Ray Tracing Hardware အကြောင်း

Intel ရဲ့ ARC Alchemist series graphics card တွေဟာ Microsoft DirectX 12 Ultimate နဲ့ Ray Tracing ကို DXR 1.0 DXR 1.1 Vulkan API တွေမှာ အထောက်အပံ့ပေးပါတယ်။ Intel ရဲ့ Xe Cores တွေမှာ Ray Tracing Unit (RTU)တစ်ခု နဲ့ Thread Sorting Unit (TSU)တစ်ခု ပါဝင်ပြီး ၂မျိုးစလုံးဟာ Intel ရဲ့ ray tracing အတွက်ဝှက်ဖဲတစ်ချပ်ပဲဖြစ်ပါတယ်။

Image: Intel

Intel ရဲ့ Thread Sorting Unit က Intel Xe Core နဲ့ Ray Tracing Unit အကြားနေရာချထားပေးပြီး ray tracing လုပ်ငန်းတွေကို ထိထိရောက်ရောက်ကိုင်တွယ်စေနိုင်ပါတယ်။ Intel RTU တွေမှာ ray traversal pipeline ၂ခုပါဝင်ပြီး သူတို့က ray intersection နဲ့ Bounding Volume Hierarchy(BVH) structure တွေကိုတွက်ချက်ပေးပါတယ်။ Intel ရဲ့ A-series COPU တွေဟာ 12 box intersection per cycle၊ 1 triangle intersection per cycle တို့ကိုတွက်ချက်ပေးနိုင်ပြီး သီးခြား BVH cache ပါဝင်ပါတယ်။

Asynchronous Ray Tracing ဆိုတဲ့နည်းလမ်းကိုအသုံးပြုပြီး Intel ဟာ TSU ကိုအသုံးချပြီး hit shaders တွေနဲ့ unified shader resource တွေကိုအကောင်းဆုံးနေရာချကာ ray tracing instruction ကိုစုစည်းလိုက်ပါတယ်။ ဒီနည်းလမ်းက Intel ကို သူတို့ရဲ့ hardware ရင်းမြစ်တွေကိုအကောင်းဆုံးအသုံးချစေပြီး ray tracing workload တွေကိုအရှိန်မြှင့်စေနိုင်ပါတယ်။

Intel ရဲ့ Ray Tracing နှင့် Nvidia RTX 3060

1080P မှာ ARC A770 graphics card ဟာ RTX 3060 ထက် ray tracing စွမ်းဆောင်ရည်မှာ ၃၀% ပိုမိုသာလွန်တယ်လို့ Intel ကဆိုထားပါတယ်။ Ghostwire Tokyo ဂိမ်းမှာဆိုရင် driver optimization အသစ် နဲ့ဆိုရင် ၂၅% ခန့်စွမ်းဆောင်ရည်ပိုကောင်းလို့ယူဆရပါတယ်။


Image: Intel


AMD ရဲ့ ray tracing စွမ်းဆောင်ရည်ဟာ Nvidia ထက်နည်းပါးနေတာကြောင့် ဒီကိန်းဂဏန်းတွေဟာ Intel အတွက် အတော်လေးအားကောင်းနေပါတယ်။ ဒါကြောင့် Intel ဟာ လက်ရှိ ray tracing ကိုဦးဆောင်ထားတဲ့ Nvidia နဲ့ ကောင်းကောင်းယှဉ်ပြိုင်လာနိုင်မယ့်အလားအလာရှိကြောင်းပြသနေပါတယ်။ ဒါကြောင့် အနာဂတ်မှာ ray tracing စွမ်းဆောင်ရည်တွေဘယ်လိုပြောင်းလဲလာမလဲဆိုတာစောင့်ကြည့်ရမှာပါ။


Ray Tracing နှင့် XeSS

XeSS နဲ့ပေါင်းစပ်လိုက်တဲ့အခါ Intel ARC A770 graphics card ဟာ 1440p မှာ ray tracing ဖွင့်ထားပြီးကောင်းကောင်းကစားနိင်ပါတယ်။ ဒီလိုဆိုထားပေမယ့် XeSS လုပ်ဆောင်ချက်ကိုမမြင်တွေ့ရသေးတာမို့ XeSS ဟာ Nvidia ရဲ့ DLSS နည်းပညာလိုအားကောင်းတဲ့နည်းပညာတစ်ခုဖြစ်မဖြစ်ကတော့စောင့်ကြည့်ရဦးမှာပါ။

Image: Intel

Source: OC3D

#EnThueTech
#News
#GPU

Post a Comment

0 Comments